ပင့်ကူလူသားရုပ်ရှင်က ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးရုပ်ရှင်ထဲမှာ ပါဝင်ပါတယ်။ ဘိုလီဗီးယန်းလူမျိုး အသက် ၈ နှစ်အရွယ်ကလေးတစ်ယောက်ဟာ ပင့်ကူလူသားဖြစ်ချင်တာကြောင့် အဆိပ်ရှိပင့်ကူအကိုက်ခံရအောင် လုပ်ပြီးနောက် ဆေးရုံကို ရောက်သွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်လေးကတော့ Central Bolivia, Oruro မြို့အနီးအနားမှာ ဖြစ်သွားခဲ့တာပါ။ ကလေးက မြစ်နားမှာ ဆော့နေရင်းနဲ့ အဆိပ်ပြင်းတဲ့ပင့်ကူတစ်ကော်ငကို တွေ့သွားခဲ့ပါတယ်။ ပင့်ကူက အရမ်းကို အဆိပ်ပြင်းတဲ့အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ကလေးက ပင့်ကူလူသားဖြစ်ချင်တာကြောင့် ပင့်ကူကိုယူလိုက်ပြီး လက်ပေါ်ကို တင်လိုက်ပါတယ်။ ကလေးရဲ့စိတ်ထဲမှာ ပင့်ကူအကိုက်ခံလိုက်ရရင် ပင့်ကူလူသားဖြစ်သွားမယ်လို့ ထင်နေခဲ့တာပါ။

ပင့်ကူအကိုက်ခံပြီးနောက်မှာ အိမ်ကို ပြန်လိုက်ပါတယ်။ အိမ်ရောက်ပြီးနောက်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး ကိုက်လာပြီး ကြွက်သားတွေ တင်းလာပါတယ်။ အစပိုင်းမှာတော့ ကလေးက အမေဖြစ်သူကို သူ ပင့်ကူအကိုက်ခံရကြောင်း မပြောသေးပါဘူး။ ၃နာရီကြာမှာသာ ပင့်ကူအကိုက်ခံရကြောင်း အမေဖြစ်သူကို ပြောလိုက်ပါတယ်။

အမေက ကလေးကို အနီးအနားက ဆေးရုံကို အမြန်ဆုံးခေါ်သွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ ကုသပေးမှုကြောင့် ကလေးရဲ့အခြေအနေက မိနစ် ၃၀ ကြာပြီးနောက်မှာ တည်ငြိမ်သွားခဲ့ပါတယ်။ ကလေးက စပိုက်ဒါမန်းရုပ်ရှင်ကို အရမ်းသဘောကျတဲ့သူဖြစ်ကြောင်း အမေဖြစ်သူက ပြောပါတယ်။

အဆိပ်ပြင်းပင့်ကူအကိုက်ခံရသူတွေမှာ ပြင်းထန်တဲ့လက္ခဏာတွေအပြင် အာရုံကြောကိုပါထိခိုက်သွားစေပါတယ်။ အသက်အရွယ်ငယ်တဲ့ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဒီလိုအဆိပ်ပြင်းပင့်ကူအကိုက်ခံရရင် အသက်အန္တရာယ်နဲ့ပါ နီးစပ်ပါတယ်။ ရုပ်ရှင်ထဲကအတိုင်း ပြင်ပလောကမှာ လိုက်မလုပ်ဖို့ ဆရာဝန်တွေက ကလေးကို မှာကြားခဲ့ကြပါတယ်။

Zombie (lovemedia)

for zawgyi

ပင့္ကူလူသားျဖစ္ခ်င္လို႔ အဆိပ္ျပင္းပင့္ကူတစ္ေကာင္ကိုက္ေအာင္ ကိုယ္တိုင္ဖန္တီးခဲ့တဲ့ကေလးေလး

ပင့္ကူလူသား႐ုပ္ရွင္က ကမာၻေပၚမွာ လူႀကိဳက္အမ်ားဆုံး႐ုပ္ရွင္ထဲမွာ ပါဝင္ပါတယ္။ ဘိုလီဗီးယန္းလူမ်ိဳး အသက္ ၈ ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ဟာ ပင့္ကူလူသားျဖစ္ခ်င္တာေၾကာင့္ အဆိပ္ရွိပင့္ကူအကိုက္ခံရေအာင္ လုပ္ၿပီးေနာက္ ေဆး႐ုံကို ေရာက္သြားခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ေလးကေတာ့ Central Bolivia, Oruro ၿမိဳ႕အနီးအနားမွာ ျဖစ္သြားခဲ့တာပါ။ ကေလးက ျမစ္နားမွာ ေဆာ့ေနရင္းနဲ႔ အဆိပ္ျပင္းတဲ့ပင့္ကူတစ္ေကာ္ငကို ေတြ႕သြားခဲ့ပါတယ္။ ပင့္ကူက အရမ္းကို အဆိပ္ျပင္းတဲ့အမ်ိဳးအစားထဲမွာ ပါဝင္ပါတယ္။ ကေလးက ပင့္ကူလူသားျဖစ္ခ်င္တာေၾကာင့္ ပင့္ကူကိုယူလိုက္ၿပီး လက္ေပၚကို တင္လိုက္ပါတယ္။ ကေလးရဲ႕စိတ္ထဲမွာ ပင့္ကူအကိုက္ခံလိုက္ရရင္ ပင့္ကူလူသားျဖစ္သြားမယ္လို႔ ထင္ေနခဲ့တာပါ။

ပင့္ကူအကိုက္ခံၿပီးေနာက္မွာ အိမ္ကို ျပန္လိုက္ပါတယ္။ အိမ္ေရာက္ၿပီးေနာက္မွာေတာ့ ခႏၶာကိုယ္တစ္ခုလုံး ကိုက္လာၿပီး ႂကြက္သားေတြ တင္းလာပါတယ္။ အစပိုင္းမွာေတာ့ ကေလးက အေမျဖစ္သူကို သူ ပင့္ကူအကိုက္ခံရေၾကာင္း မေျပာေသးပါဘူး။ ၃နာရီၾကာမွာသာ ပင့္ကူအကိုက္ခံရေၾကာင္း အေမျဖစ္သူကို ေျပာလိုက္ပါတယ္။

အေမက ကေလးကို အနီးအနားက ေဆး႐ုံကို အျမန္ဆုံးေခၚသြားခဲ့ပါတယ္။ ဆရာဝန္ေတြရဲ႕ ကုသေပးမႈေၾကာင့္ ကေလးရဲ႕အေျခအေနက မိနစ္ ၃၀ ၾကာၿပီးေနာက္မွာ တည္ၿငိမ္သြားခဲ့ပါတယ္။ ကေလးက စပိုက္ဒါမန္း႐ုပ္ရွင္ကို အရမ္းသေဘာက်တဲ့သူျဖစ္ေၾကာင္း အေမျဖစ္သူက ေျပာပါတယ္။

အဆိပ္ျပင္းပင့္ကူအကိုက္ခံရသူေတြမွာ ျပင္းထန္တဲ့လကၡဏာေတြအျပင္ အာ႐ုံေၾကာကိုပါထိခိုက္သြားေစပါတယ္။ အသက္အ႐ြယ္ငယ္တဲ့ကေလးေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြမွာ ဒီလိုအဆိပ္ျပင္းပင့္ကူအကိုက္ခံရရင္ အသက္အႏၲရာယ္နဲ႔ပါ နီးစပ္ပါတယ္။ ႐ုပ္ရွင္ထဲကအတိုင္း ျပင္ပေလာကမွာ လိုက္မလုပ္ဖို႔ ဆရာဝန္ေတြက ကေလးကို မွာၾကားခဲ့ၾကပါတယ္။

Zombie (lovemedia)