ကနေဒါနိုင်ငံသား အဖေတစ်ယောက်ဟာ သားဖြစ်သူရဲ့ မွေးရာပါအမှတ်အတိုင်း သူ့ခန္ဓာကိုယ်မှာ နာရီ ၃၀ကြာ အနာခံပြီး တက်တူးထိုးခဲ့ပါတယ်။ သားဖြစ်သူကို မွေးရာပါအမှတ်ကြောင့် ဝမ်းနည်းမှုမရစေချင်တဲ့အဖေဟာ သားဖြစ်သူနဲ့ ဆင်တူဖြစ်သွားအောင် တက်တူးထိုးခဲ့လိုက်ပါတယ်။

Derek Prue Sr. ဟာ Alberta မှာ နေထိုင်ပါတယ်။ သားဖြစ်သူ Derek Jr. ဟာ ရေကူးကန်မှာ အင်္ကျီချွတ်တဲ့အခါတိုင်း မွေးရာပါအမှတ်ကြောင့် ရှက်ရွံ့နေခဲ့တာကို အဖေဖြစ်သူကို သတိထားမိခဲ့ပါတယ်။ အဲဒါကြောင့် သားဖြစ်သူ အားမငယ်အောင်လို့ သားနဲ့ဆင်တူဖြစ်သွားအောင် တက်တူးထိုးလိုက်ပါတော့တယ်။

Derek Sr. ဟာ တက်တူးထိုးဖို့အတွက် စုစုပေါင်း နာရီ ၃၀ အချိန်ပေးခဲ့ရပါတယ်။ ပထမဆုံးအကြိမ်တက်တူးထိုးတုန်းက ၄နာရီကြာမြင့်ခဲ့ပါတယ်။ စုစုပေါင်း ၉ ကြိမ်ခွဲပြီး တက်တူးထိုးခဲ့ပါတယ်။ သားဖြစ်သူစိတ်အားမငယ်စေဖို့အတွက် နာရီပေါင်းများစွာ တက်တူးထိုးခဲ့ရပေမယ့်လည်း နာကျင်တယ်လို့ မမှတ်ယူခဲ့ပါဘူး။

သားဖြစ်သူ Derek Jr. ရဲ့ ရင်ဘတ်နဲ့ နံရိုးမှာ မွေးရာပါအမှတ်အသားရှိတာကြောင့် အဖေကလည်း ရင်ဘတ်နဲ့ နံရိုးမှာ တက်တူးထိုးလိုက်ပါတယ်။ အဲဒီနေရာမှာ နာဗ်ကြောတွေများစွာရှိတာကြောင့် အရမ်းကို နာကျင်လွယ်တဲ့ နေရာပါ။

ဒါပေမယ့်လည်း နာကျင်မှုတွေဟာ အဖေရဲ့ချစ်ခြင်းမေတ္တာကို ပြသပါတယ်။ အဖေက သားနဲ့ဆင်တူဖြစ်အောင် တက်တူးထိုးထားကြောင်းကို မပြောထားသေးပါဘူး။ ရေကူးကန်ရောက်တဲ့အခါ အင်္ကျီချွတ်လိုက်မှသာ အဖေရဲ့တက်တူးကို မြင်သွားခဲ့တာပါ။

အဖေနဲ့ဆင်တူ မွေးရာပါအမှတ်အသားရရှိသွားတာကြောင့် သားဖြစ်သူကလည်း ရေကူးကန်မှာ အင်္ကျီချွတ်ဖို့ မဝံ့မရဲမဖြစ်တော့ပါဘူး။ ရဲရဲဝံ့ဝံ့ရေကူးနိုင်သွားပါပြီ။ အခြားသူတွေက မွေးရာပါအမှတ်အသားအကြောင်း မေးလာတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ဖြေကြားနိုင်သွားပါပြီ။ အဖေတွေရဲ့ ချစ်ခြင်းမေတ္တာက အဆုံးမရှိကြောင်းကို Derek Sr.က လက်တွေ့ပြသသွားခဲ့ပါတယ်။

Zombie (lovemedia)