Tomm Tennent ဆိုတဲ့ကလေးလေးဟာ ထူးခြားတဲ့ ရောဂါတစ်မျိုးနဲ့ မွေးဖွားလာခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဩစတီးယားနိုင်ငံအရှေ့တောင်ဘက်မြို့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့သွင်ပြင်က လူတိုင်းကို အံ့ဩသွားစေခဲ့ပါတယ်။

သူ့ကို မမွေးခင် အာထရာဆောင်းရိုက်ကတည်းက ရုပ်ရည်သွင်ပြင်က ထင်ရှားနေခဲ့တာကြောင့် မိဘတွေလည်း အံ့ဩသွားခဲ့ပါတယ်။ မေတ္တာကြီးမားတဲ့မိဘတွေက သူတို့ကလေးလေးကို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ချစ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ Tomm Tennent ကို မွေးဖွားခဲ့ပါတယ်။

ကလေးကို မွေးခန်းထဲကနေ ထုတ်လာပြီးနောက် အဖေဖြစ်သူကို လာပြချိန်မှာ အဖေဖြစ်သူက နောက်ကိုတောင် အနည်းငယ်ဆုတ်မိသွားခဲ့ပါတယ်။ အမေကလည်း ကလေးရဲ့ရုပ်ရည်ကို ကြည့်ပြီး မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကလေးလေးကို ယုယုယယနဲ့ ချီပွေ့ခဲ့လိုက်ပါတယ်။

ကလေးရဲ့ရုပ်ရည်က မွေးကတည်းက အိုမင်းနေခဲ့ရတဲ့အကြောင်းအရင်းကို မသိခဲ့ကြပါဘူး။ ဒါပေမယ့် ကလေး အသက်ကြီးလာလေလေ မျက်နှာပေါ်က အရေးအကြောင်းတွေက နည်းပါးလာလေပါပဲ။

Tomm Tennent က ဆေးရုံမှာ နှစ်လခွဲနေထိုင်ခဲ့ရပြီး အဲဒီအချိန်အတောအတွင်းမှာ ဆရာဝန်တွေက သူ့ကို သုတေသနတွေ ပြုလုပ်ခဲ့ပါတယ်။ Tomm Tennent ရဲ့ခန္ဓာကိုယ်ထဲမှာ Hyaluronic အက်စစ်တွေ များနေတာကို တွေ့ရပါတယ်။ Hyaluronic အက်စစ်တွေများနေတာကြောင့် မျက်နှာမှာ အရေးအကြောင်းတွေ များနေခဲ့တာပါ။ အသက်ကြီးလာတဲ့အခါမှာတော့ အဲဒီအက်စစ်က နည်းပါးသွားပြီး အရေးအကြောင်းတွေလည်း နည်းသွားခဲ့ပါတယ်။

အသက်ကြီးလာတဲ့အခါမှာတော့ အခြားကလေးတွေရဲ့ ရုပ်ရည်လိုပဲ ဖြစ်လာခဲ့ပါတယ်။ မွေးကာစမှာပဲ အရေးအကြောင်းတွေ ရှိခဲ့တာပါ။ ကျောင်းတက်စအချိန်မှာ အရေးအကြောင်းတွေလည်း ပါးသွားတာကြောင့် ကိုယ့်ကိုယ်ကိုယ့်ယုံကြည်မှုရှိရှိ ကျောင်းသွားနိုင်ခဲ့ပါတယ်။

အခုဆိုရင် Tomm Tennent ရဲ့အသက်က ၃၀ ပြည့်သွားခဲ့ပါပြီ။ မျက်နှာမှာ အသက်အရွယ်ကြောင့်ဖြစ်တဲ့ဖြစ်တဲ့ အရေးအကြောင်းတွေသာ ရှိတော့ပါတယ်။ အိမ်ထောင်ပြုပြီးနောက် ငယ်စဉ်က ရုပ်ရည်ကို မတွေးတော့ဘဲ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြောင်း သူ့ရဲ့ facebook မှာ ရေးသားထားပါတယ်။

Zombie (lovemedia)

please subscribe

for zawgyi

အလြန္ရွားပါးတဲ့ေရာဂါေၾကာင့္ မ်က္ႏွာမွာ အေရးအေၾကာင္းေတြနဲ႔ ေမြးဖြားလာတဲ့ကေလး

Tomm Tennent ဆိုတဲ့ကေလးေလးဟာ ထူးျခားတဲ့ ေရာဂါတစ္မ်ိဳးနဲ႔ ေမြးဖြားလာခဲ့ပါတယ္။ ၁၉၉၃ ခုႏွစ္မွာ ဩစတီးယားႏိုင္ငံအေရွ႕ေတာင္ဘက္ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး သူ႔ရဲ႕သြင္ျပင္က လူတိုင္းကို အံ့ဩသြားေစခဲ့ပါတယ္။

သူ႔ကို မေမြးခင္ အာထရာေဆာင္း႐ိုက္ကတည္းက ႐ုပ္ရည္သြင္ျပင္က ထင္ရွားေနခဲ့တာေၾကာင့္ မိဘေတြလည္း အံ့ဩသြားခဲ့ပါတယ္။ ေမတၱာႀကီးမားတဲ့မိဘေတြက သူတို႔ကေလးေလးကို ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ ခ်စ္ႏိုင္တယ္ဆိုတဲ့စိတ္နဲ႔ Tomm Tennent ကို ေမြးဖြားခဲ့ပါတယ္။

ကေလးကို ေမြးခန္းထဲကေန ထုတ္လာၿပီးေနာက္ အေဖျဖစ္သူကို လာျပခ်ိန္မွာ အေဖျဖစ္သူက ေနာက္ကိုေတာင္ အနည္းငယ္ဆုတ္မိသြားခဲ့ပါတယ္။ အေမကလည္း ကေလးရဲ႕႐ုပ္ရည္ကို ၾကည့္ၿပီး မယုံၾကည္ႏိုင္ေအာင္ျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ကေလးေလးကို ယုယုယယနဲ႔ ခ်ီေပြ႕ခဲ့လိုက္ပါတယ္။ ကေလးရဲ႕႐ုပ္ရည္က ေမြးကတည္းက အိုမင္းေနခဲ့ရတဲ့အေၾကာင္းအရင္းကို မသိခဲ့ၾကပါဘူး။ ဒါေပမယ့္ ကေလး အသက္ႀကီးလာေလေလ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြက နည္းပါးလာေလပါပဲ။

Tomm Tennent က ေဆး႐ုံမွာ ႏွစ္လခြဲေနထိုင္ခဲ့ရၿပီး အဲဒီအခ်ိန္အေတာအတြင္းမွာ ဆရာဝန္ေတြက သူ႔ကို သုေတသနေတြ ျပဳလုပ္ခဲ့ပါတယ္။ Tomm Tennent ရဲ႕ခႏၶာကိုယ္ထဲမွာ Hyaluronic အက္စစ္ေတြ မ်ားေနတာကို ေတြ႕ရပါတယ္။ Hyaluronic အက္စစ္ေတြမ်ားေနတာေၾကာင့္ မ်က္ႏွာမွာ အေရးအေၾကာင္းေတြ မ်ားေနခဲ့တာပါ။ အသက္ႀကီးလာတဲ့အခါမွာေတာ့ အဲဒီအက္စစ္က နည္းပါးသြားၿပီး အေရးအေၾကာင္းေတြလည္း နည္းသြားခဲ့ပါတယ္။

အသက္ႀကီးလာတဲ့အခါမွာေတာ့ အျခားကေလးေတြရဲ႕ ႐ုပ္ရည္လိုပဲ ျဖစ္လာခဲ့ပါတယ္။ ေမြးကာစမွာပဲ အေရးအေၾကာင္းေတြ ရွိခဲ့တာပါ။ ေက်ာင္းတက္စအခ်ိန္မွာ အေရးအေၾကာင္းေတြလည္း ပါးသြားတာေၾကာင့္ ကိုယ့္ကိုယ္ကိုယ့္ယုံၾကည္မႈရွိရွိ ေက်ာင္းသြားႏိုင္ခဲ့ပါတယ္။

အခုဆိုရင္ Tomm Tennent ရဲ႕အသက္က ၃၀ ျပည့္သြားခဲ့ပါၿပီ။ မ်က္ႏွာမွာ အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့ျဖစ္တဲ့ အေရးအေၾကာင္းေတြသာ ရွိေတာ့ပါတယ္။ အိမ္ေထာင္ျပဳၿပီးေနာက္ ငယ္စဥ္က ႐ုပ္ရည္ကို မေတြးေတာ့ဘဲ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းေနေၾကာင္း သူ႔ရဲ႕ facebook မွာ ေရးသားထားပါတယ္။

Zombie (lovemedia)