ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး Dindim အမည်ရှိတဲ့ တောင်အမေရိက Magellanic ပင်ဂွင်းလေး တစ်ကောင်ရဲ့ ချစ်စရာကောင်းတဲ့ အကြောင်းလေးပါ။

ဘရာဇီးနိုင်ငံ၊ ကျေးရွာလေး တစ်ရွာမှာနေထိုင်တဲ့ အသက် 71 နှစ်အရွယ် တံငါသည် Joao Pereira de Souza ဟာ ဆီတွေကြားထဲမှာ နစ်မြုပ်နေပြီး သေမလိုဖြစ်နေခဲ့တဲ့ ပင်ဂွင်းငှက်လေး တစ်ကောင်ကို ကယ်တင်ခဲ့ပါတယ်။ Joao ဟာ ပင်ဂွင်းငှက်လေးမှာ ပေနေတဲ့ ဆီတွေကို သေချာသန့်စင်ပေးခဲ့ပြီး Dindim လို့ နာမည်ပေးခဲ့ပါတယ်။

အချိန်တွေ တော်တော်ကြာပြီးတဲ့နောက်မှာ Dindim လေးဟာ သက်သာလာခဲ့ပါတယ်။ ဒါကြောင့် Joao ဟာ ပင်ဂွင်းလေးကို ပင်လယ်ထဲ ပြန်လည်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပင်ဂွင်းလေးဟာ ပြန်မသွားချင်ပဲ သူတို့နဲ့ပဲ တူတူနေချင် ခဲ့ပါတယ်။

" ၁၁ လလောက် ကြာတဲ့အထိ တူတူရှိခဲ့ကြပါတယ်။ ကြားထဲမှာလဲ သူ့ဒဏ်ရာတွေ ပျောက်ကင်းခဲ့ပါတယ်" လို့ Joao က ဆိုပါတယ်။ လူတွေကတော့ သူ့ကိုလွှတ်ပေးလိုက်ရင် ဘယ်တော့မှ ပြန်မဆုံရတော့ဘူးလို့လည်း ပြောကြပါတယ်။

အံ့ဩစရာ ကောင်းတာက ငှက်လေးက အိမ်ကနေ ထွက်သွားပြီး လအနည်းငယ်အကြာမှာ Joao တို့ မိသားစုဆီ ပြန်လာခဲ့ပါတယ်။ ပြီးတော့လည်း နှစ်တိုင်းလိုလို မိသားစုဆီကို လာလည်ပါတယ်။ သူထွက်သွားပြီးရင် သူဘယ်ကို သွားမလဲ ဆိုတာ ဘယ်သူမှ မသိကြပါဘူး။

အာဂျင်တီးနားနဲ့ ချီလီကမ်းရိုးတန်းကို ပြန်သွားတာလို့တော့ လူတချို့က ထင်ကြေးပေးနေ ကြပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း သိသာတာကတော့ သူ ထွက်သွားပြီး နှစ်စဉ်နှစ်တိုင်း ပြန်လာတာက Joao ကို ပြန်တွေ့ဖို့ပါပဲ။

" ဇွန်လမှာ သူရောက်လာပြီး ဖေဖေါ်ဝါရီလမှာ အိမ်ပြန်ဖို့ သူပြန်ထွက်သွားခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုချစ်လာရသလို ကျွန်တော်တို့ တွေ့ရတာ ပိုလို့တောင် ကြည်နူးလာပါတယ်” Joao က ပြောပါတယ်။

" ပင်ဂွင်းလေးကို ကျွန်တော့်ရဲ့ကလေးလို ချစ်တယ်၊ သူကလည်း ကျွန်တော့်ကို ချစ်တယ်လို့ ယုံကြည်တယ်" လို့ Joao က Globo TV ကို ပြောကြားခဲ့ပါတယ်။

“ဘယ်သူမှ သူ့ကို ထိခွင့်မရှိပါဘူး။ သူ့ကိုထိရင် ကိုက်တယ်။ သူက ကျွန်တော့်ပေါင်ပေါ်မှာ အိပ်တယ်၊ သူ့ကို ရေချိုးခွင့်ပေးတယ်၊ သူ့ကို ငါးသေတ္တာကျွေးခွင့်ပေးတယ်၊ သူ့ကို ဆော့ခွင့်ချီခွင့် ပေးတယ်" လို့ဆိုပါတယ်။ ပင်ကွင်းလေးကလည်း လူတွေထဲမှာမှ Joao ရဲ့ထိကိုင်ခြင်းကိုသာ လက်ခံခဲ့တာပါ။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

သူ႔ကိုကယ္တင္ခဲ့တဲ့သူဆီကို 8,000 ကီလိုမီတာေလာက္ေရကူးၿပီး ႏွစ္တိုင္းလာေတြ႕တဲ့ ပင္ဂြင္းငွက္ေလး (႐ုပ္သံ)

ဒီအျဖစ္အပ်က္ဟာ လြန္ခဲ့တဲ့ (၁၀) ႏွစ္ေလာက္က ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး Dindim အမည္ရွိတဲ့ ေတာင္အေမရိက Magellanic ပင္ဂြင္းေလး တစ္ေကာင္ရဲ႕ခ်စ္စရာေကာင္းတဲ့ အေၾကာင္းေလးပါ။

၂၀၁၁ ခုႏွစ္က ဘရာဇီးႏိုင္ငံ၊ ေက်း႐ြာေလး တစ္႐ြာမွာေနထိုင္တဲ့ အသက္ 71 ႏွစ္အ႐ြယ္ တံငါသည္ Joao Pereira de Souza ဟာ ဆီေတြၾကားထဲမွာ နစ္ျမဳပ္ေနၿပီး ေသမလိုျဖစ္ေနခဲ့တဲ့ ပင္ဂြင္းငွက္ေလး တစ္ေကာင္ကို ကယ္တင္ခဲ့ပါတယ္။ Joao ဟာ ပင္ဂြင္းငွက္ေလးမွာ ေပေနတဲ့ ဆီေတြကို ေသခ်ာသန႔္စင္ေပးခဲ့ၿပီး Dindim လို႔ နာမည္ေပးခဲ့ပါတယ္။

အခ်ိန္ေတြ ေတာ္ေတာ္ၾကာၿပီးတဲ့ေနာက္မွာ Dindim ေလးဟာ သက္သာလာခဲ့ပါတယ္။ ဒါေၾကာင့္ Joao ဟာ ပင္ဂြင္းေလးကို ပင္လယ္ထဲ ျပန္လည္လႊတ္ေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ပင္ဂြင္းေလးဟာ ျပန္မသြားခ်င္ပဲ သူတို႔နဲ႔ပဲ တူတူေနခ်င္ခဲ့ပါတယ္။

" ၁၁ လေလာက္ ၾကာတဲ့အထိ တူတူရွိခဲ့ၾကပါတယ္။ ၾကားထဲမွာလဲ သူ႔ဒဏ္ရာေတြ ေပ်ာက္ကင္းခဲ့ပါတယ္" လို႔ Joao က ဆိုပါတယ္။ လူေတြကေတာ့ သူ႔ကိုလႊတ္ေပးလိုက္ရင္ ဘယ္ေတာ့မွ ျပန္မဆုံရေတာ့ဘူးလို႔လည္း ေျပာၾကပါတယ္။

အံ့ဩစရာ ေကာင္းတာက ငွက္ေလးက အိမ္ကေန ထြက္သြားၿပီး လအနည္းငယ္အၾကာမွာ Joao တို႔ မိသားစုဆီ ျပန္လာခဲ့ပါတယ္။ ၿပီးေတာ့လည္း ႏွစ္တိုင္းလိုလို မိသားစုဆီကို လာလည္ပါတယ္။ သူထြက္သြားၿပီးရင္ သူဘယ္ကို သြားမလဲ ဆိုတာ ဘယ္သူမွ မသိၾကပါဘူး။ အာဂ်င္တီးနားနဲ႔ ခ်ီလီကမ္း႐ိုးတန္းကို ျပန္သြားတာလို႔ေတာ့ လူတခ်ိဳ႕က ထင္ေၾကးေပးေန ၾကပါတယ္။ ဒါေပမယ့္ ရွင္းရွင္းလင္းလင္း သိသာတာကေတာ့ သူ ထြက္သြားၿပီး ႏွစ္စဥ္ႏွစ္တိုင္း ျပန္လာတာက Joao ကို ျပန္ေတြ႕ဖို႔ပါပဲ။

" ဇြန္လမွာ သူေရာက္လာၿပီး ေဖေဖၚဝါရီလမွာ အိမ္ျပန္ဖို႔ သူျပန္ထြက္သြားခဲ့ပါတယ္။ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုခ်စ္လာရသလို ကြၽန္ေတာ္တို႔ ေတြ႕ရတာ ပိုလို႔ေတာင္ ၾကည္ႏူးလာပါတယ္” Joao က ေျပာပါတယ္။

" ပင္ဂြင္းေလးကို ကြၽန္ေတာ့္ရဲ႕ကေလးလို ခ်စ္တယ္၊ သူကလည္း ကြၽန္ေတာ့္ကို ခ်စ္တယ္လို႔ ယုံၾကည္တယ္" လို႔ Joao က Globo TV ကို ေျပာၾကားခဲ့ပါတယ္။ “ဘယ္သူမွ သူ႔ကို ထိခြင့္မရွိပါဘူး။ သူ႔ကိုထိရင္ ကိုက္တယ္။ သူက ကြၽန္ေတာ့္ေပါင္ေပၚမွာ အိပ္တယ္၊ သူ႔ကို ေရခ်ိဳးခြင့္ေပးတယ္၊ သူ႔ကို ငါးေသတၱာေကြၽးခြင့္ေပးတယ္၊ သူ႔ကို ေဆာ့ခြင့္ခ်ီခြင့္ ေပးတယ္" လို႔ဆိုပါတယ္။ ပင္ကြင္းေလးကလည္း လူေတြထဲမွာမွ Joao ရဲ႕ထိကိုင္ျခင္းကိုသာ လက္ခံခဲ့တာပါ။

Zombie (Lovemedia)