တခါတုန်းက အလွန်ဆင်းရဲသော လယ်သမားတယောက်သည် လယ်ကလည်းမဖြစ်၊ စပါးကလည်းမထွက်၊ အခွန်ကလည်း ဖိစီးလာသောကြောင့် ကြံရာမရဖြစ်ကာ ခိုးမိလေသည်။ သူနေသောနိုင်ငံကား သူများပစ္စည်းကို ခိုးလျှင်လည်း သေဒဏ်ကျခံရသည့် နိုင်ငံဖြစ်နေသည်။ လယ်သမား ကံမကောင်းပါ။ တခါခိုး တစ်ခါမိသည်။ ထို့ကြောင့် သူ့ကို ကြိုးပေးသတ်ရမည် ဖြစ်သည်။

သူခိုးကို လူအများစုံရာ ကွင်းထဲတွင် ကြိုးစင်ဖြင့်သတ်ရန် ခေါ်လာသူမှာ မြို့ဝန်ဖြစ်သည်။ လူသတ်ကွင်းကို ဘုရင်ကလည်း ရောက်လာသည်။ ကြိုးစင်ပေါ်တက်ခါနီးတွင် လယ်သမားက မြို့ဝန်ကို ပြောလေသည်။

"ကျွန်တော်မျိုး မသေမီ လျှို့ဝှက်ချက်တခု ပြောပြခဲ့ချင်ပါသည်"

"ဘာများလဲ သူခိုးရယ်"

"ကျွန်တော်မျိုး၏ လျှို့ဝှက်ချက်သည် အလွန်အရေးကြီးသောကြောင့် ဘုရင့်ရှေ့မှောက်တွင် ပြောလျှင် ပိုကောင်းပါလိမ့်မည်။ ဘုရင်လည်း သိစေချင်သောကြောင့်ဖြစ်သည်"

"ကောင်းပြီ ငါမင်းကြီးကို သွားပြီးလျှောက်ထားကြည့်မယ်"

မြို့ဝန်က ဘုရင်ထံရောက်လာပြီး သူခိုးက လျှို့ဝှက်ချက်တခုပြောပြီးမှ သူ့ကို ကြိုးပေးရန် ပြောကြောင်း လျှောက်ထားလေသည်။ လျှို့ဝှက်ချက်ကို လူတိုင်းစိတ်ဝင်စားသည်။ ဘုရင်လည်း လူဖြစ်သည်။ ထို့ကြောင့် "ရှေ့တော်မှောက်ခေါ်ခဲ့စမ်း" ဟုဆိုသည်။

"ဟဲ့ သူခိုး ပြောလော့ အဘယ်လျှို့ဝှက်ချက်နည်း"

လယ်သမားက သူ့ခါးပုံစထဲမှ သစ်စေ့တစေ့ကို ထုတ်လိုက်သည်။ "ဟောဒီ သစ်စေ့ဟာ မြေမြှုပ်ထားလိုက်လျှင် တညတည်းနှင့် အပင်ကြီးတပင် ဖြစ်လာပါလိမ့်မည်။ သီးသော အသီးများကလည်း စားသူမှာ အသက်ရှည်ကာ အသက်တရာကျော် တိုင်အောင် နေနိုင်ပါသည် ဘုရား"

"ဟုတ်ရဲ့လား သူဆင်းရဲသူခိုးစကား ယုံစားစရာ အကြောင်းမရှိ"

"မယုံလည်း ကျွန်တော်မျိုးကို သတ်ပါတော့ဘုရား"

"နေဦး သင်ကိုယ်တိုင်စိုက်လော့ နောက်တနေ့နံနက် ရောက်သည်နှင့် သင်ပြောသည့်အတိုင်း မဟုတ်လျှင် သင့်ကိုသာမက သင့်မိသားစုကိုပါ အပြစ်ပေးမည် နားလည်လား"

"နားလည်ပါတယ်ဘုရား သစ်စေ့ကို စိုက်ရန်အတွက် ဤနေရာတွင် ကျင်းသေးသေးလေးတခု လာတူးပေးပါဘုရား"

ဘုရင်က "ဟဲ့ စစ်သူကြီး သင့်ဓားနဲ့ ကျင်းတူးပေးလိုက်" ဟု အမိန့်ပေးသည်။ စစ်သူကြီးက ဓားထုတ်က ကျင်းလေးတကျင်း တူးပေးသည်။

"ကဲ စိုက်ပေတော့"

"ကျွန်တော်မျိုးက သစ်စေ့ပဲ ပေးမှာပါဘုရား ကိုယ်တိုင်က သူခိုးဖြစ်နေသည့်အတွက် ငါးပါသီလကို ကျူးလွန်ဖောက်ဖျက်ထားသူ ဖြစ်နေပါသည်ဘုရား။ ငါးပါးသီလ မလုံသူမှာ ဤသစ်စေ့ကို စိုက်လည်း ဘာမျှ ဖြစ်လာမည် မဟုတ်ပါ။ သို့ဖြစ်ရာ ငါးပါးသီလ လုံမည်ထင်ရသော စစ်သူကြီး ကိုယ်တိုင်ကို စိုက်ပါစေ ဘုရား။ တခုတော့ သတိပေးပါရစေဘုရား ဤသစ်စေ့သည် အသက်ရှည်သီးကို သီးစေသည့် သစ်စေ့ ဖြစ်သလို၊ သီလမလုံသည့်သူ စိုက်ပါကလည်း ချက်ချင်းလဲကျကာ သေဆုံးနိုင်ပါသည်ဘုရား"

"ကိုင်း ဒီလိုဆိုမှတော့ စစ်သူကြီး သူ့ဆီက သစ်စေ့ကိုယူကာ စိုက်ပျိုးစေဗျား"

စစ်သူကြီး အခက်တွေ့နေသည်။ စစ်စရိတ်ငွေတွေကို ခိုးထားသည့်အပြင်၊ စစ်လက်နက်တွေကိုလည်း အရည်အသွေး နိမ့်သည့် ပစ္စည်းများသွင်းရန် လာဘ်ယူထားသေးသည်။ လိမ်လည်းပြောတတ်သူ ဖြစ်နေသေးသောကြောင့် သစ်စေ့ကို မယူဝံ့။ ထို့ကြောင့်

"ကျွန်တော်မျိုးမှာ သီလမလုံသောသူ ဖြစ်သဖြင့် မယူဝံ့ကြောင်းပါ"

"ကိုင်း ဒါဆို မြို့ဝန်ကိုယ်တိုင်စိုက်စေ"

မြို့ဝန်လည်း အခက်တွေ့နေပြီ။ မနေ့ကပဲ သူတပါးမယားကို ပြစ်မှားခဲ့သည်။ သူ့မယားလိုချင်သော ကြောင့် သူ့လင်ကို လှံနှင့်ထိုးရာတွင်လည်း ကိုယ်တိုင်ဖြစ်နေသည်။ ထို့ကြောင့်

"ကျွန်တော်မျိုးလည်း မစိုက်ဝံ့ပါဘုရား"

ဘုရင်က

"ခက်နေပါပေါ့လား ကိုင်း မိဖုရားကြီး လာလှည့် သစ်စေ့စိုက်ဗျား"

မိဖုရားကြီးကလည်း ပုဏ္ဏားတော်ကြီးနှင့် ဖောက်ပြန်နေသည်။

"သားတော်လာခဲ့"

သားတော်ကလည်း တနိုင်ငံလုံးပစ္စည်း ငါ့ပစ္စည်းအဖြစ် ခိုးယူသိမ်းပိုက်ထားသူ ဖြစ်နေသည်။ ဟိုရှောင် သည်ရှောင် ထွက်ပြေးသူတွေပြေး ဖြစ်ကုန်သည်။

လယ်သမားက ဆိုသည်။ "အရှင်မင်းကြီး အရှင်မင်းကြီးသည်ကား တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူ ဖြစ်သောကြောင့် အရှင်မင်းကြီးသာ ဤသစ်စေ့ကို စိုက်ပျိုးရန် အသင့်လျော်ဆုံးသူ ဖြစ်ပါလိမ့်မယ်ဘုရား စိုက်တော်မူပါ"

ဘုရင် အခက်ကြုံနေပြီ။ ထီးနန်းကို မတရား သိမ်းပိုက်ထားသည်။ ပြည်သူတွေကို သတ်ချင်တိုင်း သတ်သည်။ မင်းဘဏ္ဍာ ငါ့ဟာမှတ်ကာ တိုင်းပြည်ဘဏ္ဍာထဲမှ ခိုးထားသည်ကလည်း ထားစရာနေရာပင် မရှိ။ လိမ်ပြီး အမိန့်တွေ ထုတ်နေသည်ကလည်း ထီးနန်း တက်လာကတည်းကဖြစ်သည်။ ထို့ကြောင့် ဘုရင်က လယ်သမား လှမ်းပေးနေသော သစ်စေ့ကို မယူဝံ့။

"ဟဲ့ မြို့ဝန်"

"ဘုရား"

"နင့်ကောင်ကို မြန်မြန်လွှတ်လိုက်တော့"

လယ်သမားတောင်းဆိုမှုက သူ့ခမည်းတော်နှင့် မယ်တော်တွေအဆင့်အထိ ရောက်လာလျှင်ဟု တွေးကာ ဘုရင်က နန်းတော်ထဲကို မြန်မြန်ဝင်သည်။ (ဂျူးပုံပြင်တပုဒ်ကို မှီငြမ်းပါသည်) တင်ညွန့်

Zawgyi

သူခိုး

တခါတုန္းက အလြန္ဆင္းရဲေသာ လယ္သမားတေယာက္သည္ လယ္ကလည္းမျဖစ္၊ စပါးကလည္းမထြက္၊ အခြန္ကလည္း ဖိစီးလာေသာေၾကာင့္ ႀကံရာမရျဖစ္ကာ ခိုးမိေလသည္။ သူေနေသာႏိုင္ငံကား သူမ်ားပစၥည္းကို ခိုးလွ်င္လည္း ေသဒဏ္က်ခံရသည့္ ႏိုင္ငံျဖစ္ေနသည္။ လယ္သမား ကံမေကာင္းပါ။ တခါခိုး တစ္ခါမိသည္။ ထို႔ေၾကာင့္ သူ႔ကို ႀကိဳးေပးသတ္ရမည္ ျဖစ္သည္။

သူခိုးကို လူအမ်ားစုံရာ ကြင္းထဲတြင္ ႀကိဳးစင္ျဖင့္သတ္ရန္ ေခၚလာသူမွာ ၿမိဳ႕ဝန္ျဖစ္သည္။ လူသတ္ကြင္းကို ဘုရင္ကလည္း ေရာက္လာသည္။ ႀကိဳးစင္ေပၚတက္ခါနီးတြင္ လယ္သမားက ၿမိဳ႕ဝန္ကို ေျပာေလသည္။ "ကြၽန္ေတာ္မ်ိဳး မေသမီ လွ်ိဳ႕ဝွက္ခ်က္တခု ေျပာျပခဲ့ခ်င္ပါသည္" "ဘာမ်ားလဲ သူခိုးရယ္" "ကြၽန္ေတာ္မ်ိဳး၏ လွ်ိဳ႕ဝွက္ခ်က္သည္ အလြန္အေရးႀကီးေသာေၾကာင့္ ဘုရင့္ေရွ႕ေမွာက္တြင္ ေျပာလွ်င္ ပိုေကာင္းပါလိမ့္မည္။ ဘုရင္လည္း သိေစခ်င္ေသာေၾကာင့္ျဖစ္သည္" "ေကာင္းၿပီ ငါမင္းႀကီးကို သြားၿပီးေလွ်ာက္ထားၾကည့္မယ္"

ၿမိဳ႕ဝန္က ဘုရင္ထံေရာက္လာၿပီး သူခိုးက လွ်ိဳ႕ဝွက္ခ်က္တခုေျပာၿပီးမွ သူ႔ကို ႀကိဳးေပးရန္ ေျပာေၾကာင္း ေလွ်ာက္ထားေလသည္။ လွ်ိဳ႕ဝွက္ခ်က္ကို လူတိုင္းစိတ္ဝင္စားသည္။ ဘုရင္လည္း လူျဖစ္သည္။ ထို႔ေၾကာင့္ "ေရွ႕ေတာ္ေမွာက္ေခၚခဲ့စမ္း" ဟုဆိုသည္။ "ဟဲ့ သူခိုး ေျပာေလာ့ အဘယ္လွ်ိဳ႕ဝွက္ခ်က္နည္း"

လယ္သမားက သူ႔ခါးပုံစထဲမွ သစ္ေစ့တေစ့ကို ထုတ္လိုက္သည္။ "ေဟာဒီ သစ္ေစ့ဟာ ေျမျမႇဳပ္ထားလိုက္လွ်င္ တညတည္းႏွင့္ အပင္ႀကီးတပင္ ျဖစ္လာပါလိမ့္မည္။ သီးေသာ အသီးမ်ားကလည္း စားသူမွာ အသက္ရွည္ကာ အသက္တရာေက်ာ္ တိုင္ေအာင္ ေနႏိုင္ပါသည္ ဘုရား" "ဟုတ္ရဲ႕လား သူဆင္းရဲသူခိုးစကား ယုံစားစရာ အေၾကာင္းမရွိ" "မယုံလည္း ကြၽန္ေတာ္မ်ိဳးကို သတ္ပါေတာ့ဘုရား"

"ေနဦး သင္ကိုယ္တိုင္စိုက္ေလာ့ ေနာက္တေန႔နံနက္ ေရာက္သည္ႏွင့္ သင္ေျပာသည့္အတိုင္း မဟုတ္လွ်င္ သင့္ကိုသာမက သင့္မိသားစုကိုပါ အျပစ္ေပးမည္ နားလည္လား" "နားလည္ပါတယ္ဘုရား သစ္ေစ့ကို စိုက္ရန္အတြက္ ဤေနရာတြင္ က်င္းေသးေသးေလးတခု လာတူးေပးပါဘုရား" ဘုရင္က "ဟဲ့ စစ္သူႀကီး သင့္ဓားနဲ႔ က်င္းတူးေပးလိုက္" ဟု အမိန႔္ေပးသည္။ စစ္သူႀကီးက ဓားထုတ္က က်င္းေလးတက်င္း တူးေပးသည္။ "ကဲ စိုက္ေပေတာ့"

"ကြၽန္ေတာ္မ်ိဳးက သစ္ေစ့ပဲ ေပးမွာပါဘုရား ကိုယ္တိုင္က သူခိုးျဖစ္ေနသည့္အတြက္ ငါးပါသီလကို က်ဴးလြန္ေဖာက္ဖ်က္ထားသူ ျဖစ္ေနပါသည္ဘုရား။ ငါးပါးသီလ မလုံသူမွာ ဤသစ္ေစ့ကို စိုက္လည္း ဘာမွ် ျဖစ္လာမည္ မဟုတ္ပါ။ သို႔ျဖစ္ရာ ငါးပါးသီလ လုံမည္ထင္ရေသာ စစ္သူႀကီး ကိုယ္တိုင္ကို စိုက္ပါေစ ဘုရား။ တခုေတာ့ သတိေပးပါရေစဘုရား ဤသစ္ေစ့သည္ အသက္ရွည္သီးကို သီးေစသည့္ သစ္ေစ့ ျဖစ္သလို၊ သီလမလုံသည့္သူ စိုက္ပါကလည္း ခ်က္ခ်င္းလဲက်ကာ ေသဆုံးႏိုင္ပါသည္ဘုရား" "ကိုင္း ဒီလိုဆိုမွေတာ့ စစ္သူႀကီး သူ႔ဆီက သစ္ေစ့ကိုယူကာ စိုက္ပ်ိဳးေစဗ်ား"

စစ္သူႀကီး အခက္ေတြ႕ေနသည္။ စစ္စရိတ္ေငြေတြကို ခိုးထားသည့္အျပင္၊ စစ္လက္နက္ေတြကိုလည္း အရည္အေသြး နိမ့္သည့္ ပစၥည္းမ်ားသြင္းရန္ လာဘ္ယူထားေသးသည္။ လိမ္လည္းေျပာတတ္သူ ျဖစ္ေနေသးေသာေၾကာင့္ သစ္ေစ့ကို မယူဝံ့။ ထို႔ေၾကာင့္ "ကြၽန္ေတာ္မ်ိဳးမွာ သီလမလုံေသာသူ ျဖစ္သျဖင့္ မယူဝံ့ေၾကာင္းပါ" "ကိုင္း ဒါဆို ၿမိဳ႕ဝန္ကိုယ္တိုင္စိုက္ေစ"

ၿမိဳ႕ဝန္လည္း အခက္ေတြ႕ေနၿပီ။ မေန႔ကပဲ သူတပါးမယားကို ျပစ္မွားခဲ့သည္။ သူ႔မယားလိုခ်င္ေသာ ေၾကာင့္ သူ႔လင္ကို လွံႏွင့္ထိုးရာတြင္လည္း ကိုယ္တိုင္ျဖစ္ေနသည္။ ထို႔ေၾကာင့္ "ကြၽန္ေတာ္မ်ိဳးလည္း မစိုက္ဝံ့ပါဘုရား" ဘုရင္က "ခက္ေနပါေပါ့လား ကိုင္း မိဖုရားႀကီး လာလွည့္ သစ္ေစ့စိုက္ဗ်ား" မိဖုရားႀကီးကလည္း ပုဏၰားေတာ္ႀကီးႏွင့္ ေဖာက္ျပန္ေနသည္။ "သားေတာ္လာခဲ့" သားေတာ္ကလည္း တႏိုင္ငံလုံးပစၥည္း ငါ့ပစၥည္းအျဖစ္ ခိုးယူသိမ္းပိုက္ထားသူ ျဖစ္ေနသည္။ ဟိုေရွာင္ သည္ေရွာင္ ထြက္ေျပးသူေတြေျပး ျဖစ္ကုန္သည္။

လယ္သမားက ဆိုသည္။ "အရွင္မင္းႀကီး အရွင္မင္းႀကီးသည္ကား တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ေနသူ ျဖစ္ေသာေၾကာင့္ အရွင္မင္းႀကီးသာ ဤသစ္ေစ့ကို စိုက္ပ်ိဳးရန္ အသင့္ေလ်ာ္ဆုံးသူ ျဖစ္ပါလိမ့္မယ္ဘုရား စိုက္ေတာ္မူပါ" ဘုရင္ အခက္ႀကဳံေနၿပီ။ ထီးနန္းကို မတရား သိမ္းပိုက္ထားသည္။ ျပည္သူေတြကို သတ္ခ်င္တိုင္း သတ္သည္။ မင္းဘ႑ာ ငါ့ဟာမွတ္ကာ တိုင္းျပည္ဘ႑ာထဲမွ ခိုးထားသည္ကလည္း ထားစရာေနရာပင္ မရွိ။ လိမ္ၿပီး အမိန႔္ေတြ ထုတ္ေနသည္ကလည္း ထီးနန္း တက္လာကတည္းကျဖစ္သည္။ ထို႔ေၾကာင့္ ဘုရင္က လယ္သမား လွမ္းေပးေနေသာ သစ္ေစ့ကို မယူဝံ့။

"ဟဲ့ ၿမိဳ႕ဝန္" "ဘုရား" "နင့္ေကာင္ကို ျမန္ျမန္လႊတ္လိုက္ေတာ့" လယ္သမားေတာင္းဆိုမႈက သူ႔ခမည္းေတာ္ႏွင့္ မယ္ေတာ္ေတြအဆင့္အထိ ေရာက္လာလွ်င္ဟု ေတြးကာ ဘုရင္က နန္းေတာ္ထဲကို ျမန္ျမန္ဝင္သည္။ (ဂ်ဴးပုံျပင္တပုဒ္ကို မွီျငမ္းပါသည္) တင္ၫြန႔္