ခွေးလေးတွေက သခင်နဲ့ အိမ်ကို စောင့်ရှောက်ပေးကြပါတယ်။ ဒါပေမယ့် စောင့်ရှောက်ပေးတဲ့ပုံချင်းကတော့ မတူပါဘူး။

လူတစ်ယောက်ဟာ အိမ်တစ်အိမ်ကနေ စက်ဘီးဝင်ခိုးနေတုန်းက အိမ်ရှင်ရဲ့ခွေးက သူခိုးနဲ့အတူ လာဆော့ပါတယ်။ သူခိုးကလည်း စက်ဘီး ခိုးတာကိုရပ်ပြီး ခွေးလေးနဲ့အတူတူ ဆော့ပေးနေတဲ့ဗီဒီယိုဖိုင်လေးက လူကြိုက်များနေခဲ့ပါတယ်။

ဗီဒီယိုထဲမှာ သူခိုးက ဒေါ်လာ ၁၃၀၀ တန်တဲ့စက်ဘီးကို ခိုးနေခဲ့တာပါ။ အဲဒီအချိန်မှာ ချစ်စရာကောင်းတဲ့ခွေးလေးက အိမ်ထဲကနေ ထွက်လာပြီး သူခိုးနဲ့အတူတူ လာဆော့ပါတယ်။ ပုံမှန်ခွေးတွေက လူစိမ်းဆိုရင် ဟောင်ပေမယ့် ဒီခွေးလေးကတော့ သူခိုးနဲ့တောင် အတူတူ ဆော့နေပါသေးတယ်။

သူခိုးက စက်ဘီးကို ခိုးပြီးမှ ခွေးနဲ့အတူတူ ဆက်ဆော့နေပါသေးတာပါ။ အဲဒီအချိန်မှာ အိမ်ရှင်တွေလည်း မရှိပါဘူး။ အဲဒါကြောင့် သူခိုးက စက်ဘီးကိုခိုးပြီးနောက် ခွေးနဲ့ အေးအေးဆေးဆေး ဆော့နိုင်ခဲ့တာပါ။ စက်ဘီးကလည်း တန်ဖိုးကြီးတဲ့စက်ဘီးဖြစ်တာကြောင့် သူခိုးမျက်စိကျစရာကောင်းနေခဲ့ပါတယ်။

သူခိုးကလည်း ခွေးချစ်တတ်ပုံပါပဲ။ ဒါပေမယ့် စက်ဘီးကတော့ ပါသွားခဲ့ပါတယ်။ အခုတော့ အိမ်ရှင်က သူခိုးကို ဖမ်းမိဖို့ ရဲဌာနကို အကြောင်းကြားထားပါတယ်။

Zombie (lovemedia)

for zawgyi

အိမ္ကို ဝင္ခိုးတဲ့ သူခိုးကို မေဟာင္ဘဲ သူခိုးနဲ႔ေဆာ့ေနခဲ့တဲ့ေခြးေလး

ေခြးေလးေတြက သခင္နဲ႔ အိမ္ကို ေစာင့္ေရွာက္ေပးၾကပါတယ္။ ဒါေပမယ့္ ေစာင့္ေရွာက္ေပးတဲ့ပုံခ်င္းကေတာ့ မတူပါဘူး။

လူတစ္ေယာက္ဟာ အိမ္တစ္အိမ္ကေန စက္ဘီးဝင္ခိုးေနတုန္းက အိမ္ရွင္ရဲ႕ေခြးက သူခိုးနဲ႔အတူ လာေဆာ့ပါတယ္။ သူခိုးကလည္း စက္ဘီး ခိုးတာကိုရပ္ၿပီး ေခြးေလးနဲ႔အတူတူ ေဆာ့ေပးေနတဲ့ဗီဒီယိုဖိုင္ေလးက လူႀကိဳက္မ်ားေနခဲ့ပါတယ္။

ဗီဒီယိုထဲမွာ သူခိုးက ေဒၚလာ ၁၃၀၀ တန္တဲ့စက္ဘီးကို ခိုးေနခဲ့တာပါ။ အဲဒီအခ်ိန္မွာ ခ်စ္စရာေကာင္းတဲ့ေခြးေလးက အိမ္ထဲကေန ထြက္လာၿပီး သူခိုးနဲ႔အတူတူ လာေဆာ့ပါတယ္။ ပုံမွန္ေခြးေတြက လူစိမ္းဆိုရင္ ေဟာင္ေပမယ့္ ဒီေခြးေလးကေတာ့ သူခိုးနဲ႔ေတာင္ အတူတူ ေဆာ့ေနပါေသးတယ္။

သူခိုးက စက္ဘီးကို ခိုးၿပီးမွ ေခြးနဲ႔အတူတူ ဆက္ေဆာ့ေနပါေသးတာပါ။ အဲဒီအခ်ိန္မွာ အိမ္ရွင္ေတြလည္း မရွိပါဘူး။ အဲဒါေၾကာင့္ သူခိုးက စက္ဘီးကိုခိုးၿပီးေနာက္ ေခြးနဲ႔ ေအးေအးေဆးေဆး ေဆာ့ႏိုင္ခဲ့တာပါ။ စက္ဘီးကလည္း တန္ဖိုးႀကီးတဲ့စက္ဘီးျဖစ္တာေၾကာင့္ သူခိုးမ်က္စိက်စရာေကာင္းေနခဲ့ပါတယ္။

သူခိုးကလည္း ေခြးခ်စ္တတ္ပုံပါပဲ။ ဒါေပမယ့္ စက္ဘီးကေတာ့ ပါသြားခဲ့ပါတယ္။ အခုေတာ့ အိမ္ရွင္က သူခိုးကို ဖမ္းမိဖို႔ ရဲဌာနကို အေၾကာင္းၾကားထားပါတယ္။

Zombie (lovemedia)