ကလေးတွေကို ငယ်စဉ်ကတည်းက ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့အရည်အသွေးတွေကို သင်ကြားပေးသင့်ပါတယ်။ ဘဝမှာ ဆက်လက်အသက်ရှင်ဖို့အတွက် သန့်ရှင်းရေးလုပ်တတ်ဖို့ကိုလည်း သင်ကြားဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို သန့်ရှင်းရေးလုပ်ရတာ သဘောကျလာအောင် ဘယ်လိုနည်းတွေနဲ့ သင်ကြားပေးနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သန့်ရှင်းရေးလုပ်တာဟာ အပြစ်ပေးမှု မဖြစ်သင့်ပါဘူး။

မိဘအများစုက ကလေးတွေ အပြစ်လုပ်ထားတဲ့အခါ ဒဏ်ပေးတဲ့အနေနဲ့ သန့်ရှင်းရေးလုပ်ခိုင်းတတ်ပါတယ်။ အဲဒါကြောင့် ကလေးတွေဟာ သန့်ရှင်းရေးလုပ်ရမှာကို မကြိုက်တော့ပါဘူး။ ကလေးတွေ သန့်ရှင်းရေးလုပ်တာကို သဘောကျလာအောင် ပြိုင်ပွဲပုံစံ လုပ်ပေးပြီး ဆုပေးတာ၊ အကဲဖြတ်ပြီး ချီးကျူးပေးတာကို ပြုလုပ်နိုင်ပါတယ်။

၂။ ဂိမ်းအဖြစ် ပြောင်းလဲလိုက်ပါ။

သန့်ရှင်းရေးလုပ်တာဟာ ပျော်စရာကောင်းကြောင်းကို သိလာစေဖို့ ဂိမ်းအဖြစ်ပြောင်းလဲလိုက်ပါ။ ကလေးတွေက ဆော့ကစားရတာကို သဘောကျတာကြောင့် ဆော့ကစားရင်းနဲ့ သန့်ရှင်းရေးလုပ်တဲ့အခါ မပျင်းတော့ပါဘူး။ နောက်ထပ် ဂိမ်းပုံစံမျိုးနဲ့ သန့်ရှင်းရေးတွေ လုပ်ချင်နေမှာပါ။

၃။ နည်းနည်းချင်းစီကနေ စတင်လုပ်ဆောင်ခိုင်းပါ။

တကယ်တော့ သန့်ရှင်းရေးလုပ်တာက စိတ်ကို ကြည်လင်စေပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက ကစားတဲ့အရုပ်တွေကို ပြန်သိမ်းတာ၊ အဝတ်အဟောင်းတွေကို ပြန်စီတာ စတဲ့နည်းလမ်းနဲ့ နည်းနည်းချင်းစီ သင်ကြားပေးနိုင်ပါတယ်။ ကလေးတွေကို အသက်အရွယ်နဲ့ ကိုက်ညီတဲ့ သန့်ရှင်းရေးလုပ်ပုံတွေကို သင်ကြားပေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်တဲ့စိတ်ရရှိလာစေပါတယ်။

၄။ အချိန်ဇယားဆွဲပေးပါ။

ကလေးတွေက အမြဲလိုလို သန့်ရှင်းလုပ်ရတဲ့အခါမှာ ငြီးငွေ့လာမှာပါ။ အဲဒါကြောင့် အချိန်ဇယားဆွဲပေးနိုင်ပါတယ်။ ဒီနည်းကတော့ လုပ်အချိန်မီအလုပ်လုပ်တတ်တဲ့အကျင့်ကို ရရှိစေတာပါ။

၅။ သန့်ရှင်းရေးလုပ်ရင်းနဲ့ အခြားအရာတွေကို သင်ကြားပေးပါ။

သန့်ရှင်းရေးလုပ်နေချိန်မှာ ကလေးတွေကို ပုံပြင်ပြောပြတာ၊ ဆုံးမစကားတွေကို မသိမသာပြောပြတာတို့ ပြုလုပ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ပြောပြပေးတာက ကလေးတွေအတွက် ပိုပြီး နားဝင်လွယ်စေပါတယ်။

၆။ ကလေးတွေ သဘောကျတဲ့အရာကို ရှာဖွေပါ။

ကလေးတွေက မိဘကို လုပ်ကူရင်းနဲ့ သူတို့ပိုစိတ်ဝင်စားတဲ့အရာတွေကို ရှာဖွေမိလာပါတယ်။ သန့်ရှင်းရေးလုပ်ရင်းကနေ အပင်လေးတွေကို ချစ်တတ်လာနိုင်တဲ့အပြင် တိရစ္ဆာန်လေးတွေအပေါ်လည်း ကြင်နာလာတတ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်ကိုယ်လည်း သပ်သပ်ရပ်ရပ်နေတတ်လာပါတယ်။


၇။ ပျော်စရာကောင်းစေဖို့ ဖန်တီးပေးပါ။

ကလေးတွေကို အိမ်အလုပ်တွေ လုပ်ကူခိုင်းထားချိန်မှာ သူတို့အကြိုက်သီချင်းတွေကို ဖွင့်ထားပေးနိုင်ပါတယ်။ အဲဒီအခါ အိမ်အလုပ်လုပ်ရတာက ပျင်းစရာမကောင်းတော့ဘဲ မိဘတွေကို ကူညီတတ်လာပါတယ်။ ဒီနည်းကတော့ မိဘကိုရော ကလေးကိုပါ အကျိုးရှိလာစေမှာပါ။

Zombie (lovemedia)

for zawgyi

ကေလးေတြကို သန႔္ရွင္းေရးလုပ္ရတာ သေဘာက်လာေအာင္ ဘယ္လိုနည္းေတြနဲ႔ သင္ၾကားေပးႏိုင္မလဲ

ကေလးေတြကို ငယ္စဥ္ကတည္းက ဘဝအတြက္ မရွိမျဖစ္လိုအပ္တဲ့အရည္အေသြးေတြကို သင္ၾကားေပးသင့္ပါတယ္။ ဘဝမွာ ဆက္လက္အသက္ရွင္ဖို႔အတြက္ သန႔္ရွင္းေရးလုပ္တတ္ဖို႔ကိုလည္း သင္ၾကားဖို႔ လိုအပ္ပါတယ္။ အဲဒါေၾကာင့္ ကေလးေတြကို သန႔္ရွင္းေရးလုပ္ရတာ သေဘာက်လာေအာင္ ဘယ္လိုနည္းေတြနဲ႔ သင္ၾကားေပးႏိုင္မလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ သန႔္ရွင္းေရးလုပ္တာဟာ အျပစ္ေပးမႈ မျဖစ္သင့္ပါဘူး။

မိဘအမ်ားစုက ကေလးေတြ အျပစ္လုပ္ထားတဲ့အခါ ဒဏ္ေပးတဲ့အေနနဲ႔ သန႔္ရွင္းေရးလုပ္ခိုင္းတတ္ပါတယ္။ အဲဒါေၾကာင့္ ကေလးေတြဟာ သန႔္ရွင္းေရးလုပ္ရမွာကို မႀကိဳက္ေတာ့ပါဘူး။ ကေလးေတြ သန႔္ရွင္းေရးလုပ္တာကို သေဘာက်လာေအာင္ ၿပိဳင္ပြဲပုံစံ လုပ္ေပးၿပီး ဆုေပးတာ၊ အကဲျဖတ္ၿပီး ခ်ီးက်ဴးေပးတာကို ျပဳလုပ္ႏိုင္ပါတယ္။

၂။ ဂိမ္းအျဖစ္ ေျပာင္းလဲလိုက္ပါ။

သန႔္ရွင္းေရးလုပ္တာဟာ ေပ်ာ္စရာေကာင္းေၾကာင္းကို သိလာေစဖို႔ ဂိမ္းအျဖစ္ေျပာင္းလဲလိုက္ပါ။ ကေလးေတြက ေဆာ့ကစားရတာကို သေဘာက်တာေၾကာင့္ ေဆာ့ကစားရင္းနဲ႔ သန႔္ရွင္းေရးလုပ္တဲ့အခါ မပ်င္းေတာ့ပါဘူး။ ေနာက္ထပ္ ဂိမ္းပုံစံမ်ိဳးနဲ႔ သန႔္ရွင္းေရးေတြ လုပ္ခ်င္ေနမွာပါ။

၃။ နည္းနည္းခ်င္းစီကေန စတင္လုပ္ေဆာင္ခိုင္းပါ။

တကယ္ေတာ့ သန႔္ရွင္းေရးလုပ္တာက စိတ္ကို ၾကည္လင္ေစပါတယ္။ ကေလးေတြကို ငယ္စဥ္ကတည္းက ကစားတဲ့အ႐ုပ္ေတြကို ျပန္သိမ္းတာ၊ အဝတ္အေဟာင္းေတြကို ျပန္စီတာ စတဲ့နည္းလမ္းနဲ႔ နည္းနည္းခ်င္းစီ သင္ၾကားေပးႏိုင္ပါတယ္။ ကေလးေတြကို အသက္အ႐ြယ္နဲ႔ ကိုက္ညီတဲ့ သန႔္ရွင္းေရးလုပ္ပုံေတြကို သင္ၾကားေပးတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ တာဝန္ယူတတ္တဲ့စိတ္ရရွိလာေစပါတယ္။

၄။ အခ်ိန္ဇယားဆြဲေပးပါ။

ကေလးေတြက အၿမဲလိုလို သန႔္ရွင္းလုပ္ရတဲ့အခါမွာ ၿငီးေငြ႕လာမွာပါ။ အဲဒါေၾကာင့္ အခ်ိန္ဇယားဆြဲေပးႏိုင္ပါတယ္။ ဒီနည္းကေတာ့ လုပ္အခ်ိန္မီအလုပ္လုပ္တတ္တဲ့အက်င့္ကို ရရွိေစတာပါ။

၅။ သန႔္ရွင္းေရးလုပ္ရင္းနဲ႔ အျခားအရာေတြကို သင္ၾကားေပးပါ။

သန႔္ရွင္းေရးလုပ္ေနခ်ိန္မွာ ကေလးေတြကို ပုံျပင္ေျပာျပတာ၊ ဆုံးမစကားေတြကို မသိမသာေျပာျပတာတို႔ ျပဳလုပ္ႏိုင္ပါတယ္။ ဒီလိုအခ်ိန္မွာ ေျပာျပေပးတာက ကေလးေတြအတြက္ ပိုၿပီး နားဝင္လြယ္ေစပါတယ္။

၆။ ကေလးေတြ သေဘာက်တဲ့အရာကို ရွာေဖြပါ။

ကေလးေတြက မိဘကို လုပ္ကူရင္းနဲ႔ သူတို႔ပိုစိတ္ဝင္စားတဲ့အရာေတြကို ရွာေဖြမိလာပါတယ္။ သန႔္ရွင္းေရးလုပ္ရင္းကေန အပင္ေလးေတြကို ခ်စ္တတ္လာႏိုင္တဲ့အျပင္ တိရစာၦန္ေလးေတြအေပၚလည္း ၾကင္နာလာတတ္ပါတယ္။ ဒါ့အျပင္ မိမိကိုယ္ကိုယ္လည္း သပ္သပ္ရပ္ရပ္ေနတတ္လာပါတယ္။

၇။ ေပ်ာ္စရာေကာင္းေစဖို႔ ဖန္တီးေပးပါ။

ကေလးေတြကို အိမ္အလုပ္ေတြ လုပ္ကူခိုင္းထားခ်ိန္မွာ သူတို႔အႀကိဳက္သီခ်င္းေတြကို ဖြင့္ထားေပးႏိုင္ပါတယ္။ အဲဒီအခါ အိမ္အလုပ္လုပ္ရတာက ပ်င္းစရာမေကာင္းေတာ့ဘဲ မိဘေတြကို ကူညီတတ္လာပါတယ္။ ဒီနည္းကေတာ့ မိဘကိုေရာ ကေလးကိုပါ အက်ိဳးရွိလာေစမွာပါ။

Zombie (lovemedia)