တခါတုန်းက သိုင်းဆရာကြီးတယောက်ဆီမှာ ကျောင်းသားလေး တယောက်ဟာ သိုင်းလာသင်တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူ့ကို အနိုင်ကျင့်တဲ့လူတွေ ဆက်ပြီး အနိုင်မကျင့်ရဲတော့အောင် ပညာပေးချင်တာ ဖြစ်ပါတယ်။ အဲ့ဒါနဲ့ သိုင်းဆရာကြီးလည်း လူငယ်လေးကို သိုင်းပညာတွေ သင်ပေးတယ်။

အတော်အတန်လည်း တတ်သွားရော လူငယ်လေးဟာ သူ့ကို အနိုင်ကျင့်ခဲ့တဲ့ လူတွေကို သွားစိန်ခေါ်တယ်။ ဒါပေမဲ့ ဟိုက အုပ်စုလိုက် ဝိုင်းထိုးလိုက်ကြတော့ လူငယ်လေးနဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဘာမှမတတ်နိုင်ဘဲ ပြန်လာခဲ့ရတယ်။

ဆရာကြီးကို အကျိုးအကြောင်း ပြောပြပြီး အုပ်စုလိုက်ဆိုရင် ဘယ်လိုသိုင်းကွက် ထုတ်သုံးရမလဲ၊ အဲ့ဒီသိုင်းကွက် သင်ပေးပါဆိုပြီး သင်ပေးခိုင်းတယ်။ ဆရာကြီးလည်း သင်ပေးလိုက်တယ်။ လူငယ်လေးလည်း သွားပြန်စိန်ခေါ်တယ်။

ဒီအခါမှာလည်း သူရှုံးပြီး ပြန်လာတယ်။ ဘာလို့လဲဆိုတော့ ဟိုဘက်က တုတ်တွေပါ ပါလာတာကြောင့် ဖြစ်တယ်။ လူငယ်လေးနဲ့ စိတ်ပျက်လက်ပျက်နဲ့ သူဟာ အမြဲတမ်း အရှုံးသမားတယောက်ပါ၊ သူ့ကို အနိုင်ကျင့်တဲ့လူတွေကို ဘယ်တော့မှ ပြန်ပြီးအနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး ဆိုပြီး ညည်းတွားတယ်။

ဆရာကြီးလည်း လူငယ်လေး စိတ်ပျက်လက်ပျက် ဖြစ်နေတာကိုမြင်ပြီး အားပေးစကားတခွန်း ပြောတယ်။ "မင်းသူတို့ကို ရှုံးသွားတာ မဟုတ်ပါဘူး၊ မနိုင်သေးတာပါ" တဲ့။ လူငယ်လေးလည်း ဆရာကြီးရဲ့ ထူးထူးဆန်းဆန်း စကားကို ကြားပြီး ကြောင်သွားတယ်။ ဆရာကြီးက ဆက်ရှင်းပြတယ်။

"ဘဝမှာ လဲကျတိုင်း ရှုံးသွားတာ မဟုတ်ပါဘူး။ ပြန်မထနိုင်တော့မှ ရှုံးတာပါ။ မင်းအခုလို သူတို့ကို တကြိမ်ရှုံးသွားတိုင်း ငါ့ဆီမှာ သူတို့ကို နိုင်မယ့်နည်းလမ်းတွေ တခါလာသင်တယ်ဆိုတာ တကြိမ် ပြန်ထဖို့ ကြိုးစားတာပဲ။ အဲ့ဒီတိုင်းပဲ ဆက်ကြိုးစားသွား။ မင်းပြန်ထနိုင်သ၍ မင်းမရှုံးသေးဘူး" လို့ ဆရာကြီးက ဆုံးမစကား ပြောလိုက်တယ်။

အဲ့ဒီတော့မှ လူငယ်လေးလည်း အကြိမ်ကြိမ်အခါခါ ကြိုးစားပြီး ပညာတွေ ပြည့်ဝသွားတော့မှ သူ့ကို အနိုင်ကျင့်တဲ့လူတွေ ထပ်ပြီး အနိုင်မကျင့်ရဲတော့အောင် ပညာကောင်းကောင်း ပေးလိုက်တော့တယ်။

တကယ်တော့ ဘဝမှာ လဲကျတိုင်း ရှုံးသွားတာ မဟုတ်ပါဘူး။ ပြန်မထနိုင်တော့မှ ရှုံးတာပါ။ သင်ဘယ်နှကြိမ် လဲကျသလဲဆိုတာထက် သင်ဘယ်နှကြိမ် ပြန်ထနိုင်သလဲ ဆိုတာက ပိုပြီးအရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။ Dr Thet Htar Aung

Zawgyi

လဲက်တိုင္း ရႈံးသြားတာ မဟုတ္ဘူး

တခါတုန္းက သိုင္းဆရာႀကီးတေယာက္ဆီမွာ ေက်ာင္းသားေလး တေယာက္ဟာ သိုင္းလာသင္တယ္။ သူ႔ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ သူ႔ကို အႏိုင္က်င့္တဲ့လူေတြ ဆက္ၿပီး အႏိုင္မက်င့္ရဲေတာ့ေအာင္ ပညာေပးခ်င္တာ ျဖစ္ပါတယ္။ အဲ့ဒါနဲ႔ သိုင္းဆရာႀကီးလည္း လူငယ္ေလးကို သိုင္းပညာေတြ သင္ေပးတယ္။

အေတာ္အတန္လည္း တတ္သြားေရာ လူငယ္ေလးဟာ သူ႔ကို အႏိုင္က်င့္ခဲ့တဲ့ လူေတြကို သြားစိန္ေခၚတယ္။ ဒါေပမဲ့ ဟိုက အုပ္စုလိုက္ ဝိုင္းထိုးလိုက္ၾကေတာ့ လူငယ္ေလးနဲ႔ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ ဘာမွမတတ္ႏိုင္ဘဲ ျပန္လာခဲ့ရတယ္။

ဆရာႀကီးကို အက်ိဳးအေၾကာင္း ေျပာျပၿပီး အုပ္စုလိုက္ဆိုရင္ ဘယ္လိုသိုင္းကြက္ ထုတ္သုံးရမလဲ၊ အဲ့ဒီသိုင္းကြက္ သင္ေပးပါဆိုၿပီး သင္ေပးခိုင္းတယ္။ ဆရာႀကီးလည္း သင္ေပးလိုက္တယ္။ လူငယ္ေလးလည္း သြားျပန္စိန္ေခၚတယ္။

ဒီအခါမွာလည္း သူရႈံးၿပီး ျပန္လာတယ္။ ဘာလို႔လဲဆိုေတာ့ ဟိုဘက္က တုတ္ေတြပါ ပါလာတာေၾကာင့္ ျဖစ္တယ္။ လူငယ္ေလးနဲ႔ စိတ္ပ်က္လက္ပ်က္နဲ႔ သူဟာ အၿမဲတမ္း အရႈံးသမားတေယာက္ပါ၊ သူ႔ကို အႏိုင္က်င့္တဲ့လူေတြကို ဘယ္ေတာ့မွ ျပန္ၿပီးအႏိုင္ယူႏိုင္မွာ မဟုတ္ေတာ့ဘူး ဆိုၿပီး ညည္းတြားတယ္။

ဆရာႀကီးလည္း လူငယ္ေလး စိတ္ပ်က္လက္ပ်က္ ျဖစ္ေနတာကိုျမင္ၿပီး အားေပးစကားတခြန္း ေျပာတယ္။ "မင္းသူတို႔ကို ရႈံးသြားတာ မဟုတ္ပါဘူး၊ မႏိုင္ေသးတာပါ" တဲ့။ လူငယ္ေလးလည္း ဆရာႀကီးရဲ႕ ထူးထူးဆန္းဆန္း စကားကို ၾကားၿပီး ေၾကာင္သြားတယ္။ ဆရာႀကီးက ဆက္ရွင္းျပတယ္။

"ဘဝမွာ လဲက်တိုင္း ရႈံးသြားတာ မဟုတ္ပါဘူး။ ျပန္မထႏိုင္ေတာ့မွ ရႈံးတာပါ။ မင္းအခုလို သူတို႔ကို တႀကိမ္ရႈံးသြားတိုင္း ငါ့ဆီမွာ သူတို႔ကို ႏိုင္မယ့္နည္းလမ္းေတြ တခါလာသင္တယ္ဆိုတာ တႀကိမ္ ျပန္ထဖို႔ ႀကိဳးစားတာပဲ။ အဲ့ဒီတိုင္းပဲ ဆက္ႀကိဳးစားသြား။ မင္းျပန္ထႏိုင္သ၍ မင္းမရႈံးေသးဘူး" လို႔ ဆရာႀကီးက ဆုံးမစကား ေျပာလိုက္တယ္။

အဲ့ဒီေတာ့မွ လူငယ္ေလးလည္း အႀကိမ္ႀကိမ္အခါခါ ႀကိဳးစားၿပီး ပညာေတြ ျပည့္ဝသြားေတာ့မွ သူ႔ကို အႏိုင္က်င့္တဲ့လူေတြ ထပ္ၿပီး အႏိုင္မက်င့္ရဲေတာ့ေအာင္ ပညာေကာင္းေကာင္း ေပးလိုက္ေတာ့တယ္။

တကယ္ေတာ့ ဘဝမွာ လဲက်တိုင္း ရႈံးသြားတာ မဟုတ္ပါဘူး။ ျပန္မထႏိုင္ေတာ့မွ ရႈံးတာပါ။ သင္ဘယ္ႏွႀကိမ္ လဲက်သလဲဆိုတာထက္ သင္ဘယ္ႏွႀကိမ္ ျပန္ထႏိုင္သလဲ ဆိုတာက ပိုၿပီးအေရးႀကီးပါတယ္လို႔ ေျပာခ်င္ပါတယ္။ Dr Thet Htar Aung