၁၀ ရာစုနှစ်တုန်းက ဒေါက်ဖိနပ်ကို အမျိုးသားတွေ စီးဖို့ တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒေါက်မြင့်ဖိနပ်ကို အမျိုးသမီးတွေပဲ စီးလာကြပါတော့တယ်။ ဂျာမနီနိုင်ငံက အသက် ၆၁ နှစ်အရွယ် Mark Bryan က အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး အလုပ်သွားတဲ့အခါ ဒေါက်မြင့်ဖိနပ်နဲ့ စကပ်ကို ဝတ်ဆင်လေ့ရှိပါတယ်။ အခြားသူတွေရဲ့အမြင်ကို စိတ်ထဲမထားဘဲ ရဲရဲရင့်ရင့် ဝတ်ဆင်ပါတယ်။

Mark Bryan က စက်ရုပ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ကလေး ၃ယောက်လည်းရှိပါတယ်။ သူဟာ အမြဲတမ်းအလုပ်များတတ်သူပါ။ အင်စတာဂရမ်မှာ ဒေါက်ဖိနပ်စီးပြီး စကတ်ဝတ်ထားတဲ့ပုံတွေကို တင်တဲ့အခါ လူတွေက အများကြီး သဘောကျကြပါတယ်။

ရုံးဝတ်စုံကို ဒီလိုအပြောင်းအလဲဖြစ်အောင် ဝတ်ဆင်ခဲ့တာက လွန်ခြ့တဲ့ ၄ နှစ်ကတည်းကပါ။ နေ့စဉ်ဝတ်နေတာဖြစ်လို့ သူ့အတွက်တော့ မထူးဆန်းတော့ပါဘူး။ သူ့ရဲ့ဝတ်စုံက သူ့အတွက အားအင်တွေရစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း ရှိလာစေပါတယ်။

Mark Bryanက စကတ်တွေ ဝတ်ရတာကို ပိုပြီး သဘောကျပါတယ်။ စကတ်ဝတ်တဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်က ပိုမိုပေါ်လွင်တာကြောင့်ပါ။ Mark Bryan က midi စကတ်နဲ့ mini စကတ်တွေကိုအများဆုံးဝတ်ပါတယ်။ မတူညီတဲ့အရောင်တွေနဲ့ လှပတဲ့စကတ်တွေက Mark Bryan ဆီမှာ အများကြီးပါပဲ။


သူ့ရဲ့အဝတ်အစားတွေကို ပြောင်းလဲမယ့်အကြောင်း ကလေးတွေကို စတင်ရှင်းပြခဲ့ပါတယ်။ ဒီလိုမျိုးစကတ်ဝတ်တာက လိင်တူချင်း သဘောကျတဲ့စိတ်ကြောင့်မဟုတ်ဘဲ ဖက်ရှင်တစ်ခုအဖြစ် ဝတ်ဆင်တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့သမီးကလည်း အဖေဆီကနေ ဖိနပ်နဲ့ စကတ်တွေကို ယူဝတ်လို့ရနေပါပြီ။ ဇနီးဖြစ်သူကလည်း Mark Bryan ကို အများကြီး ပံ့ပိုးပေးပါတယ်။ သူမကိုယ်တိုင် စကတ်တွေကို ရွေးချယ်ပေးပါတယ်။

နေ့စဉ်ရုံးဝတ်စုံကို စကတ်အဖြစ်ပြောင်းလဲလိုက်တာကြောင့် လူအများရဲ့လှောင်ပြောင်မှု၊ ဝေဖန်မှုတွေကို Mark Bryan ရရှိခဲ့ပါတယ်။ ဒါပေမယ့် Mark Bryan က အခြားသူတွေရဲ့အမြင်တွေနဲ့ သူတို့ရဲ့အဝတ်အစားတွေကို စိတ်မဝင်စားဘဲ သူသဘောကျတဲ့အရာကိုသာ ဆက်လုပ်နေခဲ့တာပါ။

Zombie (lovemedia)

for zawgyi

ေဒါက္ဖိနပ္စီး၊ စကတ္ဝတ္ၿပီး ေန႔စဥ္႐ုံးတတ္တဲ့ အမ်ိဳးသား

၁၀ ရာစုႏွစ္တုန္းက ေဒါက္ဖိနပ္ကို အမ်ိဳးသားေတြ စီးဖို႔ တီထြင္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေဒါက္ျမင့္ဖိနပ္ကို အမ်ိဳးသမီးေတြပဲ စီးလာၾကပါေတာ့တယ္။ ဂ်ာမနီႏိုင္ငံက အသက္ ၆၁ ႏွစ္အ႐ြယ္ Mark Bryan က အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ၿပီး အလုပ္သြားတဲ့အခါ ေဒါက္ျမင့္ဖိနပ္နဲ႔ စကပ္ကို ဝတ္ဆင္ေလ့ရွိပါတယ္။ အျခားသူေတြရဲ႕အျမင္ကို စိတ္ထဲမထားဘဲ ရဲရဲရင့္ရင့္ ဝတ္ဆင္ပါတယ္။

Mark Bryan က စက္႐ုပ္အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ၿပီး ကေလး ၃ေယာက္လည္းရွိပါတယ္။ သူဟာ အၿမဲတမ္းအလုပ္မ်ားတတ္သူပါ။ အင္စတာဂရမ္မွာ ေဒါက္ဖိနပ္စီးၿပီး စကတ္ဝတ္ထားတဲ့ပုံေတြကို တင္တဲ့အခါ လူေတြက အမ်ားႀကီး သေဘာက်ၾကပါတယ္။

႐ုံးဝတ္စုံကို ဒီလိုအေျပာင္းအလဲျဖစ္ေအာင္ ဝတ္ဆင္ခဲ့တာက လြန္ျခ့တဲ့ ၄ ႏွစ္ကတည္းကပါ။ ေန႔စဥ္ဝတ္ေနတာျဖစ္လို႔ သူ႔အတြက္ေတာ့ မထူးဆန္းေတာ့ပါဘူး။ သူ႔ရဲ႕ဝတ္စုံက သူ႔အတြက အားအင္ေတြရေစၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြလည္း ရွိလာေစပါတယ္။

Mark Bryanက စကတ္ေတြ ဝတ္ရတာကို ပိုၿပီး သေဘာက်ပါတယ္။ စကတ္ဝတ္တဲ့အခါ သူ႔ရဲ႕ခႏၶာကိုယ္က ပိုမိုေပၚလြင္တာေၾကာင့္ပါ။ Mark Bryan က midi စကတ္နဲ႔ mini စကတ္ေတြကိုအမ်ားဆုံးဝတ္ပါတယ္။ မတူညီတဲ့အေရာင္ေတြနဲ႔ လွပတဲ့စကတ္ေတြက Mark Bryan ဆီမွာ အမ်ားႀကီးပါပဲ။

သူ႔ရဲ႕အဝတ္အစားေတြကို ေျပာင္းလဲမယ့္အေၾကာင္း ကေလးေတြကို စတင္ရွင္းျပခဲ့ပါတယ္။ ဒီလိုမ်ိဳးစကတ္ဝတ္တာက လိင္တူခ်င္း သေဘာက်တဲ့စိတ္ေၾကာင့္မဟုတ္ဘဲ ဖက္ရွင္တစ္ခုအျဖစ္ ဝတ္ဆင္တာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။ အခုဆိုရင္ သူ႔ရဲ႕သမီးကလည္း အေဖဆီကေန ဖိနပ္နဲ႔ စကတ္ေတြကို ယူဝတ္လို႔ရေနပါၿပီ။ ဇနီးျဖစ္သူကလည္း Mark Bryan ကို အမ်ားႀကီး ပံ့ပိုးေပးပါတယ္။ သူမကိုယ္တိုင္ စကတ္ေတြကို ေ႐ြးခ်ယ္ေပးပါတယ္။

ေန႔စဥ္႐ုံးဝတ္စုံကို စကတ္အျဖစ္ေျပာင္းလဲလိုက္တာေၾကာင့္ လူအမ်ားရဲ႕ေလွာင္ေျပာင္မႈ၊ ေဝဖန္မႈေတြကို Mark Bryan ရရွိခဲ့ပါတယ္။ ဒါေပမယ့္ Mark Bryan က အျခားသူေတြရဲ႕အျမင္ေတြနဲ႔ သူတို႔ရဲ႕အဝတ္အစားေတြကို စိတ္မဝင္စားဘဲ သူသေဘာက်တဲ့အရာကိုသာ ဆက္လုပ္ေနခဲ့တာပါ။

Zombie (lovemedia)