မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့် လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။

ဖုန်းရွှေပညာစာအုပ်မှာတော့ T ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။

လှည်းဦးတိုက်၊ လှေဦးတိုက် မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။ လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေ ဖြစ်မယ်။ ဖုန်းရွှေပညာမှာရော၊ မြန်မာ့ရိုးရာ ရှေးထုံးအစဉ်လာနည်းမှာရော မနေသင့် မနေထိုက်တဲ့ အိမ်နေရာ အနေအထားမျိုး ဖြစ်နေတယ်။

ဒါပေမယ့် မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ နည်းမှာတော့ လှည်းဦးတိုက်၊ လှေဦးတိုက် နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ဈေးဆိုင်တွေ ဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ ပြောထားတယ်။ စောစောက ပြောခဲ့တဲ့ အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကို ဖွင့်ရင် အကောင်းဆုံးပေါ့။

အမှန်တော့ "ဈေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း 3D ဖြစ်နေတယ်။ "ဈေးကွက်မြင်ကွင်း" အားသာမှုရှိတယ်လို့ ပြောရင်မှန်တယ်။

လူနေရင် ခိုက်တယ်ဆိုတာ ပြန်ပြီးစဉ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်" အိမ်ကို ခိုးချင်၊ ဝှက်ချင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲ တန်းဝင်လာမှာပဲ။

ရှေ့တူရှုလမ်းက အသုဘချလာပြီ ဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာ မြင်တွေ့နေရမယ်။ ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တကောင်စ၊ နှစ်ကောင်စ ကျွံဝင်လာတာမျိုးကို ခဏခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။

ဒါပေမယ့် ဒီလို လှည်းဦးတိုက်၊ လှေဦးတိုက် နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လို ကွာကွယ်မလဲ။ ဒါကလွယ်ပါတယ်။ တံခါးမကြီးကို လမ်းနဲ့ တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။ ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့ အပေါ်ဘက်၊ အိမ်အဝင်ဝ တံခါးရဲ့အပေါ်ဘက်မှာ မှန်တချပ်ကို ကာထား၊ ချိတ်ဆွဲထားရမယ်။

လှည်းဦးတိုက်၊လှေဦးတိုက် အိမ်တွေမှာ မှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တချပ်ဖြစ်ရမယ်။ မှန်တချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအကွက်လေး (1" or 2") ပတ်လည် အကွက်လေး ရေးထားရမယ်။

အိမ်ဝမှာ အသောကပင်တွေ စိုက်ထားတာမျိုး၊ အုတ်တံတိုင်းမြင့်မြင့် ကာထားတာမျိုး၊ ရေပန်းတခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ် ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး။ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲ ကောင်းပါတယ်။ အရေးကြီးဆုံးကတော့ ပုံလမ်းဆုံ "ကြက်လျှာစွန်းပုံမြေနေရာ" တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ။ မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများ ပြည့်စုံပြီး ကြီးပွားတိုးတက်ကြပါစေ။ ကိုဝင်းဇော် (သစ်တော)

Zawgyi

လွည္းဦးတိုက္၊ ေလွဦးတိုက္ ေျမေနရာမွာ ေနသင့္ မေနသင့္

ျမန္မာ့ဓေလ့ထုံးတမ္း ျဖစ္သည့္ လွည္းဦးတိုက္ ေလွဦးတိုက္ ေျမေနရာအေၾကာင္း ဗဟုသုတအလို႔ငွာ ေဖာ္ျပေပးလိုက္ပါတယ္။ ျမန္မာ့႐ိုးရာ ထုံးတမ္းအစဥ္အလာနည္းမွာေရာ ဖုန္းေ႐ႊပညာမွာေရာ အေျပာမ်ားတဲ့ "လွည္းဦးတိုက္၊ ေလွဦးတိုက္" မွာ အေနမေကာင္းဘူး၊ လွည္းလမ္း၊ ကားလမ္း၊ လူသြားလမ္း သုံးလမ္းဆုံတဲ့ လမ္းဆုံကို မ်က္ႏွာမူၿပီး အိမ္မေဆာက္သင့္ဘူး။ ဖုန္းေ႐ႊပညာစာအုပ္မွာေတာ့ T ပုံ လမ္းဆုံလမ္းခြလို႔ ဆိုထားတယ္။ ဒီလိုေျမအေနအထားမ်ိဳးကိုလည္း ၿမိဳ႕ျပအိမ္ေနယာအကြက္ေတြေပၚမွာ အေတြ႕မ်ားပါတယ္။

လွည္းဦးတိုက္၊ ေလွဦးတိုက္ ေျမေနရာေပၚမွာ အိမ္ေဆာက္၊ တိုက္ေဆာက္ထားတာ အမ်ားႀကီးရွိပါတယ္။ လွည္းဦးတိုက္၊ ေလွဦးတိုက္ အိမ္ကေတာ့ ခိုက္တယ္။ အဲဒီအိမ္မွာ ေနတဲ့သူေတြဟာ စီးပြားတိုးတက္မႈမရွိဘူး။ အိမ္တြင္းေရး၊ အိမ္ေထာင္ေရးေတြမွာလည္း အဆင္မေျပ ျဖစ္မယ္။ ဖုန္းေ႐ႊပညာမွာေရာ၊ ျမန္မာ့႐ိုးရာ ေရွးထုံးအစဥ္လာနည္းမွာေရာ မေနသင့္ မေနထိုက္တဲ့ အိမ္ေနရာ အေနအထားမ်ိဳး ျဖစ္ေနတယ္။

ဒါေပမယ့္ ျမန္မာ့႐ိုးရာ ထုံးတမ္းအစဥ္အလာ နည္းမွာေတာ့ လွည္းဦးတိုက္၊ ေလွဦးတိုက္ ေနရာမ်ိဳး၊ အိမ္မ်ိဳး၊ အေဆာက္အဦမ်ိဳးမွာ စတိုးဆိုင္၊ လၻက္ရည္ဆိုင္၊ ေဈးဆိုင္ေတြ ဖြင့္ရင္ေတာ့ ေကာင္းတယ္။ ဖြင့္သင့္တယ္လို႔ ေျပာထားတယ္။ ေစာေစာက ေျပာခဲ့တဲ့ အတိုင္းပဲ ဗီဒီယို၊ ႐ုပ္ရွင္႐ုံ၊ ကာရာအိုေကခန္းမ၊ ေပ်ာ္ပြဲစား႐ုံ၊ အရက္ဆိုင္၊ ဘီယာဆိုင္ေတြကို ဖြင့္ရင္ အေကာင္းဆုံးေပါ့။

အမွန္ေတာ့ "ေဈးကြက္ျမင္ကြင္း" အေကာင္းဆုံး ျဖစ္ေနလို႔ပဲ။ ယုတၱိေဗဒ ဆင္ျခင္တုံတရားနဲ႔ စဥ္းစားၾကည့္မယ္။ မ်က္ႏွာခ်င္းဆိုင္၊ ေရွ႕တူရႈလမ္းရဲ႕ ဟိုးအေဝးကေတာင္ ကိုယ့္ရဲ႕ဆိုင္၊ ကိုယ့္ရဲ႕ပြဲ႐ုံကို ျမင္ေနရတယ္။ သုံးဘက္ျမင္ကြင္း 3D ျဖစ္ေနတယ္။ "ေဈးကြက္ျမင္ကြင္း" အားသာမႈရွိတယ္လို႔ ေျပာရင္မွန္တယ္။

လူေနရင္ ခိုက္တယ္ဆိုတာ ျပန္ၿပီးစဥ္းစားၾကည့္ပါ။ "လွည္းဦးတိုက္၊ေလွဦးတိုက္" အိမ္ကို ခိုးခ်င္၊ ဝွက္ခ်င္၊ လုယက္တိုက္ခိုက္ခ်င္တဲ့လူေတြက အေဝးကၾကည့္ၿပီး ေထာက္လွမ္းလို႔ လြယ္ကူတယ္။ လွည္းေတြ၊ ကားေတြ ေရွ႕တူရႈလမ္းက တည့္တည့္ေမာင္းလာၿပီး ကိုယ့္အိမ္ေရွ႕မွာ ဘယ္ညာေကြ႕သြားရင္ ဖုန္းေတြဟာ အိမ္ထဲ တန္းဝင္လာမွာပဲ။

ေရွ႕တူရႈလမ္းက အသုဘခ်လာၿပီ ဆိုပါေတာ့ အဲဒီအနိ႒ာ႐ုံျမင္ကြင္းႀကီးကို အခ်ိန္ေတာ္ေတာ္ၾကာၾကာ ျမင္ေတြ႕ေနရမယ္။ ႐ြာေတြမွာဆိုရင္ "လွည္းဦးတိုက္၊ ေလွဦးတိုက္" တဲေတြေတြကို ေရွ႕တူရႈလွည္းလမ္းကလာတဲ့ ႏြားအုပ္၊ ကြၽဲအုပ္ထဲက တေကာင္စ၊ ႏွစ္ေကာင္စ ကြၽံဝင္လာတာမ်ိဳးကို ခဏခဏခံရတယ္။ ဒါကယုတၱိေဗဒ ဆင္ျခင္တုံတရားနဲ႔ "လွည္းဦးတိုက္၊ ေလွဦးတိုက္" မွာေနမေကာင္းဘူး၊ အိမ္မေဆာက္သင့္ဘူးလို႔ေျပာတာပါ။

ဒါေပမယ့္ ဒီလို လွည္းဦးတိုက္၊ ေလွဦးတိုက္ ေနရာမ်ိဳးမွာ အိမ္ေဆာက္မိၿပီ၊ အိမ္ေဆာက္ထားၿပီဆိုင္ရင္ ဘယ္လို ကြာကြယ္မလဲ။ ဒါကလြယ္ပါတယ္။ တံခါးမႀကီးကို လမ္းနဲ႔ တည့္တည့္ေနရာက ေျပာင္းေပးလိုက္ရမယ္။ ဒီနည္းထက္ ပိုေကာင္းတာကေတာ့ တံခါးရဲ႕ အေပၚဘက္၊ အိမ္အဝင္ဝ တံခါးရဲ႕အေပၚဘက္မွာ မွန္တခ်ပ္ကို ကာထား၊ ခ်ိတ္ဆြဲထားရမယ္။

လွည္းဦးတိုက္၊ေလွဦးတိုက္ အိမ္ေတြမွာ မွန္ေထာင္ထားတာ၊ မွန္ခ်ိတ္ထားတာ ေတြ႕ရတယ္။ တခ်ိဳ႕မွန္ခ်ပ္ေတြက ေသးလြန္းတယ္၊ တခ်ိဳ႕မွန္ခ်ပ္ေတြက ႀကီးလြန္းတယ္။ ေျခာက္လက္မပတ္လည္ စတုရန္းပုံ ပုံရိပ္ထင္တဲ့ မွန္တခ်ပ္ျဖစ္ရမယ္။ မွန္တခ်ပ္ရဲ႕အလယ္မွာ အနီေရာင္နဲ႔ စတုရန္းအကြက္ေလး (1" or 2") ပတ္လည္ အကြက္ေလး ေရးထားရမယ္။

အိမ္ဝမွာ အေသာကပင္ေတြ စိုက္ထားတာမ်ိဳး၊ အုတ္တံတိုင္းျမင့္ျမင့္ ကာထားတာမ်ိဳး၊ ေရပန္းတခု တပ္ထားတာမ်ိဳးနဲ႔လည္း ကာကြယ္ႏိုင္တယ္ ဆိုေပမယ့္ ေျမအေနအထားအရ မျဖစ္ႏိုင္ပါဘူး။ မွန္ခ်ပ္ကပ္တာ၊ ခ်ိတ္တာပဲ ေကာင္းပါတယ္။ အေရးႀကီးဆုံးကေတာ့ ပုံလမ္းဆုံ "ၾကက္လွ်ာစြန္းပုံေျမေနရာ" ႀတိဂံေျမကြက္ေပၚမွာ ေဆာက္ထားတဲ့ အိမ္က အေရွာင္သင့္ဆုံး အခိုက္ဆုံးေျမေနရာပါပဲ။ မိတ္ေဆြမ်ားအားလုံး ေဆာင္ရန္ ေရွာင္မ်ားသိ၍ စီးပြားလာဘ္လာဘမ်ား ျပည့္စုံၿပီး ႀကီးပြားတိုးတက္ၾကပါေစ။ ကိုဝင္းေဇာ္ (သစ္ေတာ)