လင်မယားနှစ်ယောက်ရှိတယ်။ ယောက်ျားက ကြက်ဟင်းခါးသီး သိပ်ကြိုက်တယ်။ မိန်းမက သိပ်မကြိုက်ဘူး။ မကြိုက်တော့ သူဟင်းချက်တဲ့အခါ ကြက်ဟင်းခါးသီး ချက်လေ့မရှိဘူး။

ယောက်ျားက ကြိုက်တော့ သူကိုယ်တိုင် မီးဖိုချောင်ဝင်ရင် ကြက်ဟင်းခါးသီးဟင်းက ပါကိုပါတယ်။ ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ ယောက်ျားက အမြဲပြောတယ်။

မိန်းမ မီးဖိုချောင်ဝင်လို့ ကြက်ဟင်းခါးသီးဟင်း မပါရင် ယောက်ျားက အပြစ်မပြောဘူး။ မချက်ရကောင်းလားလို့လည်း မဆူဘူး။ ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ပဲ ပြောတယ်။

ကလေးရလာတော့ ကလေးကလည်း ကြက်ဟင်းခါးသီး မကြိုက်ဘူး။ ဒါပေမဲ့ အမေနဲ့ ဈေးသွားတဲ့အခါ "မေမေ ကြက်ဟင်းခါးသီး ဝယ်ပါ၊ ဖေဖေကြိုက်တယ်" လို့ ပြောတတ်တယ်။

တနေ့မှာ မိန်းမက မီးဖိုချောင်ဝင်တယ်။ အသားနဲ့ ငရုတ်ပွကို သူကြော်ပြီး သားနဲ့သူ့အတွက် ဟင်းတဝက်ကို အရင်ဖယ်ထားလိုက်တယ်။ ကျန်တဲ့ တဝက်ထဲ ကြက်ဟင်းခါးသီး ရောထည့်ကြော်တယ်။ ယောက်ျားအတွက်ပေါ့။

အဲဒါကို ယောက်ျားကတွေ့တော့ ဘာလို့ ခွဲကြော်သလဲ မေးတယ်။ "သားက ကြက်ဟင်းခါးသီး မကြိုက်တော့ အတူရောကြော်ရင် အသားတွေပါ ခါးသွားမှာစိုးလို့" လို့ မိန်းမက ပြောတယ်။ မိန်းမပြောတာကို နားထောင်ပြီးယောက်ျားက ရယ်တယ်။

အဲဒီနောက် ယောက်ျားကပြောတယ်။ "ကြက်ဟင်းခါးသီးဟာ ဘာနဲ့ ရောကြော်ကြော် သူ့အခါးဓာတ်ကို သူနဲ့ ရောကြော်တဲ့အရာထဲ ထည့်မပေးဘူး၊ အခါးဓာတ် ကူးမပေးဘူး။ သူက လူကြီးလူကောင်းလိုမျိုး အသီးပါ" တဲ့။

ကြက်ဟင်းခါးသီးက သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ကူးမပေးဘူး ဆိုတာကို မိန်းမက ယုံတဝက် မယုံတဝက် ဖြစ်ပြီး အတူရောကြော်ထားတဲ့ အသားကို စားကြည့်လိုက်တာ အဲဒီအသားက ခါးမနေတာကို တွေ့ရတယ်။

ဒါကို သားကသိတော့ "ဖေဖေဟာလည်း လူကြီးလူကောင်းပါ။ သူကြိုက်တာကို မလုပ်ပေးလည်း မေမေ့ကိုတခါမှ အပြစ်မဆိုခဲ့ဘူး" တဲ့။ ကိုယ့်ဒေါသ၊ ကိုယ့်စိတ်ခံစားချက်၊ အပျက်ဓာတ်၊ ကိုယ့်ရဲ့မကောင်းတာကို ကိုယ့်ဆီမှာပဲ ချုပ်ငြိမ်းသွားစေပြီး တခြားသူကို ကူးစက်မပေးတာဟာ လူကြီးလူကောင်းပါပဲ။ လူကြီးလူကောင်းများနှင့်သာ အမြဲတွေ့ဆုံနိုင်ကြပါစေ၊ ကိုယ်တိုင်ကလည်း လူကြီးလူကောင်းကဲ့သို့ ကျင့်ကြံနေထိုင်နိုင်ကြပါစေ။ Crd

Zawgyi

ၾကက္ဟင္းခါးသီးလိုလူစား

လင္မယားႏွစ္ေယာက္ရွိတယ္။ ေယာက္်ားက ၾကက္ဟင္းခါးသီး သိပ္ႀကိဳက္တယ္။ မိန္းမက သိပ္မႀကိဳက္ဘူး။ မႀကိဳက္ေတာ့ သူဟင္းခ်က္တဲ့အခါ ၾကက္ဟင္းခါးသီး ခ်က္ေလ့မရွိဘူး။

ေယာက္်ားက ႀကိဳက္ေတာ့ သူကိုယ္တိုင္ မီးဖိုေခ်ာင္ဝင္ရင္ ၾကက္ဟင္းခါးသီးဟင္းက ပါကိုပါတယ္။ ၾကက္ဟင္းခါးသီးစားရင္ ေကာင္းတယ္လို႔ ေယာက္်ားက အၿမဲေျပာတယ္။

မိန္းမ မီးဖိုေခ်ာင္ဝင္လို႔ ၾကက္ဟင္းခါးသီးဟင္း မပါရင္ ေယာက္်ားက အျပစ္မေျပာဘူး။ မခ်က္ရေကာင္းလားလို႔လည္း မဆူဘူး။ ၾကက္ဟင္းခါးသီးစားရင္ ေကာင္းတယ္လို႔ပဲ ေျပာတယ္။

ကေလးရလာေတာ့ ကေလးကလည္း ၾကက္ဟင္းခါးသီး မႀကိဳက္ဘူး။ ဒါေပမဲ့ အေမနဲ႔ ေဈးသြားတဲ့အခါ "ေမေမ ၾကက္ဟင္းခါးသီး ဝယ္ပါ၊ ေဖေဖႀကိဳက္တယ္" လို႔ ေျပာတတ္တယ္။

တေန႔မွာ မိန္းမက မီးဖိုေခ်ာင္ဝင္တယ္။ အသားနဲ႔ င႐ုတ္ပြကို သူေၾကာ္ၿပီး သားနဲ႔သူ႔အတြက္ ဟင္းတဝက္ကို အရင္ဖယ္ထားလိုက္တယ္။ က်န္တဲ့ တဝက္ထဲ ၾကက္ဟင္းခါးသီး ေရာထည့္ေၾကာ္တယ္။ ေယာက္်ားအတြက္ေပါ့။

အဲဒါကို ေယာက္်ားကေတြ႕ေတာ့ ဘာလို႔ ခြဲေၾကာ္သလဲ ေမးတယ္။ "သားက ၾကက္ဟင္းခါးသီး မႀကိဳက္ေတာ့ အတူေရာေၾကာ္ရင္ အသားေတြပါ ခါးသြားမွာစိုးလို႔" လို႔ မိန္းမက ေျပာတယ္။ မိန္းမေျပာတာကို နားေထာင္ၿပီးေယာက္်ားက ရယ္တယ္။

အဲဒီေနာက္ ေယာက္်ားကေျပာတယ္။ "ၾကက္ဟင္းခါးသီးဟာ ဘာနဲ႔ ေရာေၾကာ္ေၾကာ္ သူ႔အခါးဓာတ္ကို သူနဲ႔ ေရာေၾကာ္တဲ့အရာထဲ ထည့္မေပးဘူး၊ အခါးဓာတ္ ကူးမေပးဘူး။ သူက လူႀကီးလူေကာင္းလိုမ်ိဳး အသီးပါ" တဲ့။

ၾကက္ဟင္းခါးသီးက သူ႔အခါးဓာတ္ကို သူနဲ႔ေရာေၾကာ္တဲ့အရာထဲ ကူးမေပးဘူး ဆိုတာကို မိန္းမက ယုံတဝက္ မယုံတဝက္ ျဖစ္ၿပီး အတူေရာေၾကာ္ထားတဲ့ အသားကို စားၾကည့္လိုက္တာ အဲဒီအသားက ခါးမေနတာကို ေတြ႕ရတယ္။

ဒါကို သားကသိေတာ့ "ေဖေဖဟာလည္း လူႀကီးလူေကာင္းပါ။ သူႀကိဳက္တာကို မလုပ္ေပးလည္း ေမေမ့ကိုတခါမွ အျပစ္မဆိုခဲ့ဘူး" တဲ့။ ကိုယ့္ေဒါသ၊ ကိုယ့္စိတ္ခံစားခ်က္၊ အပ်က္ဓာတ္၊ ကိုယ့္ရဲ႕မေကာင္းတာကို ကိုယ့္ဆီမွာပဲ ခ်ဳပ္ၿငိမ္းသြားေစၿပီး တျခားသူကို ကူးစက္မေပးတာဟာ လူႀကီးလူေကာင္းပါပဲ။ လူႀကီးလူေကာင္းမ်ားႏွင့္သာ အၿမဲေတြ႕ဆုံႏိုင္ၾကပါေစ၊ ကိုယ္တိုင္ကလည္း လူႀကီးလူေကာင္းကဲ့သို႔ က်င့္ႀကံေနထိုင္ႏိုင္ၾကပါေစ။ Crd