ရှေးခေတ်တုန်းက အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ထားတဲ့သဘောထား၊ အမြင်တွေက ခေတ်မမီခဲ့ပါဘူး။ ယနေ့ခေတ်မှာတော့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်လာနိုင်ပါပြီ။ အဲဒါကြောင့် ခေတ်မီပြီး စမတ်ကျတဲ့အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ မဖြစ်မနေ သိထားသင့်တဲ့ အချက် (၉) ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ထိုင်ခုံမှာထိုင်တဲ့အခါ ခါးကို မတ်မတ်ထိုင်ပါ။

ထိုင်ခုံမှာ ထိုင်တဲ့အခါ မှီမထိုင်ဘဲ နောက်ကျောနဲ့ ထိုင်ခုံကို အနည်းငယ် ခွာထားပါ။ ဒါ့အပြင် ခါးကို မကိုင်းဘဲ ခါးကို မတ်မတ်ထိုင်ပါ။ ဒီလိုထိုင်နည်းက သင့်ကို မြင်လိုက်တာနဲ့ ကြော့ရှင်းနေစေပါတယ်။

၂။ အလုပ်လုပ်ရဖို့ မကြောက်ပါနဲ့။

ဘဝမှာ ရှင်သန်ရပ်တည်ဖို့အတွက် အလုပ်လုပ်ရမှာကို ဘယ်တော့မှ မတွေဝေလိုက်ပါနဲ့။ အလုပ်လုပ်ခြင်းက စိတ်ရောလူကိုပါ တိုးတက်လာစေပါတယ်။

၃။ မိတ်ကပ်လိမ်းပါ။

လှလှပပနေထိုင်တာက အမျိုးသမီးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေပါတယ်။ အဲဒါကြောင့် မိတ်ကပ်လိမ်းပြီး ပြောင်းလဲလိုက်ပါ။ ထူထဲတဲ့မိတ်ကပ်တွေကို မရွေးချယ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့လှနေစေမယ့် လိမ်းခြယ်နည်းကို အသုံးပြုပါ။

၄။ ကိုယ့်ကိုယ်ကိုယ် လေးစားပါ။

အမျိုးသမီးတွေအတွက် ကိုယ့်ကိုယ်ကိုယ်လေးစားမှုနဲ့ တန်ဖိုးထားတတ်ဖို့က အရေးအကြီးဆုံးပါ။ ဒါ့အပြင် သင့်ရဲ့အချိန်တွေကိုလည်း တန်ဖိုးထားပြီး အချိန်လာဖြုန်းတဲ့သူတွေကို ဘယ်တော့မှ အားမနာသင့်ပါဘူး။

၅။ ဖုန်းကို စားပွဲပေါ်မှာ မတင်ပါနဲ့။

အပြင်သွားတဲ့အခါမှာ ဖုန်းကို စားပွဲပေါ်မှာ မတင်ဘဲ အိတ်ထဲမှာသာ ထည့်ထားပါ။ ဖုန်းကို အရမ်းအာရုံစိုက်တဲ့အခါ ကိုယ်ပိုင်အချိန်တွေ လျော့သွားတတ်ပါတယ်။

၆။ လိုက်လျောညီထွေစွာ နေထိုင်ပါ။

ယနေ့ခေတ်မှာ လိုက်လျောညီထွေစွာ နေထိုင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးတာကြောင့် လူမှုရေးနဲ့ပွဲလမ်းသဘင်တွေကိုလည်း မေ့မထားသင့်ပါဘူး။

၇။ ဓာတ်ပုံရိုက်တဲ့အခါ ခါးပေါ်မှာ လက်မတင်ပါနဲ့။

ဓာတ်ပုံရိုက်တဲ့အခါ လက်ကို ဘယ်နေရာမှာ ထားရမှန်း ဝေခွဲမရဘဲ ခါးထောက်တဲ့ပုံစံကို လုပ်လိုက်မိတတ်ပါတယ်။ ဒါပေမယ့် ခါးထောက်တဲ့ပုံစံက အမြဲတမ်းအတွက် မလှပါဘူး။ ဓာတ်ပုံရိုက်တဲ့အခါ လက်ကို ဘယ်နေရာမှာ ထားရမှန်းမသိရင် လက်နှစ်ဖက်ကို ယှက်ထားလိုက်ပါ။

၈။ အသိအမှတ်ပြုတဲ့ စကားလုံးတွေကို အသုံးပြုပါ။

တစ်စုံတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်မပြုထားသင့်ဘဲ အသိအမှတ်ပြုသင့်ပါတယ်။ ဒါပေမယ့်လည်း အလွန်အကျွံ အသိအမှတ်ပြုတာ မဖြစ်စေဖို့လည်း သတိထားသင့်ပါတယ်။

၉။ သင့်နာမည်ကို တပ်မခေါ်ရင် လှည့်မကြည့်ပါနဲ့။

ယဉ်ကျေးတဲ့သူတွေက တစ်ယောက်ယောက်ကို ခေါ်တဲ့အခါ နာမည်နဲ့တကွ ခေါ်တတ်ပါတယ်။ "ဟေး" "ဟိတ်" လို့ခေါ်လိုက်ရုံနဲ့ နောက်ကို လှည့်မကြည့်လိုက်ပါနဲ့။

Zombie (lovemedia)

for zawgyi

ေခတ္မီၿပီး စမတ္က်တဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေစဖို႔ မျဖစ္မေန သိထားသင့္တဲ့ အခ်က္ (၉) ခ်က္

ေရွးေခတ္တုန္းက အမ်ိဳးသမီးေတြနဲ႔ပတ္သက္ၿပီး ထားတဲ့သေဘာထား၊ အျမင္ေတြက ေခတ္မမီခဲ့ပါဘူး။ ယေန႔ေခတ္မွာေတာ့ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြနဲ႔ ရင္ေဘာင္တန္းၿပီး အလုပ္လုပ္လာႏိုင္ပါၿပီ။ အဲဒါေၾကာင့္ ေခတ္မီၿပီး စမတ္က်တဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေစဖို႔ မျဖစ္မေန သိထားသင့္တဲ့ အခ်က္ (၉) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ထိုင္ခုံမွာထိုင္တဲ့အခါ ခါးကို မတ္မတ္ထိုင္ပါ။

ထိုင္ခုံမွာ ထိုင္တဲ့အခါ မွီမထိုင္ဘဲ ေနာက္ေက်ာနဲ႔ ထိုင္ခုံကို အနည္းငယ္ ခြာထားပါ။ ဒါ့အျပင္ ခါးကို မကိုင္းဘဲ ခါးကို မတ္မတ္ထိုင္ပါ။ ဒီလိုထိုင္နည္းက သင့္ကို ျမင္လိုက္တာနဲ႔ ေၾကာ့ရွင္းေနေစပါတယ္။

၂။ အလုပ္လုပ္ရဖို႔ မေၾကာက္ပါနဲ႔။

ဘဝမွာ ရွင္သန္ရပ္တည္ဖို႔အတြက္ အလုပ္လုပ္ရမွာကို ဘယ္ေတာ့မွ မေတြေဝလိုက္ပါနဲ႔။ အလုပ္လုပ္ျခင္းက စိတ္ေရာလူကိုပါ တိုးတက္လာေစပါတယ္။

၃။ မိတ္ကပ္လိမ္းပါ။

လွလွပပေနထိုင္တာက အမ်ိဳးသမီးေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ တိုးလာေစပါတယ္။ အဲဒါေၾကာင့္ မိတ္ကပ္လိမ္းၿပီး ေျပာင္းလဲလိုက္ပါ။ ထူထဲတဲ့မိတ္ကပ္ေတြကို မေ႐ြးခ်ယ္ဘဲ ေပါ့ေပါ့ပါးပါးနဲ႔လွေနေစမယ့္ လိမ္းျခယ္နည္းကို အသုံးျပဳပါ။

၄။ ကိုယ့္ကိုယ္ကိုယ္ ေလးစားပါ။

အမ်ိဳးသမီးေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ေလးစားမႈနဲ႔ တန္ဖိုးထားတတ္ဖို႔က အေရးအႀကီးဆုံးပါ။ ဒါ့အျပင္ သင့္ရဲ႕အခ်ိန္ေတြကိုလည္း တန္ဖိုးထားၿပီး အခ်ိန္လာျဖဳန္းတဲ့သူေတြကို ဘယ္ေတာ့မွ အားမနာသင့္ပါဘူး။

၅။ ဖုန္းကို စားပြဲေပၚမွာ မတင္ပါနဲ႔။

အျပင္သြားတဲ့အခါမွာ ဖုန္းကို စားပြဲေပၚမွာ မတင္ဘဲ အိတ္ထဲမွာသာ ထည့္ထားပါ။ ဖုန္းကို အရမ္းအာ႐ုံစိုက္တဲ့အခါ ကိုယ္ပိုင္အခ်ိန္ေတြ ေလ်ာ့သြားတတ္ပါတယ္။

၆။ လိုက္ေလ်ာညီေထြစြာ ေနထိုင္ပါ။

ယေန႔ေခတ္မွာ လိုက္ေလ်ာညီေထြစြာ ေနထိုင္တတ္ဖို႔ကလည္း အေရးႀကီးပါတယ္။ ေပါင္းသင္းဆက္ဆံေရးကလည္း အေရးႀကီးတာေၾကာင့္ လူမႈေရးနဲ႔ပြဲလမ္းသဘင္ေတြကိုလည္း ေမ့မထားသင့္ပါဘူး။

၇။ ဓာတ္ပုံ႐ိုက္တဲ့အခါ ခါးေပၚမွာ လက္မတင္ပါနဲ႔။

ဓာတ္ပုံ႐ိုက္တဲ့အခါ လက္ကို ဘယ္ေနရာမွာ ထားရမွန္း ေဝခြဲမရဘဲ ခါးေထာက္တဲ့ပုံစံကို လုပ္လိုက္မိတတ္ပါတယ္။ ဒါေပမယ့္ ခါးေထာက္တဲ့ပုံစံက အၿမဲတမ္းအတြက္ မလွပါဘူး။ ဓာတ္ပုံ႐ိုက္တဲ့အခါ လက္ကို ဘယ္ေနရာမွာ ထားရမွန္းမသိရင္ လက္ႏွစ္ဖက္ကို ယွက္ထားလိုက္ပါ။

၈။ အသိအမွတ္ျပဳတဲ့ စကားလုံးေတြကို အသုံးျပဳပါ။

တစ္စုံတစ္ေယာက္ရဲ႕ ႀကိဳးစားအားထုတ္မႈေတြကို မ်က္ကြယ္မျပဳထားသင့္ဘဲ အသိအမွတ္ျပဳသင့္ပါတယ္။ ဒါေပမယ့္လည္း အလြန္အကြၽံ အသိအမွတ္ျပဳတာ မျဖစ္ေစဖို႔လည္း သတိထားသင့္ပါတယ္။

၉။ သင့္နာမည္ကို တပ္မေခၚရင္ လွည့္မၾကည့္ပါနဲ႔။

ယဥ္ေက်းတဲ့သူေတြက တစ္ေယာက္ေယာက္ကို ေခၚတဲ့အခါ နာမည္နဲ႔တကြ ေခၚတတ္ပါတယ္။ "ေဟး" "ဟိတ္" လို႔ေခၚလိုက္႐ုံနဲ႔ ေနာက္ကို လွည့္မၾကည့္လိုက္ပါနဲ႔။

Zombie (lovemedia)