Matt Shaha က အသက် ၂၈ နှစ်ကျော်သွားပြီဖြစ်ပြီး ဦးနှောက်အကြိတ်ရောဂါခံစားနေရတဲ့မိခင်ကို ပြုစုစောင့်ရှောက်နေသူပါ။ သူ့ရဲ့အမေ Melanie က ဦးနှောက်အကြိတ်ကြောင့် ဆံပင်တွေ အားလုံး ကျွတ်သွားခဲ့ပါတယ်။

အဲဒီအခါ သားဖြစ်သူ Matt က ၂ နှစ်ကြာအောင် ဆံပင်အရှည်ထားပြီး ရှည်လာတဲ့ဆံပင်ကို ဆံပင်တုလုပ်ပါတယ်။ အဲဒီနောက် ဆံပင်တွေမရှိတော့တဲ့အမေဖြစ်သူကို လက်ဆောင်ပေးလိုက်ပါတယ်။

Melanie က ဦးနှောက်အကြိတ်ဖြစ်တဲ့အခါမှာ ကုသရတဲ့ဆေးဝါးတွေကြောင့် ဆံပင်တွေမရှိတော့ပါဘူး။ ဆံပင်တွေမရှိတော့တဲ့အမေကို သားဖြစ်သူက စိတ်မကောင်းဖြစ်သွားပြီး ဆံပင်တုလုပ်ပေးဖို့ စိတ်ကူးရသွားပါတယ်။ ၂၀၂၀ နှစ်စပိုင်းကနေ စပြီးတော့ Matt က ဆံပင်အရှည် စထားပါတယ်။ ဆံပင်ကို ၁၂ လက်မအရှည်ရအောင်လို့ ၂ နှစ်ကြာထားလိုက်ရပါတယ်။

Melanie မှာ သားသမီး ၆ ယောက်ရှိပါတယ်။ ဦးနှောက်အကြိတ်ကို ခွဲတုန်းက ဆံပင်တွေကို ရိတ်လိုက်ရပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆံပင်က လုံးဝကို ပြန်မပေါက်လာပါဘူး။ Melanieက နေမကောင်းပေမယ့် သူမကို လူမမာတစ်ယောက်လို ဆက်ဆံတာမျိုး မနှစ်သက်ပါဘူး။

Matt က ၂၀၁၈ ခုနှစ်တုန်းက ဘွဲ့ရခဲ့ပါတယ်။ ဒါပေမယ့် ဘွဲ့ယူတဲ့အခါ ဆံပင်အရှည်ကို ကန့်သတ်ထားတာကြောင့် ဆံပင်တွေ ညှပ်လိုက်ရပါတယ်။ ညှပ်လိုက်တဲ့ဆံပင်တွေကို ကြည့်ပြီး အမေဖြစ်သူအတွက် ဆံပင်အတုလုပ်ပေးဖို့ အကြံရသွားခဲ့တာပါ။

Matt ရဲ့ဆံပင်တွေကို သေချာဖြတ်တောက်ပြီးတော့ ဆံပင်တုကို စက်နဲ့မဟုတ်ဘဲ လက်နဲ့ ပြုလုပ်ထားခဲ့တာပါ။ ရလာတဲ့ ဆံပင်တုကို အမေဖြစ်သူအတွက် ပို့ပေးလိုက်ပါတယ်။ Melanie က သားဖြစ်သူရဲ့ဆံပင်နဲ့ပြုလုပ်ထားတဲ့ ဆံပင်တုလေးကို ရရှိတဲ့အခါ အရမ်းကို ပျော်ရွှင်သွားခဲ့ပါတယ်။

အခုဆိုရင် Maline က သားဖြစ်သူဖန်တီးပေးထားတဲ့ဆံပင်တုလေးကို အမြဲတပ်ဆင်ထားပါပြီ။ ၄ နှစ်တာအတွင်းမှာ အပျော်ရွှင်ဆုံးခံစားချက်ရရှိပြီး ယခင်ကပုံစံကို ပြန်လည်ရရှိသွားတယ်လို့ Maline က ဆိုပါတယ်။ Matt ရဲ့ လှပတဲ့စိတ်ထားလေးကတော့ အရမ်းကို ချီးကျူးစရာကောင်းပါတယ်။

Zombie (lovemedia)

for zawgyi

ဦးေႏွာက္အႀကိတ္ေၾကာင့္ ဆံပင္မရွိေတာ့တဲ့အေမအတြက္ မိမိရဲ႕ကိုယ္ပိုင္ဆံပင္နဲ႔ ဆံပင္အတုျပဳလုပ္ေပးတဲ့သား

Matt Shaha က အသက္ ၂၈ ႏွစ္ေက်ာ္သြားၿပီျဖစ္ၿပီး ဦးေႏွာက္အႀကိတ္ေရာဂါခံစားေနရတဲ့မိခင္ကို ျပဳစုေစာင့္ေရွာက္ေနသူပါ။ သူ႔ရဲ႕အေမ Melanie က ဦးေႏွာက္အႀကိတ္ေၾကာင့္ ဆံပင္ေတြ အားလုံး ကြၽတ္သြားခဲ့ပါတယ္။ အဲဒီအခါ သားျဖစ္သူ Matt က ၂ ႏွစ္ၾကာေအာင္ ဆံပင္အရွည္ထားၿပီး ရွည္လာတဲ့ဆံပင္ကို ဆံပင္တုလုပ္ပါတယ္။ အဲဒီေနာက္ ဆံပင္ေတြမရွိေတာ့တဲ့အေမျဖစ္သူကို လက္ေဆာင္ေပးလိုက္ပါတယ္။

Melanie က ဦးေႏွာက္အႀကိတ္ျဖစ္တဲ့အခါမွာ ကုသရတဲ့ေဆးဝါးေတြေၾကာင့္ ဆံပင္ေတြမရွိေတာ့ပါဘူး။ ဆံပင္ေတြမရွိေတာ့တဲ့အေမကို သားျဖစ္သူက စိတ္မေကာင္းျဖစ္သြားၿပီး ဆံပင္တုလုပ္ေပးဖို႔ စိတ္ကူးရသြားပါတယ္။ ၂၀၂၀ ႏွစ္စပိုင္းကေန စၿပီးေတာ့ Matt က ဆံပင္အရွည္ စထားပါတယ္။ ဆံပင္ကို ၁၂ လက္မအရွည္ရေအာင္လို႔ ၂ ႏွစ္ၾကာထားလိုက္ရပါတယ္။

Melanie မွာ သားသမီး ၆ ေယာက္ရွိပါတယ္။ ဦးေႏွာက္အႀကိတ္ကို ခြဲတုန္းက ဆံပင္ေတြကို ရိတ္လိုက္ရပါေသးတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဆံပင္က လုံးဝကို ျပန္မေပါက္လာပါဘူး။ Melanieက ေနမေကာင္းေပမယ့္ သူမကို လူမမာတစ္ေယာက္လို ဆက္ဆံတာမ်ိဳး မႏွစ္သက္ပါဘူး။

Matt က ၂၀၁၈ ခုႏွစ္တုန္းက ဘြဲ႕ရခဲ့ပါတယ္။ ဒါေပမယ့္ ဘြဲ႕ယူတဲ့အခါ ဆံပင္အရွည္ကို ကန႔္သတ္ထားတာေၾကာင့္ ဆံပင္ေတြ ညႇပ္လိုက္ရပါတယ္။ ညႇပ္လိုက္တဲ့ဆံပင္ေတြကို ၾကည့္ၿပီး အေမျဖစ္သူအတြက္ ဆံပင္အတုလုပ္ေပးဖို႔ အႀကံရသြားခဲ့တာပါ။

Matt ရဲ႕ဆံပင္ေတြကို ေသခ်ာျဖတ္ေတာက္ၿပီးေတာ့ ဆံပင္တုကို စက္နဲ႔မဟုတ္ဘဲ လက္နဲ႔ ျပဳလုပ္ထားခဲ့တာပါ။ ရလာတဲ့ ဆံပင္တုကို အေမျဖစ္သူအတြက္ ပို႔ေပးလိုက္ပါတယ္။ Melanie က သားျဖစ္သူရဲ႕ဆံပင္နဲ႔ျပဳလုပ္ထားတဲ့ ဆံပင္တုေလးကို ရရွိတဲ့အခါ အရမ္းကို ေပ်ာ္႐ႊင္သြားခဲ့ပါတယ္။

အခုဆိုရင္ Maline က သားျဖစ္သူဖန္တီးေပးထားတဲ့ဆံပင္တုေလးကို အၿမဲတပ္ဆင္ထားပါၿပီ။ ၄ ႏွစ္တာအတြင္းမွာ အေပ်ာ္႐ႊင္ဆုံးခံစားခ်က္ရရွိၿပီး ယခင္ကပုံစံကို ျပန္လည္ရရွိသြားတယ္လို႔ Maline က ဆိုပါတယ္။ Matt ရဲ႕ လွပတဲ့စိတ္ထားေလးကေတာ့ အရမ္းကို ခ်ီးက်ဴးစရာေကာင္းပါတယ္။

Zombie (lovemedia)