ခရီးသည်တင် လေယာဉ်တစီးသည် အတ္တလန်တိတ် သမုဒ္ဒရာကို ပုံမှန်နှုန်းဖြင့် ဖြတ်ကျော်ပျံသန်းနေပါသည်။ ထိုအချိန်တွင် နောက်ဆုံးပေါ် တိုက်လေယာဉ်တစင်းသည် ရုတ်တရက်ပေါ်လာပြီး အမြင့် ပေ 30,000 တွင် 800 km/h ဖြင့် ဘေးတွင် ရုတ်တရက် ပျံသန်းလာပါသည်။
တိုက်လေယာဉ်မှူးသည် အရှိန်လျှော့ပြီး ပျံသန်းကာ ခရီးသည်တင်လေယာဉ်မှူးအား ရေဒီယိုမှတဆင့် လှမ်းကလိလိုက်သည်။ "ဟေ့ လေယဉ်မှူးကြီး၊ မင်းပျံနေတာ အရမ်းပျင်းစရာကောင်းတာပဲ။ ဒီမှာ ငါပျံပြတာ ကြည့်ကြည့်စမ်း" တိုက်လေယဉ်မှူးသည် သူ့ရဲ့ တိုက်လေယာဉ်ကို ဘယ်ညာလူးလှိမ့်ကာ ပျံသန်းပြသည်။
ထို့နောက် ရုတ်တရက် အရှိန်မြှင့်ပြီး အသံထက်မြန်သော နှုန်းဖြင့် ဖြတ်ပျံပြကာ အလွန်မြင့်သည့် အမြင့်ပေသို့ လျင်မြန်စွာ ထောင်တက်သွားပြီးနောက် ပင်လယ်ရေမျက်နှာပြင် ထိလုနီးပါးအထိ ထိုးဆင်းပျံသွားပြလိုက်သည်။ ထို့နောက် ခရီးသည်တင်လေယာဉ်ဘေးမှာ တပတ်လှည့်ပတ်ပြီး "ကဲ ဘယ်လိုလဲ" လို့ မေးတယ်။
ခရီးသည်တင်လေယာဉ်မှူးက "အရမ်းကို အထင်ကြီးစရာကောင်းတယ် ကိုယ့်လူရာ၊ ဒါပေမယ့် ငါ့ကိုလည်း ကြည့်လိုက်စမ်းပါဉီး" ဟု ပြန်ပြောလိုက်သည်။
တိုက်လေယာဉ်မှူးက ခရီးသည်တင်လေယာဉ်ကို စောင့်ကြည့်နေပေမယ့် ဘာမှ မဖြစ်လာပါဘူး။ ခရီးသည်တင်လေယာဉ်ဟာ အရှိန်တသမတ်တည်းဖြင့် ဖြောင့်တန်းစွာ ပုံမှန်ဆက်လက် ပျံသန်းနေပါသည်။
၁၅ မိနစ် အကြာတွင် ခရီးသည်တင် လေယာဉ်မှူးက ရေဒီယိုမှတဆင့် "အင်း၊ ငါပျံပြတာ ဘယ်လိုလဲ" ဟု လှမ်းမေးလိုက်သည်။ တိုက်လေယာဉ်မှူးက ဇဝေဇဝါဖြစ်သွားပြီး "မင်းဘာလုပ်တာလဲ" လို့ ပြန်မေးလိုက်သည်။
ခရီးသည်တင်လေယာဉ်မှူးက ရယ်မောလိုက်ပြီး "ခုနတုန်းက ငါထပြီး ခြေထောက်နှစ်ဖက်ဆန့် အကြောလေးဘာလေး လျှော့ပြီး အိမ်သာသုံးဖို့ လေယာဉ်နောက်ဘက်ကို လျှောက်သွားပြီးတော့ ကော်ဖီတခွက်နဲ့ ချောကလက်မုန့်တွေ ယူလာခဲ့တာလေကွာ" လို့ ပြောလိုက်တယ်။
ဇာတ်လမ်းရဲ့ အနှစ်ချုပ်ကတော့ "သင် ငယ်စဉ်တုန်းက၊ အရှိန်နဲ့ လျှင်မြန်မှုက အရမ်းကောင်းပါတယ်။ ဒါပေမယ့် အသက်ကြီးလာသည်နှင့်အမျှ ဉာဏ်ပညာရှိလာသည်နှင့်အမျှ သက်သောင့်သက်သာနှင့် ငြိမ်သက်မှုဟာ ပိုအရေးကြီးကြောင်း သိလာရတယ် အဲ့ဒါကို S O S လို့ ခေါ်ပါတယ်။
ပိုနှေးသည်၊ ပိုအသက်ကြီးသည်နှင့် ပိုပြီး စမတ်ကျလာတာကို ဆိုလိုပါတယ်။ သူငယ်ချင်းများအားလုံးလည်း အသက်အရွယ်ရလာတာနဲ့ နည်းနည်း နှေးကွေးပြီး ကျန်ခရီးကို ပျော်ရွှင်စွာ သက်သောင့်သက်သာ ဖြတ်သန်းဖို့ အချိန်ရောက်ပါပြီ။ crd
Zawgyi
လေယာဉ်မှူးနှစ်ဦး