ထိုင်းနိုင်ငံရဲ့ အမေများနေ့ဟာ ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်ပါတယ်။ Ban Noen Kroi အထက်တန်းကျောင်းဟာ အမေများနေ့အတွက်ပွဲကို ကျင်းပပါတယ်။

Joe Lookphonbodee လို့ခေါ်တဲ့အဖေဟာ သူ့ရဲ့မွေးစားသမီးလေးအတွက် အမေတစ်ယောက်လိုဝတ်ပြီး အမေများနေ့အခမ်းအနားကို တက်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Joe Lookphonbodee က Cream လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ကို မွေးစားထားပြီး Cream က Ban Noen Kroi အထက်တန်းကျောင်းမှာ တက်ရောက်နေပါတယ်။

အသက် ၄၈ နှစ်အရွယ် Joe Lookphonbodee က Ban Noen Kroi အထက်တန်းကျောင်းမှာ ရူပဗေဒနဲ့ ကျန်းမာရေးဘာသာရပ်ကို သင်တဲ့ဆရာတစ်ယောက်ပါ။ ကျောင်းမှာ အမေများနေ့အခမ်းအနားအတွက် အမေတွေ လာမှာကို သိတော့ အမေမရှိတဲ့ သမီးလေး အားငယ်နေမှာကို Joe မလိုလားခဲ့ပါဘူး။ အဲဒါကြောင့် အမေတစ်ယောက်လို ဝတ်ပြီး အမေများနေ့ပွဲကို တက်ရောက်ခဲ့ပါတယ်။

အမေများနေ့ပွဲကို အမေတစ်ယောက်လို ဝတ်ပြီး တက်ရတဲ့အတွက် မရှက်တဲ့အကြောင်းကို Joe ကပြောပါသေးတယ်။ ဒါ့အပြင် ပွဲအခမ်းအနားကိုလည်း ဗီဒီယိုရိုက်ထားပါတယ်။ ဗီဒီယိုထဲမှာ Cream က အဖေဖြစ်သူကို ကန်တော့ပြီး ပွေ့ဖက်နေတာကို တွေ့ရမှာပါ။ မွေးစားအဖေဖြစ်ပေမယ့်လည်း မေတ္တာတရားအရမ်းကြီးမားတဲ့ Joe Lookphonbodee ဟာ တကယ်ကို စံပြအဖေပါပဲ။

Zombie (lovemedia)

for zawgyi

အေမမ်ားေန႔မွာ ေမြးစားသမီးေလး အားငယ္မွာစိုးရိမ္တာေၾကာင့္ အေမတစ္ေယာက္လိုဝတ္လာခဲ့တဲ့အေဖ

ထိုင္းႏိုင္ငံရဲ႕ အေမမ်ားေန႔ဟာ ဩဂုတ္လ ၁၂ ရက္ေန႔မွာ က်ေရာက္ပါတယ္။ Ban Noen Kroi အထက္တန္းေက်ာင္းဟာ အေမမ်ားေန႔အတြက္ပြဲကို က်င္းပပါတယ္။

Joe Lookphonbodee လို႔ေခၚတဲ့အေဖဟာ သူ႔ရဲ႕ေမြးစားသမီးေလးအတြက္ အေမတစ္ေယာက္လိုဝတ္ၿပီး အေမမ်ားေန႔အခမ္းအနားကို တက္ေရာက္ဖို႔ဆုံးျဖတ္လိုက္ပါတယ္။ Joe Lookphonbodee က Cream လို႔ေခၚတဲ့ သမီးေလးတစ္ေယာက္ကို ေမြးစားထားၿပီး Cream က Ban Noen Kroi အထက္တန္းေက်ာင္းမွာ တက္ေရာက္ေနပါတယ္။

အသက္ ၄၈ ႏွစ္အ႐ြယ္ Joe Lookphonbodee က Ban Noen Kroi အထက္တန္းေက်ာင္းမွာ ႐ူပေဗဒနဲ႔ က်န္းမာေရးဘာသာရပ္ကို သင္တဲ့ဆရာတစ္ေယာက္ပါ။ ေက်ာင္းမွာ အေမမ်ားေန႔အခမ္းအနားအတြက္ အေမေတြ လာမွာကို သိေတာ့ အေမမရွိတဲ့ သမီးေလး အားငယ္ေနမွာကို Joe မလိုလားခဲ့ပါဘူး။ အဲဒါေၾကာင့္ အေမတစ္ေယာက္လို ဝတ္ၿပီး အေမမ်ားေန႔ပြဲကို တက္ေရာက္ခဲ့ပါတယ္။

အေမမ်ားေန႔ပြဲကို အေမတစ္ေယာက္လို ဝတ္ၿပီး တက္ရတဲ့အတြက္ မရွက္တဲ့အေၾကာင္းကို Joe ကေျပာပါေသးတယ္။ ဒါ့အျပင္ ပြဲအခမ္းအနားကိုလည္း ဗီဒီယို႐ိုက္ထားပါတယ္။ ဗီဒီယိုထဲမွာ Cream က အေဖျဖစ္သူကို ကန္ေတာ့ၿပီး ေပြ႕ဖက္ေနတာကို ေတြ႕ရမွာပါ။ ေမြးစားအေဖျဖစ္ေပမယ့္လည္း ေမတၱာတရားအရမ္းႀကီးမားတဲ့ Joe Lookphonbodee ဟာ တကယ္ကို စံျပအေဖပါပဲ။

Zombie (lovemedia)