ကမ္ဘာပေါ်က လူဦးရေရဲ့ တစ်ရာခိုင်နှုန်းကသာ လက်ကို ဘယ်ညာနှစ်ဖက်လုံး အသုံးပြုနိုင်တာပါ။ သူတို့တွေက လက်နှစ်ဖက်လုံးနဲ့ စာရေးနိုင်သလို၊ အစားအစာတွေကိုလည်း စားနိုင်ပါတယ်။ ကလေးက လက်ကို ဘယ်ရော၊ ညာရော နှစ်ဖက်လုံးအသုံးပြုနေရင် မိဘတွေက စိတ်ပူတတ်ကြပါတယ်။ အဲဒါကြောင့် ဘယ်ရော၊ ညာရောသန်တဲ့ ကလေးတွေရဲ့အကြောင်းကို ဖော်ပြပေးပါမယ်နော်။

၁။ ပို၍ စိတ်ခံစားလွယ်ခြင်း

ဘယ်ညာနှစ်ဖက်လုံး သန်တဲ့ကလေးတွေနဲ့ ညာသန်တဲ့ ကလေးတွေကို ပညာရှင်တွေက ဂန္တဝင်သီချင်းတွေ နားထောင်ခိုင်းပြီး စိတ်ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီအခါ ဘယ်ညာနှစ်ဖက်လုံး သန်တဲ့ကလေးတွေက ပိုပြီးခံစားတတ်ကြောင်း၊ ဝမ်းနည်းတတ်ကြောင်း တွေ့ရပါတယ်။

၂။ အရာဝတ္ထုများကို ကွဲပြားစွာမြင်နိုင်ခြင်း

ဘယ်ညာနှစ်ဖက်လုံးသန်တဲ့ ကလေးတွေက အာရုံတွေက ဆက်စပ်နေပါတယ်။ သူတို့က အနံ့တစ်ခုခုကို ရတဲ့အခါ အသံတွေ၊ အရသာတွေကို ခံစားသိရှိနိုင်ပါတယ်။ ဥပမာ စပ်စုတယ်ဆိုတဲ့ စာလုံးကို ဖတ်လိုက်ရင် မုန်လာဥနီရဲ့အရသာကို ခံစားနိုင်တာမျိုးပါ။

၃။ အနုပညာ၊ ဂီတ၊ အားကစားတို့တွင် ထူးချွန်ခြင်း

သင့်ကလေးက လက်ကို ဘယ်ရောညာရော အသုံးပြုနိုင်ဆိုရင် သူတို့ရဲ့ အရည်အချင်းတွေကို သတိထားကြည့်ဖို့ အရေးကြီးပါတယ်။ Lewis Carroll, Tom Cruise, Charlie Chaplin, Leonardo da Vinci နဲ့ Nikola Tesla တို့ဟာ လက်ဘယ်ညာ နှစ်ဖက်လုံး သန်သူတွေပါ။

၄။ လွယ်လွယ်နဲ့ အာရုံထွေပြားခြင်း

ဘယ်ညာနှစ်ဖက်လုံး သန်တဲ့ကလေးတွေက အာရုံစူးစိုက်တဲ့ နေရာမှာ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် အသက် ငယ်ရွယ်စဉ်ကတည်းက အာရုံတည်ငြိမ်အောင် သင်ကြားပေးထားသင့်ပါတယ်။

၅။ ပို၍လျင်လျင်မြန်မြန် သင်ယူနိုင်ခြင်း

လေ့လာချက်တွေအရ ဘယ်ညာနှစ်ဖက်လုံး အသုံးပြုနိုင်တဲ့ ကလေးတွေက ပညာရပ်တစ်ခုကို သင်ရင် တခြားသူတွေထက် ပိုပြီး လျင်လျင်မြန်မြန် တတ်မြောက်နိုင်ကြောင်း တွေ့ရပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ တခြားကလေးတွေလို သူတို့မှာ အဓိက လွှမ်းမိုးခြယ်လှယ်တဲ့ ဦးနှောက်ခြမ်းတစ်ခြမ်း မရှိလို့ပါ။

Zombie (Lovemedia)

for zawgyi

သင့္ကေလး ဘယ္ညာႏွစ္ဖက္လုံးနဲ႔ စာေရးႏိုင္တယ္ဆိုရင္ မေမ့ထားသင့္တဲ့ အခ်က္ (၅) ခ်က္

ကမာၻေပၚက လူဦးေရရဲ႕ တစ္ရာခိုင္ႏႈန္းကသာ လက္ကို ဘယ္ညာႏွစ္ဖက္လုံး အသုံးျပဳႏိုင္တာပါ။ သူတို႔ေတြက လက္ႏွစ္ဖက္လုံးနဲ႔ စာေရးႏိုင္သလို၊ အစားအစာေတြကိုလည္း စားႏိုင္ပါတယ္။ ကေလးက လက္ကို ဘယ္ေရာ၊ ညာေရာ ႏွစ္ဖက္လုံးအသုံးျပဳေနရင္ မိဘေတြက စိတ္ပူတတ္ၾကပါတယ္။ အဲဒါေၾကာင့္ ဘယ္ေရာ၊ ညာေရာသန္တဲ့ ကေလးေတြရဲ႕အေၾကာင္းကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ပို၍ စိတ္ခံစားလြယ္ျခင္း

ဘယ္ညာႏွစ္ဖက္လုံး သန္တဲ့ကေလးေတြနဲ႔ ညာသန္တဲ့ ကေလးေတြကို ပညာရွင္ေတြက ဂႏၲဝင္သီခ်င္းေတြ နားေထာင္ခိုင္းၿပီး စိတ္ေပ်ာ္႐ႊင္မႈ၊ ဝမ္းနည္းမႈေတြကို စမ္းသပ္ခဲ့ပါတယ္။ အဲဒီအခါ ဘယ္ညာႏွစ္ဖက္လုံး သန္တဲ့ကေလးေတြက ပိုၿပီးခံစားတတ္ေၾကာင္း၊ ဝမ္းနည္းတတ္ေၾကာင္း ေတြ႕ရပါတယ္။

၂။ အရာဝတၳဳမ်ားကို ကြဲျပားစြာျမင္ႏိုင္ျခင္း

ဘယ္ညာႏွစ္ဖက္လုံးသန္တဲ့ ကေလးေတြက အာ႐ုံေတြက ဆက္စပ္ေနပါတယ္။ သူတို႔က အနံ႔တစ္ခုခုကို ရတဲ့အခါ အသံေတြ၊ အရသာေတြကို ခံစားသိရွိႏိုင္ပါတယ္။ ဥပမာ စပ္စုတယ္ဆိုတဲ့ စာလုံးကို ဖတ္လိုက္ရင္ မုန္လာဥနီရဲ႕အရသာကို ခံစားႏိုင္တာမ်ိဳးပါ။

၃။ အႏုပညာ၊ ဂီတ၊ အားကစားတို႔တြင္ ထူးခြၽန္ျခင္း

သင့္ကေလးက လက္ကို ဘယ္ေရာညာေရာ အသုံးျပဳႏိုင္ဆိုရင္ သူတို႔ရဲ႕ အရည္အခ်င္းေတြကို သတိထားၾကည့္ဖို႔ အေရးႀကီးပါတယ္။ Lewis Carroll, Tom Cruise, Charlie Chaplin, Leonardo da Vinci နဲ႔ Nikola Tesla တို႔ဟာ လက္ဘယ္ညာ ႏွစ္ဖက္လုံး သန္သူေတြပါ။

၄။ လြယ္လြယ္နဲ႔ အာ႐ုံေထြျပားျခင္း

ဘယ္ညာႏွစ္ဖက္လုံး သန္တဲ့ကေလးေတြက အာ႐ုံစူးစိုက္တဲ့ ေနရာမွာ အခက္အခဲရွိပါတယ္။ အဲဒါေၾကာင့္ အသက္ ငယ္႐ြယ္စဥ္ကတည္းက အာ႐ုံတည္ၿငိမ္ေအာင္ သင္ၾကားေပးထားသင့္ပါတယ္။

၅။ ပို၍လ်င္လ်င္ျမန္ျမန္ သင္ယူႏိုင္ျခင္း

ေလ့လာခ်က္ေတြအရ ဘယ္ညာႏွစ္ဖက္လုံး အသုံးျပဳႏိုင္တဲ့ ကေလးေတြက ပညာရပ္တစ္ခုကို သင္ရင္ တျခားသူေတြထက္ ပိုၿပီး လ်င္လ်င္ျမန္ျမန္တတ္ေျမာက္ႏိုင္ေၾကာင္း ေတြ႕ရပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ တျခားကေလးေတြလို သူတို႔မွာ အဓိက လႊမ္းမိုးျခယ္လွယ္တဲ့ ဦးေႏွာက္ျခမ္းတစ္ျခမ္း မရွိလို႔ပါ။

Zombie (Lovemedia)