ဂျပန်နိုင်ငံက တိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင် စည်းကမ်းရှိတဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုချင်းမတူညီတာကြောင့် ဂျပန်နိုင်ငံက ယဉ်ကျေးမှုတွေကလည်း အခြားနိုင်ငံတွေနဲ့ ကွဲပြားနေနိုင်ပါတယ်။ ဂျပန်နိုင်ငံက အိမ်တွေမှာသာ တွေ့နိုင်တဲ့ စိတ်ဝင်စားစရာ အလေ့အထလေးတွေလည်း ရှိပါတယ်။

၁။ သန့်စင်ခန်းသုံးဖိနပ်

ဂျပန်နိုင်ငံက သန့်စင်ခန်းတွေမှာ သီးသန့်သုံးဖို့အတွက် ဖိနပ်အပါးလေးတွေကို ထားပေးထားပါတယ်။ ဂျပန်လူမျိုးတွေက သန့်ရှင်းရေးကို ဉီးစားပေးတတ်ကြပါတယ်။ ပုံမှန်စီးနေတဲ့ဖိနပ်နဲ့ သန့်စင်ခန်းထဲကို မဝင်စေလိုတာကြောင့် ဖိနပ်သီးသန့်ကို ထားပေးတတ်ပါတယ်။

၂။ လက်ဆေးခြင်း

ဂျပန်လူမျိုးတွေက လူများတဲ့နေရာတွေကနေ အိမ်ကို ပြန်လာတဲ့အခါမှာ အိမ်ထဲကို ဝင်တာနဲ့ လက်ကို ဆေးပါတယ်။ ဒါ့အပြင် လည်ချောင်းကိုလည်း သန့်ရှင်းရေးလုပ်ပါသေးတယ်။ အိမ်ပြန်ရောက်တာနဲ့ ရေနွေးသောက်ပြီးတော့ လည်ချောင်းသန့်ရှင်းရေးကို ပြုလုပ်ပါတယ်။

၃။ အိမ်ထဲစီးဖိနပ်

ဂျပန်လူမျိုးတွေရဲ့ အိမ်ကို သွားမယ်ဆိုရင်အိမ်အဝင်မှာကတည်းက ဖိနပ်ကို ချွတ်ခဲ့ရပါတယ်။ ဧည့်သည်တွေ အိမ်ထဲမှာ စီးဖို့ ဖိနပ်ပါးလေး ထားပေးပြီး ဧည့်သည်ပြန်သွားတဲ့အခါ အဲဒီဖိနပ်ကို လွှင့်ပစ်လိုက်ကြပါတယ်။

၄။ ရေသန့်

ဂျပန်နိုင်ငံမှာ သောက်ရေသန့်ရှင်းမှုကို အထူးအလေးထားပါတယ်။ သောက်ရေတွေကို သန့်ရှင်းအောင် ပြုလုပ်ထားတာကြောင့် ရေပိုက်ခေါင်းက ရေကို ဇကာမလိုဘဲ ဒီတိုင်းသောက်လိုက်လို့ရပါတယ်။ ဒါ့အပြင် အခြားနေရာက ရေတွေကိုလည်း စိတ်ချလက်ချ သောက်လို့ရပါသေးတယ်။

၅။ အတွင်းခံအဝတ်အစား

ကမ္ဘာပေါ်က အခြားနိုင်ငံတွေမှာ အတွင်းခံအဝတ်အစားတွေကို လျှော်ပြီးတဲ့အခါ စိုထိုင်းမှုမဖြစ်အောင် လေအဝင်အထွက်ကောင်းတဲ့နေရာတွေမှာ လှမ်းလေ့ရှိကြပါတယ်။ ဂျပန်အမျိုးသမီးတွေက အတွင်းခံအဝတ်အစားတွေကို လူမြင်တဲ့နေရာတွေမှာ မလှန်းကြပါဘူး။ အတွင်းခံအဝတ်အစားတွေကို အခြောက်ခံပေးတဲ့စက်ထဲမှာပဲ တစ်ခါတည်းအခြောက်ခံလိုက်တာကြောင့် ဘယ်သူမှ မမြင်တော့ပါဘူး။

၆။ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ထားခြင်း

ဂျပန်လူမျိုးတွေက အသုံးမလိုတဲ့အရာတွေကို နောင်တမထားဘဲ ဖယ်ရှားပစ်လိုက်ကြပါတယ်။ အဝတ်အစားတွေကို အမျိုးအစားခွဲပြီး သပ်သပ်ရပ်ရပ် ထားတတ်ကြပါတယ်။ အဲဒါကြောင့် အဝတ်အစားတွေ ရှာတဲ့အခါမှာလည်း မခက်ခဲတော့ပါဘူး။

၇။ အိမ်သာခွက်အနားကွပ်

ဂျပန်နိုင်ငံမှာ ပုံမှန်သုံးနေကျ အိမ်သာခွက်အနားကွပ်ကို တွေ့ရခဲ့ပါတယ်။ အဲဒီအစား အိမ်သာသုံးစက္ကူကိုသာ ပေါပေါများများ အသုံးပြုကြပါတယ်။

၈။ သစ်သီးတွေကို ရေမဆေးခြင်း

ဂျပန်လူမျိုးတွေက စူပါမားကတ်ကနေ သစ်သီးတွေကို ဝယ်လာတဲ့အခါ ရေမဆေးဘဲ အဆင်သင့်စားလိုက်ကြပါတယ်။ သစ်သီးတွေကို စူပါမားကတ်မှာကတည်းက သန့်ရှင်းပေးထားပါတယ်။ သစ်သီးတွေရဲ့ သန့်ရှင်းမှုနဲ့ လူတွေရဲ့ကျန်းမာရေးကို စူပါမားကတ်တွေက အထူးဆောင်ရွက်ပေးတာကြောင့်ပါ။

Zombie (lovemedia)

for zawgyi

ဂ်ပန္ႏိုင္ငံမွာသာ ေတြ႕ႏိုင္မယ့္ ထူးျခားတဲ့ ေန႔စဥ္အေလ့အထမ်ား

ဂ်ပန္ႏိုင္ငံက တိုးတက္တဲ့ႏိုင္ငံတစ္ခုျဖစ္တဲ့အျပင္ စည္းကမ္းရွိတဲ့ႏိုင္ငံတစ္ႏိုင္ငံလည္း ျဖစ္ပါတယ္။ ကမာၻေပၚမွာ ယဥ္ေက်းမႈခ်င္းမတူညီတာေၾကာင့္ ဂ်ပန္ႏိုင္ငံက ယဥ္ေက်းမႈေတြကလည္း အျခားႏိုင္ငံေတြနဲ႔ ကြဲျပားေနႏိုင္ပါတယ္။ ဂ်ပန္ႏိုင္ငံက အိမ္ေတြမွာသာ ေတြ႕ႏိုင္တဲ့ စိတ္ဝင္စားစရာ အေလ့အထေလးေတြလည္း ရွိပါတယ္။

၁။ သန႔္စင္ခန္းသုံးဖိနပ္

ဂ်ပန္ႏိုင္ငံက သန႔္စင္ခန္းေတြမွာ သီးသန႔္သုံးဖို႔အတြက္ ဖိနပ္အပါးေလးေတြကို ထားေပးထားပါတယ္။ ဂ်ပန္လူမ်ိဳးေတြက သန႔္ရွင္းေရးကို ဉီးစားေပးတတ္ၾကပါတယ္။ ပုံမွန္စီးေနတဲ့ဖိနပ္နဲ႔ သန႔္စင္ခန္းထဲကို မဝင္ေစလိုတာေၾကာင့္ ဖိနပ္သီးသန႔္ကို ထားေပးတတ္ပါတယ္။

၂။ လက္ေဆးျခင္း

ဂ်ပန္လူမ်ိဳးေတြက လူမ်ားတဲ့ေနရာေတြကေန အိမ္ကို ျပန္လာတဲ့အခါမွာ အိမ္ထဲကို ဝင္တာနဲ႔ လက္ကို ေဆးပါတယ္။ ဒါ့အျပင္ လည္ေခ်ာင္းကိုလည္း သန႔္ရွင္းေရးလုပ္ပါေသးတယ္။ အိမ္ျပန္ေရာက္တာနဲ႔ ေရေႏြးေသာက္ၿပီးေတာ့ လည္ေခ်ာင္းသန႔္ရွင္းေရးကို ျပဳလုပ္ပါတယ္။

၃။ အိမ္ထဲစီးဖိနပ္

ဂ်ပန္လူမ်ိဳးေတြရဲ႕ အိမ္ကို သြားမယ္ဆိုရင္အိမ္အဝင္မွာကတည္းက ဖိနပ္ကို ခြၽတ္ခဲ့ရပါတယ္။ ဧည့္သည္ေတြ အိမ္ထဲမွာ စီးဖို႔ ဖိနပ္ပါးေလး ထားေပးၿပီး ဧည့္သည္ျပန္သြားတဲ့အခါ အဲဒီဖိနပ္ကို လႊင့္ပစ္လိုက္ၾကပါတယ္။

၄။ ေရသန႔္

ဂ်ပန္ႏိုင္ငံမွာ ေသာက္ေရသန႔္ရွင္းမႈကို အထူးအေလးထားပါတယ္။ ေသာက္ေရေတြကို သန႔္ရွင္းေအာင္ ျပဳလုပ္ထားတာေၾကာင့္ ေရပိုက္ေခါင္းက ေရကို ဇကာမလိုဘဲ ဒီတိုင္းေသာက္လိုက္လို႔ရပါတယ္။ ဒါ့အျပင္ အျခားေနရာက ေရေတြကိုလည္း စိတ္ခ်လက္ခ် ေသာက္လို႔ရပါေသးတယ္။

၅။ အတြင္းခံအဝတ္အစား

ကမာၻေပၚက အျခားႏိုင္ငံေတြမွာ အတြင္းခံအဝတ္အစားေတြကို ေလွ်ာ္ၿပီးတဲ့အခါ စိုထိုင္းမႈမျဖစ္ေအာင္ ေလအဝင္အထြက္ေကာင္းတဲ့ေနရာေတြမွာ လွမ္းေလ့ရွိၾကပါတယ္။ ဂ်ပန္အမ်ိဳးသမီးေတြက အတြင္းခံအဝတ္အစားေတြကို လူျမင္တဲ့ေနရာေတြမွာ မလွန္းၾကပါဘူး။ အတြင္းခံအဝတ္အစားေတြကို အေျခာက္ခံေပးတဲ့စက္ထဲမွာပဲ တစ္ခါတည္းအေျခာက္ခံလိုက္တာေၾကာင့္ ဘယ္သူမွ မျမင္ေတာ့ပါဘူး။

၆။ အဝတ္အစားေတြကို သပ္သပ္ရပ္ရပ္ထားျခင္း

ဂ်ပန္လူမ်ိဳးေတြက အသုံးမလိုတဲ့အရာေတြကို ေနာင္တမထားဘဲ ဖယ္ရွားပစ္လိုက္ၾကပါတယ္။ အဝတ္အစားေတြကို အမ်ိဳးအစားခြဲၿပီး သပ္သပ္ရပ္ရပ္ ထားတတ္ၾကပါတယ္။ အဲဒါေၾကာင့္ အဝတ္အစားေတြ ရွာတဲ့အခါမွာလည္း မခက္ခဲေတာ့ပါဘူး။

၇။ အိမ္သာခြက္အနားကြပ္

ဂ်ပန္ႏိုင္ငံမွာ ပုံမွန္သုံးေနက် အိမ္သာခြက္အနားကြပ္ကို ေတြ႕ရခဲ့ပါတယ္။ အဲဒီအစား အိမ္သာသုံးစကၠဴကိုသာ ေပါေပါမ်ားမ်ား အသုံးျပဳၾကပါတယ္။

၈။ သစ္သီးေတြကို ေရမေဆးျခင္း

ဂ်ပန္လူမ်ိဳးေတြက စူပါမားကတ္ကေန သစ္သီးေတြကို ဝယ္လာတဲ့အခါ ေရမေဆးဘဲ အဆင္သင့္စားလိုက္ၾကပါတယ္။ သစ္သီးေတြကို စူပါမားကတ္မွာကတည္းက သန႔္ရွင္းေပးထားပါတယ္။ သစ္သီးေတြရဲ႕ သန႔္ရွင္းမႈနဲ႔ လူေတြရဲ႕က်န္းမာေရးကို စူပါမားကတ္ေတြက အထူးေဆာင္႐ြက္ေပးတာေၾကာင့္ပါ။

Zombie (lovemedia)