HaiDiLao ဆိုတဲ့ ဟော့ပေါ့ဆိုင်က တရုတ်နိုင်ငံမှာ အခုရက်ပိုင်း နာမည်ကြီးလာခဲ့ပါတယ်။ ဆိုင်မှာ အမြဲတမ်း လာရောက်အားပေးတဲ့ ဧည့်သည်တွေရဲ့ ဆံပင်မှာ အစားအသောက်အနံ့တွေ မစွဲသွားအောင်လို့ စားပြီးတဲ့အချိန်မှာ ခေါင်းလျှော်ပေးတဲ့ဝန်ဆောင်မှုကို အခမဲ့တာကြောင့် အချိန်တိုအတွင်းမှာ နာမည်ကြီးသွားခဲ့ပါတယ်။

အရသာရှိတဲ့ဟော့ပေါ့ကို စားရတာက ပျော်ရွှင်စရာကောင်းပါတယ်။ ဒါပေမယ့် အချိန်ကြာရှည်စွာ ဟော့ပေါ့စားတဲ့ ဆံပင်ရှည်တဲ့အမျိုးသမီးတွေအတွက်တော့ ဆံပင်မှာ ဟင်းအနံ့တွေ စွဲကပ်သွားပါတယ်။ အဲဒါကြောင့် HaiDiLao ဟော့ပေါ့ဆိုင်က အကြံကောင်းတစ်ခုကို ရရှိသွားပါတယ်။

ဆိုင်မှာ ခဏခဏလာစားနေတဲ့ဧည့်သည်တွေကို ဟော့ပေါ့စားပြီးတဲ့အခါ ခေါင်းလျှော်ပေးတဲ့ဝန်ဆောင်မှုကို ပေးလိုက်ပါတယ်။ ဟော့ပေါ့စားပြီးနောက် ခေါင်းလျှော်နေတဲ့ဗီဒီယိုတွေက တရုတ်ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့လာပါတယ်။ ခေါင်းလျှော်ပေးတဲ့အခါမှာလည်း ဧည့်သည်စိတ်ကြိုက် ခေါင်းလျှော်ရည်ကို ရွေးချယ်လို့ရပါသေးတယ်။ အတွေ့အကြုံသက်တမ်း ၂၀ နှစ်ရှိတဲ့ ဝါရင့်ခေါင်းလျှော်ဆရာတွေနဲ့ ဝန်ဆောင်မှုပေးတာပါ။ ခေါင်းလျှော်ပေးပြီးတဲ့အခါ ဆံပင်ကို အခြောက်ခံပေးလိုက်ပါသေးတယ်။

ဆိုင်ကိုလာစားတဲ့အခါတိုင်း HaiDiLao က ကွိုင်တစ်ကွိုင်ထုတ်ပေးပါတယ်။ ကွိုင် ၂၀၀ ပြည့်တဲ့အခါမှာခေါင်းလျှော်လို့ရပါပြီ။ ဟော့ပေါ့ဆိုင်က ဒီဝန်ဆောင်မှုပေးတာဟာ ဟမ်းသပ်တဲ့အဆင့်ပဲရှိပါသေးတယ်။ ဒါပေမယ့်လည်း လူအများကြားမှာတော့ ဆိုင်က အရမ်းကို လူကြိုက်များသွားခဲ့ပါတယ်။

HaiDiLao ဟော့ပေါ့ဆိုင်က တရုတ်နိုင်ငံမှာ ဆိုင်ခွဲပေါင်းများစွာရှိပါတယ်။ အရင်ကလည်း ဆိုင်ကို အမြဲလာစားတဲ့ဧည့်သည်တွေအတွက် လက်သည်းအလှပြင်ပေးတာ၊ မိတ်ကပ်ပြင်ပေးတာ စတဲ့ဝန်ဆောင်မှုတွေ ပေးဖူးပါတယ်။

Zombie (lovemedia)

for zawgyi

ဆိုင္ကို အၿမဲလာစားတဲ့ဧည့္သည္ေတြကို ေခါင္းေလွ်ာ္ေပးတဲ့ဝန္ေဆာင္မႈေပးတဲ့ ေဟာ့ေပါ့ဆိုင္

HaiDiLao ဆိုတဲ့ ေဟာ့ေပါ့ဆိုင္က တ႐ုတ္ႏိုင္ငံမွာ အခုရက္ပိုင္း နာမည္ႀကီးလာခဲ့ပါတယ္။ ဆိုင္မွာ အၿမဲတမ္း လာေရာက္အားေပးတဲ့ ဧည့္သည္ေတြရဲ႕ ဆံပင္မွာ အစားအေသာက္အနံ႔ေတြ မစြဲသြားေအာင္လို႔ စားၿပီးတဲ့အခ်ိန္မွာ ေခါင္းေလွ်ာ္ေပးတဲ့ဝန္ေဆာင္မႈကို အခမဲ့တာေၾကာင့္ အခ်ိန္တိုအတြင္းမွာ နာမည္ႀကီးသြားခဲ့ပါတယ္။

အရသာရွိတဲ့ေဟာ့ေပါ့ကို စားရတာက ေပ်ာ္႐ႊင္စရာေကာင္းပါတယ္။ ဒါေပမယ့္ အခ်ိန္ၾကာရွည္စြာ ေဟာ့ေပါ့စားတဲ့ ဆံပင္ရွည္တဲ့အမ်ိဳးသမီးေတြအတြက္ေတာ့ ဆံပင္မွာ ဟင္းအနံ႔ေတြ စြဲကပ္သြားပါတယ္။ အဲဒါေၾကာင့္ HaiDiLao ေဟာ့ေပါ့ဆိုင္က အႀကံေကာင္းတစ္ခုကို ရရွိသြားပါတယ္။

ဆိုင္မွာ ခဏခဏလာစားေနတဲ့ဧည့္သည္ေတြကို ေဟာ့ေပါ့စားၿပီးတဲ့အခါ ေခါင္းေလွ်ာ္ေပးတဲ့ဝန္ေဆာင္မႈကို ေပးလိုက္ပါတယ္။ ေဟာ့ေပါ့စားၿပီးေနာက္ ေခါင္းေလွ်ာ္ေနတဲ့ဗီဒီယိုေတြက တ႐ုတ္ဆိုရွယ္မီဒီယာေတြမွာ ပ်ံ႕ႏွံ႔လာပါတယ္။ ေခါင္းေလွ်ာ္ေပးတဲ့အခါမွာလည္း ဧည့္သည္စိတ္ႀကိဳက္ ေခါင္းေလွ်ာ္ရည္ကို ေ႐ြးခ်ယ္လို႔ရပါေသးတယ္။ အေတြ႕အႀကဳံသက္တမ္း ၂၀ ႏွစ္ရွိတဲ့ ဝါရင့္ေခါင္းေလွ်ာ္ဆရာေတြနဲ႔ ဝန္ေဆာင္မႈေပးတာပါ။ ေခါင္းေလွ်ာ္ေပးၿပီးတဲ့အခါ ဆံပင္ကို အေျခာက္ခံေပးလိုက္ပါေသးတယ္။

ဆိုင္ကိုလာစားတဲ့အခါတိုင္း HaiDiLao က ကြိဳင္တစ္ကြိဳင္ထုတ္ေပးပါတယ္။ ကြိဳင္ ၂၀၀ ျပည့္တဲ့အခါမွာေခါင္းေလွ်ာ္လို႔ရပါၿပီ။ ေဟာ့ေပါ့ဆိုင္က ဒီဝန္ေဆာင္မႈေပးတာဟာ ဟမ္းသပ္တဲ့အဆင့္ပဲရွိပါေသးတယ္။ ဒါေပမယ့္လည္း လူအမ်ားၾကားမွာေတာ့ ဆိုင္က အရမ္းကို လူႀကိဳက္မ်ားသြားခဲ့ပါတယ္။

HaiDiLao ေဟာ့ေပါ့ဆိုင္က တ႐ုတ္ႏိုင္ငံမွာ ဆိုင္ခြဲေပါင္းမ်ားစြာရွိပါတယ္။ အရင္ကလည္း ဆိုင္ကို အၿမဲလာစားတဲ့ဧည့္သည္ေတြအတြက္ လက္သည္းအလွျပင္ေပးတာ၊ မိတ္ကပ္ျပင္ေပးတာ စတဲ့ဝန္ေဆာင္မႈေတြ ေပးဖူးပါတယ္။

Zombie (lovemedia)