မျိုးရိုးဗီဇ၊ အသက်အရွယ်၊ နေလောင်ဒဏ်စတဲ့အကြောင်းအချက်တွေကြောင့် ချွေးပေါက်တွေ ကျယ်လာပါတယ်။ ဒါပေမယ့် ကျယ်လာတဲ့ချွေးပေါက်တွေကို ကျဉ်းသွားအောင်လို့ ပြုလုပ်လို့ရပါတယ်။

၁။ အသားအရေနဲ့ ကိုက်ညီတဲ့ cleanser ကို အသုံးပြုပါ။

Cleanser မကောင်းတာကြောင့် ချွေးပေါက်တွေ ကျယ်လာတတ်ပါတယ်။ Cleanser ကို ရွေးချယ်တဲ့အခါ pH 4.7 နဲ့ 5.75 ခန့်ရှိတဲ့ cleanser ကိုသာ ရွေးချယ်ပါ။ cleanser ရွေးတာမှားရင် ဝက်ခြံတွေ ပိုထွက်လာတတ်ပါတယ်။

၂။ Daycream ကို အဆီပြန်တဲ့ နှာခေါင်းနေရာမှာ မလိမ်းသင့်ပါဘူး။

နှာခေါင်းမှာ အမည်းစက်၊ ဆားဝက်ခြံတွေရှိရင်၊ အဆီတွေ အရမ်းပြန်နေရင် Daycream ကို မလိမ်းသင့်ပါဘူး။ Sunscreen ကို ရွေးချယ်တဲ့အခါအဆီမပါဝင်တာကို ရွေးပါ။

၃။ Glycolic acid

ချွေးပေါက်ကျယ်သူဆိုရင် Glycolic acid ကို အသုံးပြုနိုင်ပါတယ်။ Glycolic acid က ချွေးပေါက်ပိတ်တာကို သက်သာစေပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပါတယ်။

၄။ မျက်နှာကို ရေနွေးနဲ့ သစ်ပါ။

ချွေးပေါက်တွေ ကျယ်လာတဲ့အခါ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေနွေးနဲ့ မျက်နှာသစ်ပေးပါ။ ရေက အရမ်းမပူဖို့အတွက် သတိထားသင့်ပါတယ်။ ရေနွေးက အရမ်းပူနေရင် မျက်နှာအသားအရေက ပိုဆိုးသွားတတ်ပါတယ်။

၅။ အဆီမပါဝင်တဲ့ Sunscreen ကိုလိမ်းပါ။

Sunscreen ကလည်း ချွေးပေါက်တွေကို ပိတ်စေပါတယ်။ ဝက်ခြံထွက်တတ်ပြီး အသားအရေအဆီပြန်တတ်သူတွေအတွက် အဆီမပါဝင်တဲ့ Sunscreen ကိုလိမ်းပါ။ ဒါ့အပြင် ရေစိုခံတဲ့ Sunscreen ကိုလည်း ရှောင်သင့်ပါတယ်။ အသားအရေ ခြောက်သွေ့တတ်သူအတွက် အစိုဓာတ်ဖြည့်ပေးတဲ့ Sunscreen က သင့်တော်ပါတယ်။

၆။ အဆီစုပ်တဲ့ စက္ကူကို အသုံးပြုပါ။

အဆီပြန်တဲ့မျက်နှာအသားအရေတွေမှာ ချွေးပေါက်တွေ ပိုကျယ်လာတတ်ပါတယ်။ မျက်နှာအဆီပြန်တာနဲ့ ချွေးပေါက်ကျယ်တာကို သက်သာစေဖို့အတွက် အဆီစုပ်တဲ့စက္ကူကို မျက်နှာမှာ ကပ်ပေးနိုင်ပါတယ်။

၇။ အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေအတွက် အရည်များတဲ့ အလှအပပစ္စည်းတွေကု ရှောင်ပါ။

အရည်များတဲ့ အလှအပပစ္စည်းတွေက အသားအရေကို ပိုထိခိုက်စေပါတယ်။ ချွေးပေါက်ကျယ်သူတွေအတွက် ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် moisturizer ကို သုံးဖို့ အရေပြားဆရာဝန်တွေက အကြံပြုကြပါတယ်။

၈။ နို့ထွက်ပစ္စည်းတွေကို လျှော့စားပါ။

တစ်နေ့ကို နွားနို့ ၂၀၀ မီလီလီတာခန့်သာ သောက်သုံးသင့်ကြောင်း အရေပြားဆရာဝန်တွေက ဆိုပါတယ်။ နို့ထွက်ပစ္စည်းတွေနေရာမှာ အုန်းနို့ကို အစားထိုးပြီး သောက်နိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံစားခြင်းက မျက်နှာမှာ အဆီပြန်ပြီး ချွေးပေါက်တွေ ကျယ်လာစေတာကြောင့်ပါ။

၉။ ချွေးပေါက်ကျယ်တဲ့နေရာတွေမှာ zinc oxide ပါဝင်တဲ့ lotion ကိုလိမ်းပါ။

zinc oxide ကို ဘယ်အသားအရေမှာမဆို အသုံးပြုနိင်ပါတယ်။ ချွေးပေါက်အလွန်ကျယ်နေတဲ့နေရာကို zinc oxide ပါဝင်တဲ့ lotion ကို လိမ်းပေးရင် သိသိသာသာ ချွေးပေါက်ကျဉ်းလာစေပါတယ်။

၁၀။ မျက်နှာကို ကြေးချွတ်ပါ။

ချွေးပေါက်ကျဉ်းစေဖို့ မျက်နှာကို ကြေးချွတ်တာကလည်း ထိရောက်တဲ့နည်းပါ။ ဒါပေမယ့် ကြေးချွတ်တော့မယ်ဆိုရင် အသားအရေနဲ့လိုက်ဖက်တဲ့နည်းလမ်းကို အသုံးပြုသင့်ပါတယ်။ အသားအရေညိုတဲ့သူ သို့မဟုတ် မျက်နှာမှာ အမည်းစက်ရှိသူတွေက အသားအရေကြေးချွတ်တဲ့နည်းလမ်းကို ရှောင်သင့်ပါတယ်။

Zombie (lovemedia)

for zawgyi

ေခြၽးေပါက္က်ဥ္းသြားေစဖို႔ အထိေရာက္ဆုံးနည္းလမ္း (၁၀) မ်ိဳး

မ်ိဳး႐ိုးဗီဇ၊ အသက္အ႐ြယ္၊ ေနေလာင္ဒဏ္စတဲ့အေၾကာင္းအခ်က္ေတြေၾကာင့္ ေခြၽးေပါက္ေတြ က်ယ္လာပါတယ္။ ဒါေပမယ့္ က်ယ္လာတဲ့ေခြၽးေပါက္ေတြကို က်ဥ္းသြားေအာင္လို႔ ျပဳလုပ္လို႔ရပါတယ္။

၁။ အသားအေရနဲ႔ ကိုက္ညီတဲ့ cleanser ကို အသုံးျပဳပါ။

Cleanser မေကာင္းတာေၾကာင့္ ေခြၽးေပါက္ေတြ က်ယ္လာတတ္ပါတယ္။ Cleanser ကို ေ႐ြးခ်ယ္တဲ့အခါ pH 4.7 နဲ႔ 5.75 ခန႔္ရွိတဲ့ cleanser ကိုသာ ေ႐ြးခ်ယ္ပါ။ cleanser ေ႐ြးတာမွားရင္ ဝက္ၿခံေတြ ပိုထြက္လာတတ္ပါတယ္။

၂။ Daycream ကို အဆီျပန္တဲ့ ႏွာေခါင္းေနရာမွာ မလိမ္းသင့္ပါဘူး။

ႏွာေခါင္းမွာ အမည္းစက္၊ ဆားဝက္ၿခံေတြရွိရင္၊ အဆီေတြ အရမ္းျပန္ေနရင္ Daycream ကို မလိမ္းသင့္ပါဘူး။ Sunscreen ကို ေ႐ြးခ်ယ္တဲ့အခါအဆီမပါဝင္တာကို ေ႐ြးပါ။

၃။ Glycolic acid

ေခြၽးေပါက္က်ယ္သူဆိုရင္ Glycolic acid ကို အသုံးျပဳႏိုင္ပါတယ္။ Glycolic acid က ေခြၽးေပါက္ပိတ္တာကို သက္သာေစၿပီး ဆဲလ္ေသေတြကိုလည္း ဖယ္ရွားေပးႏိုင္တဲ့အစြမ္းရွိပါတယ္။

၄။ မ်က္ႏွာကို ေရေႏြးနဲ႔ သစ္ပါ။

ေခြၽးေပါက္ေတြ က်ယ္လာတဲ့အခါ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ ေရေႏြးနဲ႔ မ်က္ႏွာသစ္ေပးပါ။ ေရက အရမ္းမပူဖို႔အတြက္ သတိထားသင့္ပါတယ္။ ေရေႏြးက အရမ္းပူေနရင္ မ်က္ႏွာအသားအေရက ပိုဆိုးသြားတတ္ပါတယ္။

၅။ အဆီမပါဝင္တဲ့ Sunscreen ကိုလိမ္းပါ။

Sunscreen ကလည္း ေခြၽးေပါက္ေတြကို ပိတ္ေစပါတယ္။ ဝက္ၿခံထြက္တတ္ၿပီး အသားအေရအဆီျပန္တတ္သူေတြအတြက္ အဆီမပါဝင္တဲ့ Sunscreen ကိုလိမ္းပါ။ ဒါ့အျပင္ ေရစိုခံတဲ့ Sunscreen ကိုလည္း ေရွာင္သင့္ပါတယ္။ အသားအေရ ေျခာက္ေသြ႕တတ္သူအတြက္ အစိုဓာတ္ျဖည့္ေပးတဲ့ Sunscreen က သင့္ေတာ္ပါတယ္။

၆။ အဆီစုပ္တဲ့ စကၠဴကို အသုံးျပဳပါ။

အဆီျပန္တဲ့မ်က္ႏွာအသားအေရေတြမွာ ေခြၽးေပါက္ေတြ ပိုက်ယ္လာတတ္ပါတယ္။ မ်က္ႏွာအဆီျပန္တာနဲ႔ ေခြၽးေပါက္က်ယ္တာကို သက္သာေစဖို႔အတြက္ အဆီစုပ္တဲ့စကၠဴကို မ်က္ႏွာမွာ ကပ္ေပးႏိုင္ပါတယ္။

၇။ အဆီျပန္တဲ့အသားအေရ ပိုင္ရွင္ေတြအတြက္ အရည္မ်ားတဲ့ အလွအပပစၥည္းေတြကု ေရွာင္ပါ။

အရည္မ်ားတဲ့ အလွအပပစၥည္းေတြက အသားအေရကို ပိုထိခိုက္ေစပါတယ္။ ေခြၽးေပါက္က်ယ္သူေတြအတြက္ ေပါ့ေပါ့ပါးပါး ျဖစ္ေစမယ့္ moisturizer ကို သုံးဖို႔ အေရျပားဆရာဝန္ေတြက အႀကံျပဳၾကပါတယ္။

၈။ ႏို႔ထြက္ပစၥည္းေတြကို ေလွ်ာ့စားပါ။

တစ္ေန႔ကို ႏြားႏို႔ ၂၀၀ မီလီလီတာခန႔္သာ ေသာက္သုံးသင့္ေၾကာင္း အေရျပားဆရာဝန္ေတြက ဆိုပါတယ္။ ႏို႔ထြက္ပစၥည္းေတြေနရာမွာ အုန္းႏို႔ကို အစားထိုးၿပီး ေသာက္ႏိုင္ပါတယ္။ ႏို႔ထြက္ပစၥည္းေတြကို အလြန္အကြၽံစားျခင္းက မ်က္ႏွာမွာ အဆီျပန္ၿပီး ေခြၽးေပါက္ေတြ က်ယ္လာေစတာေၾကာင့္ပါ။

၉။ ေခြၽးေပါက္က်ယ္တဲ့ေနရာေတြမွာ zinc oxide ပါဝင္တဲ့ lotion ကိုလိမ္းပါ။

zinc oxide ကို ဘယ္အသားအေရမွာမဆို အသုံးျပဳနိင္ပါတယ္။ ေခြၽးေပါက္အလြန္က်ယ္ေနတဲ့ေနရာကို zinc oxide ပါဝင္တဲ့ lotion ကို လိမ္းေပးရင္ သိသိသာသာ ေခြၽးေပါက္က်ဥ္းလာေစပါတယ္။

၁၀။ မ်က္ႏွာကို ေၾကးခြၽတ္ပါ။

ေခြၽးေပါက္က်ဥ္းေစဖို႔ မ်က္ႏွာကို ေၾကးခြၽတ္တာကလည္း ထိေရာက္တဲ့နည္းပါ။ ဒါေပမယ့္ ေၾကးခြၽတ္ေတာ့မယ္ဆိုရင္ အသားအေရနဲ႔လိုက္ဖက္တဲ့နည္းလမ္းကို အသုံးျပဳသင့္ပါတယ္။ အသားအေရညိဳတဲ့သူ သို႔မဟုတ္ မ်က္ႏွာမွာ အမည္းစက္ရွိသူေတြက အသားအေရေၾကးခြၽတ္တဲ့နည္းလမ္းကို ေရွာင္သင့္ပါတယ္။

Zombie (lovemedia)