ပိုက်ဆံက သိပ်စကားပြောတာပဲ ဆိုတဲ့ အခြေအနေမျိုး ကြုံဖူးကြရင် ငွေမရှိတဲ့ အခါ ဘယ်လောက်သိမ်ငယ်ရကြောင်း သိရောပေါ့။ ရှိတဲ့ငွေနဲ့ ချင့်ချိန်ရင်း လိုချင်တာတွေ၊ ဝယ်ချင်တာတွေ၊ သွားချင်တာ စားချင်တာတွေကို မျိုသိပ်လိုက်ရမျိုး ကြုံဖူးရင် ငွေပိုရှာချင်တယ်။

ကိုယ့်ရှေ့ ဒုက္ခရောက်နေတဲ့သူကို ကူညီချင်ပါရဲ့ မကူညီလိုက်နိုင်တာမျိုး တွေကြောင့် ငွေပိုရှာချင်တယ်။ ငွေတွေ အများကြီး ရှာနိုင်တဲ့ တနေ့ ငွေရှိမှ လူရာသွင်းချင်တဲ့ လူတချို့နဲ့ နောက်တခေါက် ပြန်ဆုံချင်တယ်။

ပိုက်ဆံရှိတဲ့အခါ ဝင်ငွေကောင်းကောင်း ရှာနိုင်တဲ့အခါ မိဘကို ကျေးဇူးဆပ်နိုင်မယ်။ ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်နိုင်မယ်။ လိုအပ်တဲ့နေရာတွေ ကူညီနိုင်မယ်။ ကိုယ့်ပညာရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်မယ်။ ကုသိုလ်ရေးအတွက် သုံးနိုင်မယ်။

ငွေရှိမှလည်း ကိုယ့်အိမ်မက်တွေ အကောင်အထည် ဖော်နိုင်မယ်။ အပေါင်းအသင်းတွေ ကြားထဲ မျက်နှာပန်းပွင့်မယ်။ ဒီတော့ ကိစ္စ တော်တော်များများမှာ ငွေရှာနိုင်ဖို့ ငွေရှိဖို့ဆိုတာ သိပ်ကို အရေးပါနေဆဲပါ။

ရေမွှေး‌ဆိုတာ သူကိုယ်တိုင်က မွှေးလို့ သူ့ကိုဆွတ်လိုက်သူမှာလည်း သူ့ရနံ့လေးအတိုင်း မွှေးပျံ့နေစေတာ။ ကိုယ့်အိုးထဲ ဘာရှိမလဲ။ ရှိတာ လျှံကျမယ် ပြန်ထွက်မယ်ပေါ့။ ဒီလိုသဘောအတိုင်းပါပဲ။ ကိုယ့်မှာ ငွေရှိရင် ကောင်းတဲ့ကိစ္စတွေအတွက် အကျိုးရှိအောင် အသုံးချနိုင်မယ်။ ဒါဆို ကိုယ့်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုး ပိုများလာနိုင်မယ်။

ဒါကြောင့် သမာအာဇီဝကျတဲ့ နည်းနဲ့ ငွေတွေ အများကြီးရှာပါ။ အကျိုးရှိအောင် သုံးပါ။ ကိုယ်အိပ်နေချိန်မှာတောင် ငွေက ကိုယ့်အတွက် အလုပ် လုပ်ပေးနေတာမျိုး ဖြစ်တဲ့အထိ ငွေကို စီမံခန့်ခွဲနိုင်အောင် ကြိုးစားပါ။ crd

Zawgyi

ပိုက္ဆံ မ်ားမ်ားရွာပါ

ပိုက္ဆံက သိပ္စကားေျပာတာပဲ ဆိုတဲ့ အေျခအေနမ်ိဳး ႀကဳံဖူးၾကရင္ ေငြမရွိတဲ့ အခါ ဘယ္ေလာက္သိမ္ငယ္ရေၾကာင္း သိေရာေပါ့။ ရွိတဲ့ေငြနဲ႔ ခ်င့္ခ်ိန္ရင္း လိုခ်င္တာေတြ၊ ဝယ္ခ်င္တာေတြ၊ သြားခ်င္တာ စားခ်င္တာေတြကို မ်ိဳသိပ္လိုက္ရမ်ိဳး ႀကဳံဖူးရင္ ေငြပိုရွာခ်င္တယ္။

ကိုယ့္ေရွ႕ ဒုကၡေရာက္ေနတဲ့သူကို ကူညီခ်င္ပါရဲ႕ မကူညီလိုက္ႏိုင္တာမ်ိဳး ေတြေၾကာင့္ ေငြပိုရွာခ်င္တယ္။ ေငြေတြ အမ်ားႀကီး ရွာႏိုင္တဲ့ တေန႔ ေငြရွိမွ လူရာသြင္းခ်င္တဲ့ လူတခ်ိဳ႕နဲ႔ ေနာက္တေခါက္ ျပန္ဆုံခ်င္တယ္။

ပိုက္ဆံရွိတဲ့အခါ ဝင္ေငြေကာင္းေကာင္း ရွာႏိုင္တဲ့အခါ မိဘကို ေက်းဇူးဆပ္ႏိုင္မယ္။ ေဆြမ်ိဳးသားခ်င္းေတြကို ေစာင့္ေရွာက္ႏိုင္မယ္။ လိုအပ္တဲ့ေနရာေတြ ကူညီႏိုင္မယ္။ ကိုယ့္ပညာေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္မယ္။ ကုသိုလ္ေရးအတြက္ သုံးႏိုင္မယ္။

ေငြရွိမွလည္း ကိုယ့္အိမ္မက္ေတြ အေကာင္အထည္ ေဖာ္ႏိုင္မယ္။ အေပါင္းအသင္းေတြ ၾကားထဲ မ်က္ႏွာပန္းပြင့္မယ္။ ဒီေတာ့ ကိစၥ ေတာ္ေတာ္မ်ားမ်ားမွာ ေငြရွာႏိုင္ဖို႔ ေငြရွိဖို႔ဆိုတာ သိပ္ကို အေရးပါေနဆဲပါ။

ေရေမႊး‌ဆိုတာ သူကိုယ္တိုင္က ေမႊးလို႔ သူ႔ကိုဆြတ္လိုက္သူမွာလည္း သူ႔ရနံ႔ေလးအတိုင္း ေမႊးပ်ံ႕ေနေစတာ။ ကိုယ့္အိုးထဲ ဘာရွိမလဲ။ ရွိတာ လွ်ံက်မယ္ ျပန္ထြက္မယ္ေပါ့။ ဒီလိုသေဘာအတိုင္းပါပဲ။ ကိုယ့္မွာ ေငြရွိရင္ ေကာင္းတဲ့ကိစၥေတြအတြက္ အက်ိဳးရွိေအာင္ အသုံးခ်ႏိုင္မယ္။ ဒါဆို ကိုယ့္အတြက္ေရာ ကိုယ့္ပတ္ဝန္းက်င္အတြက္ပါ ေကာင္းက်ိဳး ပိုမ်ားလာႏိုင္မယ္။

ဒါေၾကာင့္ သမာအာဇီဝက်တဲ့ နည္းနဲ႔ ေငြေတြ အမ်ားႀကီးရွာပါ။ အက်ိဳးရွိေအာင္ သုံးပါ။ ကိုယ္အိပ္ေနခ်ိန္မွာေတာင္ ေငြက ကိုယ့္အတြက္ အလုပ္ လုပ္ေပးေနတာမ်ိဳး ျဖစ္တဲ့အထိ ေငြကို စီမံခန႔္ခြဲႏိုင္ေအာင္ ႀကိဳးစားပါ။ crd