ကမ္ဘာပေါ်မှာ ပင့်ကူမျိုးစိတ်ပေါင်း များစွာထဲကမှ လူသားတွေရဲ့ အသက်ကို ခြိမ်းခြောက်နိုင်တဲ့ ပင့်ကူတွေလည်းရှိပါတယ်။ ဩစတီးယားနိုင်ငံက စူပါမားကတ်တစ်ခုမှာ ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံး ပင့်ကူကို တွေ့ရှိခဲ့တာကြောင့် စူပါမားကတ်ကို ခဏပိတ်လိုက်ပါတယ်။

Brazilian Wandering ပင့်ကူလို့ခေါ်တဲ့ ပင့်ကူက ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံးပင့်ကူထဲမှာ ပါဝင်ပါတယ်။ အကိုက်ခံရပြီးတဲ့အခါ နာရီပေါင်းများစွာ နာကျင်တတ်ပါတယ်။ အကိုက်ခံရပြီးပြီးချင်းမှာပဲ ဆေးကုသမှုကို ခံယူသင့်တာပါ။ အချိန်ကြာလာတာနဲ့အမျှ ပင့်ကူအကိုက်ခံရသူရဲ့ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းက ပြောင်းလဲလာပါတယ်။ မျက်လုံးတွေ ပြာလာပြီး အသက်ရှူရလည်း ခက်လာပါတယ်။

ဒီပင့်ကူအကိုက်ခံရတဲ့သူက မိနစ် ၃၀ အတွင်းမှာ မနေနိုင်လောက်အောင် နာကျင်ဝေဒနာကို ခံစားရပါတယ်။ အချိန်ကြာသွားတဲ့အခါမှာတော့ အသက်အန္တရာယ်ကို ထိခိုက်လာစေတာပါ။

စူပါမားကတ်ရဲ့မန်နေဂျာက Brazilian Wandering ပင့်ကူကို သစ်သီးတန်းက ငှက်ပျောသီးပုံးထဲမှာ တွေ့လိုက်တာပါ။ ပင့်ကူကိုတော့ ဖယ်ရှားနိုင်ခဲ့ပါတယ်။

စူပါမားကတ်ထဲမှာ အဆိပ်ပြင်းပင့်ကူတွေ မရှိအောင်လို့ စူပါမားကတ်တစ်ခုလုံးကို ရှာဖွေပြီးသွားပါပြီ။ အန္တရာယ်ကင်းပြီး စိတ်ချရအောင်လို့ စူပါမားကတ်ထဲက ပစ္စည်းတွေ အားလုံးထုတ်ပြီး သန့်ရှင်းပြီးတဲ့အထိ စူပါမားကတ်ကို ပိတ်ထားမယ့်အကြောင်း ကြေငြာထားပါတယ်။

Zombie (lovemedia)

for zawgyi

အဆိပ္ျပင္းပင့္ကူတစ္ေကာင္ေတြ႕လို႔ ႐ုတ္တရက္ပိတ္လိုက္တဲ့ စူပါမားကတ္

ကမာၻေပၚမွာ ပင့္ကူမ်ိဳးစိတ္ေပါင္း မ်ားစြာထဲကမွ လူသားေတြရဲ႕ အသက္ကို ၿခိမ္းေျခာက္ႏိုင္တဲ့ ပင့္ကူေတြလည္းရွိပါတယ္။ ဩစတီးယားႏိုင္ငံက စူပါမားကတ္တစ္ခုမွာ ကမာၻေပၚက အဆိပ္အျပင္းဆုံး ပင့္ကူကို ေတြ႕ရွိခဲ့တာေၾကာင့္ စူပါမားကတ္ကို ခဏပိတ္လိုက္ပါတယ္။

Brazilian Wandering ပင့္ကူလို႔ေခၚတဲ့ ပင့္ကူက ကမာၻေပၚက အဆိပ္အျပင္းဆုံးပင့္ကူထဲမွာ ပါဝင္ပါတယ္။ အကိုက္ခံရၿပီးတဲ့အခါ နာရီေပါင္းမ်ားစြာ နာက်င္တတ္ပါတယ္။ အကိုက္ခံရၿပီးၿပီးခ်င္းမွာပဲ ေဆးကုသမႈကို ခံယူသင့္တာပါ။ အခ်ိန္ၾကာလာတာနဲ႔အမွ် ပင့္ကူအကိုက္ခံရသူရဲ႕ ေသြးဖိအားနဲ႔ ႏွလုံးခုန္ႏႈန္းက ေျပာင္းလဲလာပါတယ္။ မ်က္လုံးေတြ ျပာလာၿပီး အသက္ရႉရလည္း ခက္လာပါတယ္။

ဒီပင့္ကူအကိုက္ခံရတဲ့သူက မိနစ္ ၃၀ အတြင္းမွာ မေနႏိုင္ေလာက္ေအာင္ နာက်င္ေဝဒနာကို ခံစားရပါတယ္။ အခ်ိန္ၾကာသြားတဲ့အခါမွာေတာ့ အသက္အႏၲရာယ္ကို ထိခိုက္လာေစတာပါ။

စူပါမားကတ္ရဲ႕မန္ေနဂ်ာက Brazilian Wandering ပင့္ကူကို သစ္သီးတန္းက ငွက္ေပ်ာသီးပုံးထဲမွာ ေတြ႕လိုက္တာပါ။ ပင့္ကူကိုေတာ့ ဖယ္ရွားႏိုင္ခဲ့ပါတယ္။

စူပါမားကတ္ထဲမွာ အဆိပ္ျပင္းပင့္ကူေတြ မရွိေအာင္လို႔ စူပါမားကတ္တစ္ခုလုံးကို ရွာေဖြၿပီးသြားပါၿပီ။ အႏၲရာယ္ကင္းၿပီး စိတ္ခ်ရေအာင္လို႔ စူပါမားကတ္ထဲက ပစၥည္းေတြ အားလုံးထုတ္ၿပီး သန႔္ရွင္းၿပီးတဲ့အထိ စူပါမားကတ္ကို ပိတ္ထားမယ့္အေၾကာင္း ေၾကျငာထားပါတယ္။

Zombie (lovemedia)