ကလေးတွေကို အပေါ့အလေးသွားတတ်စေဖို့ အသက်၁၈လကနေ ၂၄ လအတွင်း လေ့ကျင့်ပေးနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါပေမယ့် Montana တို့ဇနီးမောင်နှံကတော့ ကလေးကို အသက် ၂ ပတ်မှာတင် ဒိုင်ဘာမသုံးပေးတော့ဘဲ အပေါ့အလေးသွားတတ်အောင် လေ့ကျင့်ပေးခဲ့ကြပါတယ်။

Montana နဲ့ Tom Linwood တို့ရဲ့ကလေးလေးဟာ အသက် ၂ ပတ်ကတည်းက ဒိုင်ဘာထဲမှာ အညစ်အကြေးမစွန့်တော့ပါဘူး။ ဒီလိုမျိုးအကျင့်ဖြစ်စေဖို့အတွက် နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြပါတယ်။

အဲဒီနည်းလမ်းကတော့ ကလေးရဲ့အသံကို နားထောင်ပြီးတော့ ခေါင်းတောင်းကျိုက်ပိတ်စမလဲခင်မှာ သန့်စင်ခန်းထဲကို ခေါ်သွားလိုက်တာပါ။ ဒီနည်းကို အသုံးပြုဖို့အတွက် ကလေးရဲ့အသံကို ခွဲခြားဖို့ လိုအပ်ပါတယ်။ ကလေးရဲ့အသံကို နားထောင်ပြီး သန့်စင်ခန်းထဲမှာ အလေးစွန့်ခိုင်းလိုက်တဲ့အခါ သန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူသွားပါတယ်။

အမေတိုင်းဟာ ကလေးဗိုက်ဆာတဲ့အသံ၊ ဗိုက်နာတဲ့အသံ၊ အလေးသွားချင်တဲ့အသံတွေကို ခွဲခြားသိတယ်လို့ Montana က ဆိုပါတယ်။ အဲဒါကြောင့် ကလေးက အလေးသွားချင်တဲ့အသံလေး လုပ်ပြနေပြီဆိုရင် သန့်စင်ခန်းထဲကို ခေါ်သွားပြီး သန့်ရှင်းရေးလုပ်ပေးလိုက်ရုံပါပဲ။

နွေရာသီလို ပူပြင်းတဲ့အခါတွေမှာ ကလေးတွေက ဒိုင်ဘာဝတ်ထားရတာ သက်တောင့်သက်သာဖြစ်မှာ မဟုတ်ပါဘူး။ ဒီနည်းနဲ့ အဆင်ပြေသွားတဲ့အခါမှာတော့ ကလေးတွေအတွက် နေရထိုင်ရ သက်သာသလို မိဘတွေအတွက်လည်း အများကြီး အလုပ်ရှုပ်သက်သာသွားစေမှာပါ။

ကလေးက အညစ်အကြေးစွန့်ချင်တာ မသေချာဘူးဆိုရင်လည်း သန့်စင်ခန်းထဲကို ခေါ်သွားလို့ရပါတယ်။ Montana တို့ရဲ့နည်းလမ်းကို အခြားသော ကလေးတွေ လိုက်လုပ်တဲ့အခါမှာလည်း အဆင်ပြေတာကို တွေ့ရကြောင်း မျှဝေပေးထားပါတယ်။

Zombie (lovemedia)

for zawgyi

အသက္ ၂ ပတ္အ႐ြယ္ကေလးကို ဒိုင္ဘာမသုံးဘဲ အေပါ့အေလးသြားတတ္ေအာင္ ေလ့က်င့္ေပးႏိုင္မယ့္နည္းလမ္း

ကေလးေတြကို အေပါ့အေလးသြားတတ္ေစဖို႔ အသက္၁၈လကေန ၂၄ လအတြင္း ေလ့က်င့္ေပးႏိုင္တယ္လို႔ ပညာရွင္ေတြက ဆိုပါတယ္။ ဒါေပမယ့္ Montana တို႔ဇနီးေမာင္ႏွံကေတာ့ ကေလးကို အသက္ ၂ ပတ္မွာတင္ ဒိုင္ဘာမသုံးေပးေတာ့ဘဲ အေပါ့အေလးသြားတတ္ေအာင္ ေလ့က်င့္ေပးခဲ့ၾကပါတယ္။

Montana နဲ႔ Tom Linwood တို႔ရဲ႕ကေလးေလးဟာ အသက္ ၂ ပတ္ကတည္းက ဒိုင္ဘာထဲမွာ အညစ္အေၾကးမစြန႔္ေတာ့ပါဘူး။ ဒီလိုမ်ိဳးအက်င့္ျဖစ္ေစဖို႔အတြက္ နည္းလမ္းတစ္ခုကို အသုံးျပဳခဲ့ၾကပါတယ္။

အဲဒီနည္းလမ္းကေတာ့ ကေလးရဲ႕အသံကို နားေထာင္ၿပီးေတာ့ ေခါင္းေတာင္းက်ိဳက္ပိတ္စမလဲခင္မွာ သန႔္စင္ခန္းထဲကို ေခၚသြားလိုက္တာပါ။ ဒီနည္းကို အသုံးျပဳဖို႔အတြက္ ကေလးရဲ႕အသံကို ခြဲျခားဖို႔ လိုအပ္ပါတယ္။ ကေလးရဲ႕အသံကို နားေထာင္ၿပီး သန႔္စင္ခန္းထဲမွာ အေလးစြန႔္ခိုင္းလိုက္တဲ့အခါ သန႔္ရွင္းေရးလုပ္ရတာလည္း လြယ္ကူသြားပါတယ္။

အေမတိုင္းဟာ ကေလးဗိုက္ဆာတဲ့အသံ၊ ဗိုက္နာတဲ့အသံ၊ အေလးသြားခ်င္တဲ့အသံေတြကို ခြဲျခားသိတယ္လို႔ Montana က ဆိုပါတယ္။ အဲဒါေၾကာင့္ ကေလးက အေလးသြားခ်င္တဲ့အသံေလး လုပ္ျပေနၿပီဆိုရင္ သန႔္စင္ခန္းထဲကို ေခၚသြားၿပီး သန႔္ရွင္းေရးလုပ္ေပးလိုက္႐ုံပါပဲ။

ေႏြရာသီလို ပူျပင္းတဲ့အခါေတြမွာ ကေလးေတြက ဒိုင္ဘာဝတ္ထားရတာ သက္ေတာင့္သက္သာျဖစ္မွာ မဟုတ္ပါဘူး။ ဒီနည္းနဲ႔ အဆင္ေျပသြားတဲ့အခါမွာေတာ့ ကေလးေတြအတြက္ ေနရထိုင္ရ သက္သာသလို မိဘေတြအတြက္လည္း အမ်ားႀကီး အလုပ္ရႈပ္သက္သာသြားေစမွာပါ။

ကေလးက အညစ္အေၾကးစြန႔္ခ်င္တာ မေသခ်ာဘူးဆိုရင္လည္း သန႔္စင္ခန္းထဲကို ေခၚသြားလို႔ရပါတယ္။ Montana တို႔ရဲ႕နည္းလမ္းကို အျခားေသာ ကေလးေတြ လိုက္လုပ္တဲ့အခါမွာလည္း အဆင္ေျပတာကို ေတြ႕ရေၾကာင္း မွ်ေဝေပးထားပါတယ္။

Zombie (lovemedia)