Catia Lattouf de Arida က သူမရဲ့တိုက်ခန်းကို စွန့်ပစ်ခံရတဲ့ငှက်ပိတုန်းလေးတွေအတွက် ဆေးရုံအဖြစ်ပြောင်းလဲခဲ့တဲ့ ၁၁ နှစ်ရှိသွားခဲ့ပါပြီ။ ငှက်ပိတုန်းလေးတွေက မက္ကဆီကိုနိုင်ငံရဲ့ဂေဟစနစ်အတွက် အရေးပါပါတယ်။

Catia Lattouf က ငှက်လေးတွေကို ပြုစုစောင့်ရှောက်ပေးခဲ့တာ ၁၁ နှစ်ပြည့်သွားခဲ့ပါပြီ။ သူမရဲ့တိုက်ခန်းကို ငှက်ဆေးရုံအဖြစ်ပြောင်းလဲလိုက်ပြီး ငှက်လေးတွေကို ‌ဆေးကုသပေးပါတယ်။

၂၀၁၁ ခုနှစ်တုန်းက Catia Lattouf ရဲ့ဘဝက အရမ်းကို ခက်ခဲတဲ့အချိန်ကို ခံစားခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူကလည်း ဆုံးပါးသွားပြီး သူမကိုယ်တိုင်ကလည်း အူမကြီးကင်ဆာကို ခံစားနေခဲ့ရပါတယ်။ တစ်နေ့လမ်းလျှောက်ထွက်တုန်းမှာ ငှက်ပိတုန်းလေးတစ်ကောင်ရဲ့မျက်လုံးမှာ ဒဏ်ရာရနေတာကို Catia Lattouf တွေ့သွားခဲ့ပါတယ်။ ကြင်နာတတ်တဲ့ Catia Lattouf က ငှက်လေးကို အိမ်ခေါ်လာခဲ့ပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒဏ်ရာရနေတဲ့ ငှက်တွေကိုလည်း ပြုစုကုသပေးခဲ့ပါတယ်။

Catia Lattouf က အူမကြီးကင်ဆာကြောင့် နေမကောင်းဖြစ်နေပေမယ့်လည်း ငှက်လေးတွေကို ကုသပေးချင်တဲ့စိတ်ကြောင့် ကျန်းမာအောင် နေထိုင်ခဲ့ပါတယ်။ သူမကိုယ်တိုင်လည်း ဆေးကုသမှုတွေ ခံယူခဲ့ပါတယ်။ ငှက်လေးတွေကို ကုသပေးတာက သူမ အသက်ရှည်ရတဲ့အကြောင်းအရင်း ဖြစ်လာခဲ့ပါတယ်။

ဒဏ်ရာရာနေတဲ့ငှက်လေးတွေ၊ အဆိပ်မိနေတဲ့ငှက်လေးတွေကို ပြုစုကုသပေးရတာက Catia Lattouf အတွက်နေ့စဉ်ပျော်ရွှင်မှုပါပဲ။ အခုဆိုရင် သူမ ကုသပေးခဲ့တဲ့ငှက်လေးတွေက ရာနဲ့ချီပြီး ရှိသွားခဲ့ပါပြီ။ ငှက်လေးတွေ နေကောင်းပြီး ပျံသန်းသွားတဲ့အချိန်က Catia Lattouf အတွက် အပျော်ဆုံးအချိန်ပါပဲ။

Zombie (lovemedia)

for zawgyi

ဒဏ္ရာရေနတဲ့ ငွက္ေလးေတြကို ေဆးကုသေပးဖို႔အတြက္ ေနထိုင္တဲ့တိုက္ခန္းကို ေဆး႐ုံအျဖစ္ေျပာင္းလဲလိုက္တဲ့အမ်ိဳးသမီး

Catia Lattouf de Arida က သူမရဲ႕တိုက္ခန္းကို စြန႔္ပစ္ခံရတဲ့ငွက္ပိတုန္းေလးေတြအတြက္ ေဆး႐ုံအျဖစ္ေျပာင္းလဲခဲ့တဲ့ ၁၁ ႏွစ္ရွိသြားခဲ့ပါၿပီ။ ငွက္ပိတုန္းေလးေတြက မကၠဆီကိုႏိုင္ငံရဲ႕ေဂဟစနစ္အတြက္ အေရးပါပါတယ္။

Catia Lattouf က ငွက္ေလးေတြကို ျပဳစုေစာင့္ေရွာက္ေပးခဲ့တာ ၁၁ ႏွစ္ျပည့္သြားခဲ့ပါၿပီ။ သူမရဲ႕တိုက္ခန္းကို ငွက္ေဆး႐ုံအျဖစ္ေျပာင္းလဲလိုက္ၿပီး ငွက္ေလးေတြကို ‌ေဆးကုသေပးပါတယ္။

၂၀၁၁ ခုႏွစ္တုန္းက Catia Lattouf ရဲ႕ဘဝက အရမ္းကို ခက္ခဲတဲ့အခ်ိန္ကို ခံစားခဲ့ရပါတယ္။ ခင္ပြန္းျဖစ္သူကလည္း ဆုံးပါးသြားၿပီး သူမကိုယ္တိုင္ကလည္း အူမႀကီးကင္ဆာကို ခံစားေနခဲ့ရပါတယ္။ တစ္ေန႔လမ္းေလွ်ာက္ထြက္တုန္းမွာ ငွက္ပိတုန္းေလးတစ္ေကာင္ရဲ႕မ်က္လုံးမွာ ဒဏ္ရာရေနတာကို Catia Lattouf ေတြ႕သြားခဲ့ပါတယ္။ ၾကင္နာတတ္တဲ့ Catia Lattouf က ငွက္ေလးကို အိမ္ေခၚလာခဲ့ၿပီး ေစာင့္ေရွာက္ေပးခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ဒဏ္ရာရေနတဲ့ ငွက္ေတြကိုလည္း ျပဳစုကုသေပးခဲ့ပါတယ္။

Catia Lattouf က အူမႀကီးကင္ဆာေၾကာင့္ ေနမေကာင္းျဖစ္ေနေပမယ့္လည္း ငွက္ေလးေတြကို ကုသေပးခ်င္တဲ့စိတ္ေၾကာင့္ က်န္းမာေအာင္ ေနထိုင္ခဲ့ပါတယ္။ သူမကိုယ္တိုင္လည္း ေဆးကုသမႈေတြ ခံယူခဲ့ပါတယ္။ ငွက္ေလးေတြကို ကုသေပးတာက သူမ အသက္ရွည္ရတဲ့အေၾကာင္းအရင္း ျဖစ္လာခဲ့ပါတယ္။

ဒဏ္ရာရာေနတဲ့ငွက္ေလးေတြ၊ အဆိပ္မိေနတဲ့ငွက္ေလးေတြကို ျပဳစုကုသေပးရတာက Catia Lattouf အတြက္ေန႔စဥ္ေပ်ာ္႐ႊင္မႈပါပဲ။ အခုဆိုရင္ သူမ ကုသေပးခဲ့တဲ့ငွက္ေလးေတြက ရာနဲ႔ခ်ီၿပီး ရွိသြားခဲ့ပါၿပီ။ ငွက္ေလးေတြ ေနေကာင္းၿပီး ပ်ံသန္းသြားတဲ့အခ်ိန္က Catia Lattouf အတြက္ အေပ်ာ္ဆုံးအခ်ိန္ပါပဲ။

Zombie (lovemedia)