တချို့သောအိမ်တွေဟာ အိမ်သားအချင်းချင်း မသင့်မြတ်တာ၊ ငွေဝင်တာ မှန်သမျှ အကြောင်းရှာပြီး ကုန်ကျနေတာ၊ အိမ်သားတွေ ကျန်းမာရေး မကောင်းတာ စသည်ဖြင့် တမျိုးပြီးတမျိုးဖြစ်ပြီး အိမ်ပူ၍ စီးပွားမတက် ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် အိမ်အပူတွေ ကင်းဝေးပြီး တပတ်အတွင်း လာဘ်လာဘတွေ ပွင့်လာအောင်ေ အာက်ဖော်ပြပါ အစီအရင်များကို ပြုလုပ်ပါ။

နံနက် ၆ နာရီတွင် ဖြစ်စေ ညနေ ၆နာရီတွင် ဖြစ်စေ လှူဒါန်းပါ။ အမွှေးတိုင် ၃ တိုင်နှင့် ဖယောင်းတိုင် ၁ တိုင်ကို အိမ်ရှေ့ တံခါးဝတွင် ဖြစ်စေ အိမ်ရှေ့ ဝရံတာတွင် ဖြစ်စေ ခုံအမြင့်လေး တလုံးနှင့် ထွန်းညှိပါ။

အိမ်စောင့်နတ် ခြံစောင့်နတ် မြို့စောင့်နတ်များနှင့် အိမ်ခြံအတွင်း မှီတင်းစောင့်ရှောက် နေထိုင်ကြသော မြင်အပ် မမြင်အပ် သတ္တဝါများ ဘုရားမီးပူဇော်ရန် အလင်းတိုင် အမွှေးတိုင် လှူဒါန်းပါသည်။ ဤအိမ် ဤခြံတွင် နေထိုင်သူများအားလည်းစောင့်ရှောက်ပါ။ စီးပွားတိုးတက်ရန် ကူညီပါ စသည်ဖြင့် ပြောဆိုနိုင်ပါသည်။ မေတ္တာပို့နိုင်ပါသည်။

နံနက်မိုးလင်းသည်နှင့် ပရိတ်တရားတော်များ အိမ်တွင်ဖွင့်ပါ။ မေတ္တာပို့ပါ။ အိမ်ဘုရားကို ဆွမ်း ရေချမ်း သောက်တော်ရေ ကော်ဖီ မုန့် သစ်သီးစသည့် လှူဒါန်းဖွယ်ရာများ အဆင်ပြေရာ လှူဒါန်းပါ။

အိမ်ရှိ အိမ်သားများအားလုံး နံနက်မိုးလင်းလျှင် ဘုရား ရှိခိုးဖြစ်အောင် ရှိခိုးခိုင်းပါ။ ရက်ပိုင်းအတွင်း အိမ်အပူများ ကင်းဝေးပြီး အိမ်တွင် သိသာစွာ လာဘ်ပွင့်၍ စိတ်ချမ်းသာ ပျော်ရွှင်ရပါလိမ့်မည်။

Zawgyi

အိမ္ပူျခင္းကင္းေဝးၿပီး တပါတ္အတြင္း လာဘ္ပြင့္ေစေသာနည္း

တခ်ိဳ႕ေသာအိမ္ေတြဟာ အိမ္သားအခ်င္းခ်င္း မသင့္ျမတ္တာ၊ ေငြဝင္တာ မွန္သမွ် အေၾကာင္းရွာၿပီး ကုန္က်ေနတာ၊ အိမ္သားေတြ က်န္းမာေရး မေကာင္းတာ စသည္ျဖင့္ တမ်ိဳးၿပီးတမ်ိဳးျဖစ္ၿပီး အိမ္ပူ၍ စီးပြားမတက္ ျဖစ္ေနတတ္ပါတယ္။

ဒါေၾကာင့္ အိမ္အပူေတြ ကင္းေဝးၿပီး တပတ္အတြင္း လာဘ္လာဘေတြ ပြင့္လာေအာင္ေ အာက္ေဖာ္ျပပါ အစီအရင္မ်ားကို ျပဳလုပ္ပါ။

နံနက္ ၆ နာရီတြင္ ျဖစ္ေစ ညေန ၆နာရီတြင္ ျဖစ္ေစ လႉဒါန္းပါ။ အေမႊးတိုင္ ၃ တိုင္ႏွင့္ ဖေယာင္းတိုင္ ၁ တိုင္ကို အိမ္ေရွ႕ တံခါးဝတြင္ ျဖစ္ေစ အိမ္ေရွ႕ ဝရံတာတြင္ ျဖစ္ေစ ခုံအျမင့္ေလး တလုံးႏွင့္ ထြန္းညႇိပါ။

အိမ္ေစာင့္နတ္ ၿခံေစာင့္နတ္ ၿမိဳ႕ေစာင့္နတ္မ်ားႏွင့္ အိမ္ၿခံအတြင္း မွီတင္းေစာင့္ေရွာက္ ေနထိုင္ၾကေသာ ျမင္အပ္ မျမင္အပ္ သတၱဝါမ်ား ဘုရားမီးပူေဇာ္ရန္ အလင္းတိုင္ အေမႊးတိုင္ လႉဒါန္းပါသည္။ ဤအိမ္ ဤၿခံတြင္ ေနထိုင္သူမ်ားအားလည္းေစာင့္ေရွာက္ပါ။ စီးပြားတိုးတက္ရန္ ကူညီပါ စသည္ျဖင့္ ေျပာဆိုႏိုင္ပါသည္။ ေမတၱာပို႔ႏိုင္ပါသည္။

နံနက္မိုးလင္းသည္ႏွင့္ ပရိတ္တရားေတာ္မ်ား အိမ္တြင္ဖြင့္ပါ။ ေမတၱာပို႔ပါ။ အိမ္ဘုရားကို ဆြမ္း ေရခ်မ္း ေသာက္ေတာ္ေရ ေကာ္ဖီ မုန႔္ သစ္သီးစသည့္ လႉဒါန္းဖြယ္ရာမ်ား အဆင္ေျပရာ လႉဒါန္းပါ။

အိမ္ရွိ အိမ္သားမ်ားအားလုံး နံနက္မိုးလင္းလွ်င္ ဘုရား ရွိခိုးျဖစ္ေအာင္ ရွိခိုးခိုင္းပါ။ ရက္ပိုင္းအတြင္း အိမ္အပူမ်ား ကင္းေဝးၿပီး အိမ္တြင္ သိသာစြာ လာဘ္ပြင့္၍ စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္ရပါလိမ့္မည္။