စိတ်ဓာတ်ရင့်ကျက်မှုထဲမှာ စိတ်ခံစားချက်တွေကို ထိန်းချုပ်တာ၊ အမှားအတွက် အခြားသူတွေကို အပြစ်မတင်ဘဲ တာဝန်ယူမှုရှိတာ၊ အခြားသူတွေရဲ့ မတူတဲ့အမြင်တွေအပေါ် လက်ခံနိုင်တာတို့ ပါဝင်ပါတယ်။ ဒါပေမယ့် မိဘတွေက စိတ်ဓာတ်မရင့်ကျက်တဲ့အခါ သားသမီးတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိစေပါတယ်။

၁။ ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကိုသာ ဖြည့်ဆည်းပေးခြင်း

မိဘတွေက ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ မပေးနိုင်တဲ့အခါ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မသိတော့ပါဘူး။ ကလေးက အသက်ကြီးလာရင်တောင် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အားငယ်တာ၊ ဝမ်းနည်းတာမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။

၂။ ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းမသိခြင်း

ကြီးကြီးမားမား စိတ်ထိခိုက်စရာနဲ့ ကြုံတွေ့လာရတဲ့အခါ စိတ်ဓာတ်ရင့်ကျက်တဲ့မိဘတွေက တကယ်ကို ခွန်အားတွေပေးနိုင်ပါတယ်။ ဒါပေမယ့် မိဘတွေကိုယ်တိုင်က စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းချုပ်ရမှန်းမသိတဲ့အခါ သားသမီးတွေကိုလည်း လမ်းညွှန်ချက်တွေ ပေးနိုင်မှာမဟုတ်ပါဘူး။ နောက်ပိုင်းမှာတော့ သားသမီးနဲ့ မိဘကြားမှာ ပိုပြီး ဝေးကွာလာစေပါတယ်။

၃။ ခြားနားချက်တွေကို သည်းမခံနိုင်ခြင်း

စိတ်ဓာတ်မရင့်ကျက်တဲ့မိဘတွေက သူတို့ဖြစ်ချင်တဲ့အရာကိုသာသိပြီး ကလေးတွေကိုလည်း သူတို့သဘောအတိုင်းသာ လုပ်ခိုင်းတတ်ပါတယ်။ ကလေးတွေရဲ့ မတူညီတဲ့အမြင်တွေကို နားထောင်ပေးတာလည်းမရှိသလို ဆွေးနွေးတာလည်း မရှိပါဘူး။ အဲဒါကြောင့် ကလေးတွေက မိဘကို မလွန်ဆန်နိုင်ဘဲ မပျော်ရွှင်တဲ့အရာတွေကို လုပ်နေရတတ်ပါတယ်။

၄။ ကလေးဆန်ခြင်း

မိဘတွေက မရင့်ကျက်တာကြောင့် သူတို့ကိုယ်တိုင်က ကလေးဆန်နေတတ်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ စိတ်ထဲမှာ လိုအပ်နေတဲ့အရာကို မရိပ်မိတာကြောင့် ကလေးတွေမှာ ပိုပြီး ခံစားရတတ်ပါတယ်။ အမြဲတမ်းအပြစ်ရှိသလို ခံစားချက်ကို ရသွားစေပါတယ်။

၅။ ဒေါသတကြီး ပြောဆိုခြင်း

စိတ်မရင့်ကျက်တဲ့မိဘတွေက ဒေါသကိုလည်း မထိန်းချုပ်နိုင်ပါဘူး။ အဲဒါကြောင့် မိဘအပြစ်ကိုတောင် ကလေးကိုပဲ အမြဲလွှဲချနေမှာပါ။ ကလေးတွေအနေနဲ့ စကားမှားမှာကိုတောင်စိုးရိမ်နေရပြီးတော့ မိဘတွေ ဒေါသထွက်မှာကို အရမ်းကြောက်ရွံ့နေရမှာပါ။

၆။ ကလေးကို အပြစ်တင်ခြင်း

စိတ်ဓာတ်မရင့်ကျက်တဲ့မိဘတွေက အိမ်ထောင်ဘက်နဲ့ အဆင်မပြေရင်တောင် ကလေးကို အပြစ်ပုံချတတ်ကြပါတယ်။ အဲဒီအခါမှာတော့ ကလေးဆီမှာ အပြစ်ရှိသလိုခံစားချက်နဲ့ စိတ်ဒဏ်ရာက အမြဲလိုလို စွဲသွားပါတော့တယ်။ မိဘအချင်းချင်း အဆင်မပြေဖြစ်ရတာက ဒီကလေးမွေးဖွားလာရတာကြောင့်ဆိုတဲ့စကားကို ခဏခဏ ပြောလေ့ရှိတတ်ကြပါတယ်။

၇။ အပြုအမူတွေက မငြိမ်သက်ခြင်း

မရင့်ကျက်တဲ့စိတ်ကြောင့် အခြားသူတွေရဲ့ လွှမ်းမိုးမှုကို အလွယ်တကူခံရနိုင်ပါတယ်။ စိတ်က ခဏခဏပြောင်းလဲနေပြီး ကလေးကိုလည်း ပုံစံမျိုးစုံနဲ့ ဆက်ဆံနေတတ်ပါတယ်။ ကလေးရဲ့ဘဝမှာ အချိန်ခဏလောက်သာနေထိုင်ပြီး နောက်ပိုင်းမှာတော့ ကလေးကိုလည်း တာဝန်မယူချင်တော့ပါဘူး။

Zombie (lovemedia)

please subscribe

for zawgyi

စိတ္ဓာတ္မရင့္က်က္တဲ့မိဘေတြေၾကာင့္ သားသမီးေတြမွာ ဘယ္လိုသက္ေရာက္မႈေတြျဖစ္လာေစလဲ

စိတ္ဓာတ္ရင့္က်က္မႈထဲမွာ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္တာ၊ အမွားအတြက္ အျခားသူေတြကို အျပစ္မတင္ဘဲ တာဝန္ယူမႈရွိတာ၊ အျခားသူေတြရဲ႕ မတူတဲ့အျမင္ေတြအေပၚ လက္ခံႏိုင္တာတို႔ ပါဝင္ပါတယ္။ ဒါေပမယ့္ မိဘေတြက စိတ္ဓာတ္မရင့္က်က္တဲ့အခါ သားသမီးေတြအေပၚမွာ အမ်ားႀကီး သက္ေရာက္မႈရွိေစပါတယ္။

၁။ ကေလးရဲ႕႐ုပ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ကိုသာ ျဖည့္ဆည္းေပးျခင္း

မိဘေတြက ကေလးေတြအတြက္ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာလိုအပ္ခ်က္ေတြကိုပါ ျဖည့္ဆည္းေပးဖို႔ လိုအပ္ပါတယ္။ ကေလးေတြအေပၚမွာ စိတ္ပိုင္းဆိုင္ရာ ပံ့ပိုးမႈေတြ မေပးႏိုင္တဲ့အခါ ျပႆနာေတြကို ဘယ္လိုေျဖရွင္းရမလဲဆိုတာကို မသိေတာ့ပါဘူး။ ကေလးက အသက္ႀကီးလာရင္ေတာင္ စိတ္ပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီး အားငယ္တာ၊ ဝမ္းနည္းတာမ်ိဳးကို ႀကဳံေတြ႕ရႏိုင္ပါတယ္။

၂။ ခံစားခ်က္ကို ဘယ္လိုေဖာ္ျပရမွန္းမသိျခင္း

ႀကီးႀကီးမားမား စိတ္ထိခိုက္စရာနဲ႔ ႀကဳံေတြ႕လာရတဲ့အခါ စိတ္ဓာတ္ရင့္က်က္တဲ့မိဘေတြက တကယ္ကို ခြန္အားေတြေပးႏိုင္ပါတယ္။ ဒါေပမယ့္ မိဘေတြကိုယ္တိုင္က စိတ္ခံစားခ်က္ေတြနဲ႔ပတ္သက္ၿပီး ဘယ္လိုထိန္းခ်ဳပ္ရမွန္းမသိတဲ့အခါ သားသမီးေတြကိုလည္း လမ္းၫႊန္ခ်က္ေတြ ေပးႏိုင္မွာမဟုတ္ပါဘူး။ ေနာက္ပိုင္းမွာေတာ့ သားသမီးနဲ႔ မိဘၾကားမွာ ပိုၿပီး ေဝးကြာလာေစပါတယ္။

၃။ ျခားနားခ်က္ေတြကို သည္းမခံႏိုင္ျခင္း

စိတ္ဓာတ္မရင့္က်က္တဲ့မိဘေတြက သူတို႔ျဖစ္ခ်င္တဲ့အရာကိုသာသိၿပီး ကေလးေတြကိုလည္း သူတို႔သေဘာအတိုင္းသာ လုပ္ခိုင္းတတ္ပါတယ္။ ကေလးေတြရဲ႕ မတူညီတဲ့အျမင္ေတြကို နားေထာင္ေပးတာလည္းမရွိသလို ေဆြးေႏြးတာလည္း မရွိပါဘူး။ အဲဒါေၾကာင့္ ကေလးေတြက မိဘကို မလြန္ဆန္ႏိုင္ဘဲ မေပ်ာ္႐ႊင္တဲ့အရာေတြကို လုပ္ေနရတတ္ပါတယ္။

၄။ ကေလးဆန္ျခင္း

မိဘေတြက မရင့္က်က္တာေၾကာင့္ သူတို႔ကိုယ္တိုင္က ကေလးဆန္ေနတတ္ပါတယ္။ ဒါ့အျပင္ ကေလးေတြရဲ႕ စိတ္ထဲမွာ လိုအပ္ေနတဲ့အရာကို မရိပ္မိတာေၾကာင့္ ကေလးေတြမွာ ပိုၿပီး ခံစားရတတ္ပါတယ္။ အၿမဲတမ္းအျပစ္ရွိသလို ခံစားခ်က္ကို ရသြားေစပါတယ္။

၅။ ေဒါသတႀကီး ေျပာဆိုျခင္း

စိတ္မရင့္က်က္တဲ့မိဘေတြက ေဒါသကိုလည္း မထိန္းခ်ဳပ္ႏိုင္ပါဘူး။ အဲဒါေၾကာင့္ မိဘအျပစ္ကိုေတာင္ ကေလးကိုပဲ အၿမဲလႊဲခ်ေနမွာပါ။ ကေလးေတြအေနနဲ႔ စကားမွားမွာကိုေတာင္စိုးရိမ္ေနရၿပီးေတာ့ မိဘေတြ ေဒါသထြက္မွာကို အရမ္းေၾကာက္႐ြံ႕ေနရမွာပါ။

၆။ ကေလးကို အျပစ္တင္ျခင္း

စိတ္ဓာတ္မရင့္က်က္တဲ့မိဘေတြက အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပရင္ေတာင္ ကေလးကို အျပစ္ပုံခ်တတ္ၾကပါတယ္။ အဲဒီအခါမွာေတာ့ ကေလးဆီမွာ အျပစ္ရွိသလိုခံစားခ်က္နဲ႔ စိတ္ဒဏ္ရာက အၿမဲလိုလို စြဲသြားပါေတာ့တယ္။ မိဘအခ်င္းခ်င္း အဆင္မေျပျဖစ္ရတာက ဒီကေလးေမြးဖြားလာရတာေၾကာင့္ဆိုတဲ့စကားကို ခဏခဏ ေျပာေလ့ရွိတတ္ၾကပါတယ္။

၇။ အျပဳအမူေတြက မၿငိမ္သက္ျခင္း

မရင့္က်က္တဲ့စိတ္ေၾကာင့္ အျခားသူေတြရဲ႕ လႊမ္းမိုးမႈကို အလြယ္တကူခံရႏိုင္ပါတယ္။ စိတ္က ခဏခဏေျပာင္းလဲေနၿပီး ကေလးကိုလည္း ပုံစံမ်ိဳးစုံနဲ႔ ဆက္ဆံေနတတ္ပါတယ္။ ကေလးရဲ႕ဘဝမွာ အခ်ိန္ခဏေလာက္သာေနထိုင္ၿပီး ေနာက္ပိုင္းမွာေတာ့ ကေလးကိုလည္း တာဝန္မယူခ်င္ေတာ့ပါဘူး။

Zombie (lovemedia)