Cristiano Ranaldo က ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ဘောလုံးသမားတွေထဲမှာ တစ်ယောက်ပါအဝင်ပါ။ Cristiano Ranaldo ရဲ့ မကြာသေးခင်က တင်ခဲ့တဲ့ဓာတ်ပုံတစ်ပုံမှာ ခြေသည်းဆိုးထားတာကို တွေ့ရပါတယ်။

အမျိုးသားတွေက ခြေသည်းလက်သည်းတွေကို အရောင်ဆိုးလာတာက ယနေ့ခေတ်မှ မဟုတ်ပါဘူး။ ဘေဘီလုံခေတ်ကတည်းက ခြေသည်းတွေကို အရောင်ဆိုးခဲ့ကြပါတယ်။ ခြေသည်းရဲ့အရောင်တွေက ပြည်သူပြည်သားတွေရဲ့ အဆင့်အတန်းနဲ့ အမျိုးအနွယ်ကို ခွဲခြားပြပေးနိုင်ပါတယ်။ ဒါ့အပြင် ခြေသည်းအရောင်ကိုကြည့်ပြီးတော့ ရန်သူကိုလည်း ခွဲခြားနိုင်ပါသေးတယ်။

ယနေ့ခေတ်မှာလည်း နာမည်ကြီးအမျိုးသားအကျော်အမော်တွေက ခြေသည်းတွေကို အရောင်ဆိုးလာကြပါတယ်။ ခြေသည်းလက်သည်းဆိုးတာက ဖက်ရှင်တစ်ခုအနေနဲ့လည်း ဖြစ်သလို အလှဆင်တာလည်း ဖြစ်ပါတယ်။

Cristiano Ranaldo ရဲ့ခြေချောင်းတွေမှာလည်း ခြေသည်းတွေကို ဆိုးထားခဲ့ပါတယ်။ သူဟာ ၂၀၁၀ ခုနှစ်ကတည်းက ခြေသည်းဆိုးလာခဲ့တာကို ဓာတ်ပုံတွေကနေတစ်ဆင့် သိနိုင်ပါတယ်။ Cristiano Ranaldo ခြေသည်းဆိုးတာက ဖက်ရှင်တစ်ခုအဖြစ်ထက် ပိုပါသေးတယ်။

အားကစားသမားတွေက အားကစားလုပ်တဲ့အခါမှာ ခြေသည်းတွေ ကျိုးတာကို ဖုံးကွယ်ဖို့၊ မှိုနဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့ ခြေသည်းဆိုးကြပါတယ်။ Cristiano Ranaldo က အားကစားဖိနပ်ကို အချိန်တော်တော်များများမှာ စီးထားတာဖြစ်လို့ သူ့ရဲ့ခြေသည်းတွေ ပိုးမဝင်အောင် ခြေသည်းဆိုးထားတာဖြစ်နိုင်ပါတယ်။ Cristiano Ranaldo ခြေသည်းဆိုးပေမယ့်လည်း ပရိသတ်တွေကတော့ သူ့ကို အမြဲအားပေးနေဆဲပါ။

Zombie (lovemedia)

for zawgyi

Cristiano Ranaldo ခြေသည်းဆိုးထားရတဲ့ နောက်ကွယ်က အကြောင်းအရင်း






Zombie (lovemedia)