မလေးရှားနိုင်ငံက အမျိုးသမီး တစ်ယောက်ရဲ့ပုံက social media တွေမှာ ပျံ့နှံ့သွားပြီး လူအများ ထိတ်လန့်သွားကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိူးသမီးတွေရဲ့ ခန္ဓာကိုယ်က ပြောင်းလဲသွား တတ်ကြပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံ၊ Johor ပြည်နယ်၊ Kulai က အသက် ၂၈ နှစ်အရွယ် Nor Sahira ဆိုတဲ့ အမျိုးသမီးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ရည်က အရမ်းကို ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလို ပြောင်းလဲသွားတာက သူမအတွက်တော့ အိပ်မက်ဆိုးလိုပါပဲ။

Nor Sahira က အရင်က လှပတဲ့မျက်နှာနဲ့ ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်ခဲ့သူပါ။ သူမအသက် ၂၀ အရွယ်တုန်းက ပထမကလေးကို မွေးဖွားခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဒုတိယကလေးကို မွေးဖွားခဲ့ပါတယ်။

ပထမကလေးနဲ့ ဒုတိယကလေးကို Nor Sahira ကိုယ်ဝန်ဆောင်ချိန်က ရုပ်ရည်က အရမ်းကြီး မပြောင်းလဲသွားခဲ့ပါဘူး။ တတိယကိုယ်ဝန် ဆောင်ချိန်မှာတော့ သူမရဲ့ရုပ်ရည်ရဲ့ ပြောင်းလဲသွားမှုဟာ ကိုယ်တိုင်တောင် မမှတ်မိနိုင် လောက်အောင်ပါပဲ။

Nor Shira ရဲ့ အသားအရေက ညိုမည်းသွားပြီး အသက် ၈၀ အရွယ် အဘွားကြီးလို မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာပါတယ်။ Nor Shira ဟာ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး ဘယ်သူ့ကိုမှ မျက်နှာချင်း မဆိုင်ရဲတော့ပါဘူး။ လူတိုင်းက သူ့ရုပ်ရည်ကို အာရုံစိုက်လာတာကြောင့် စိတ်ဖိစီးမှုတွေလည်း ရလာပါတယ်။

သူမရဲ့ facebook မှာတင်ခဲ့တဲ့ videoထဲမှာ ကိုယ်ဝန်ဆောင်စဉ် ပြောင်းလဲသွားတဲ့ ရုပ်ရည်အကြောင်းကို ပြောပြထားပါတယ်။ Nor Sahira ရဲ့ မျက်နှာက ရောင်နေပြီး အသားအရေက ညိုမည်းလာပါတယ်။

မျက်နှာက အဘွားအိုကြီးနဲ့ တူနေလို့ ရှက်ကြောင်းလည်း ပြောပြထားပါတယ်။ ရုပ်ရည်ပြောင်းလဲမှုကြောင့် ရင်ထဲမှာ နာကျင်နေပေမယ့် ပြုံးထားပါတယ်လို့ ရေးသားထားပါတယ်။

သူမရဲ့ ရုပ်ရည် ပြောင်းလဲသွားပေမယ့် ခင်ပွန်းသည်ကတော့ ချစ်မြဲချစ်ဆဲပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အခက်အခဲတွေ မရှိအောင်လည်း လုပ်ပေးသလို သူမကိုလည်း အားပေးပါတယ်။

ကလေး မွေးဖွားပြီးတဲ့အခါ Nor Sahira ရဲ့မျက်နှာမှာ အရေးအကြောင်းတွေ နည်းပါးပြီး အသားအရေလည်း ပြန်လည်စိုပြေ လာပါတယ်။ အရင်ကလို ရုပ်ရည်လှလှလေးတော့ ပြန်မရခဲ့ပါဘူး။ ဒါပေမယ့် ချောမောလှပတဲ့ သားလေးကိုတော့ မွေးဖွားနိုင်ခဲ့ပါတယ်။

Zombie (lovemedia)

for zawgyi

ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္ အဘြားႀကီးလို ႐ုပ္ေျပာင္းသြားတဲ့ အသက္ ၂၈ ႏွစ္ အမ်ိဳးသမီး

မေလးရွားႏိုင္ငံက အမ်ိဳးသမီး တစ္ေယာက္ရဲ႕ပုံက social media ေတြမွာ ပ်ံ႕ႏွံ႔သြားၿပီး လူအမ်ား ထိတ္လန႔္သြားၾကပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အမ်ိဴးသမီးေတြရဲ႕ ခႏၶာကိုယ္က ေျပာင္းလဲသြား တတ္ၾကပါတယ္။ ဒါေပမယ့္ မေလးရွားႏိုင္ငံ၊ Johor ျပည္နယ္၊ Kulai က အသက္ ၂၈ ႏွစ္အ႐ြယ္ Nor Sahira ဆိုတဲ့ အမ်ိဳးသမီးကေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ႐ုပ္ရည္က အရမ္းကို ေျပာင္းလဲသြားခဲ့ပါတယ္။ ဒီလို ေျပာင္းလဲသြားတာက သူမအတြက္ေတာ့ အိပ္မက္ဆိုးလိုပါပဲ။

Nor Sahira က အရင္က လွပတဲ့မ်က္ႏွာနဲ႔ ေခ်ာေမြ႕တဲ့ အသားအေရကို ပိုင္ဆိုင္ခဲ့သူပါ။ သူမအသက္ ၂၀ အ႐ြယ္တုန္းက ပထမကေလးကို ေမြးဖြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာလည္း ဒုတိယကေလးကို ေမြးဖြားခဲ့ပါတယ္။

ပထမကေလးနဲ႔ ဒုတိယကေလးကို Nor Sahira ကိုယ္ဝန္ေဆာင္ခ်ိန္က ႐ုပ္ရည္က အရမ္းႀကီး မေျပာင္းလဲသြားခဲ့ပါဘူး။ တတိယကိုယ္ဝန္ ေဆာင္ခ်ိန္မွာေတာ့ သူမရဲ႕႐ုပ္ရည္ရဲ႕ ေျပာင္းလဲသြားမႈဟာ ကိုယ္တိုင္ေတာင္ မမွတ္မိႏိုင္ ေလာက္ေအာင္ပါပဲ။

Nor Shira ရဲ႕ အသားအေရက ညိဳမည္းသြားၿပီး အသက္ ၈၀ အ႐ြယ္ အဘြားႀကီးလို မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ေပၚလာပါတယ္။ Nor Shira ဟာ ယုံၾကည္မႈေတြ ေပ်ာက္ဆုံးၿပီး ဘယ္သူ႔ကိုမွ မ်က္ႏွာခ်င္း မဆိုင္ရဲေတာ့ပါဘူး။ လူတိုင္းက သူ႔႐ုပ္ရည္ကို အာ႐ုံစိုက္လာတာေၾကာင့္ စိတ္ဖိစီးမႈေတြလည္း ရလာပါတယ္။

သူမရဲ႕ facebook မွာတင္ခဲ့တဲ့ videoထဲမွာ ကိုယ္ဝန္ေဆာင္စဥ္ ေျပာင္းလဲသြားတဲ့ ႐ုပ္ရည္အေၾကာင္းကို ေျပာျပထားပါတယ္။ Nor Sahira ရဲ႕ မ်က္ႏွာက ေရာင္ေနၿပီး အသားအေရက ညိဳမည္းလာပါတယ္။

မ်က္ႏွာက အဘြားအိုႀကီးနဲ႔ တူေနလို႔ ရွက္ေၾကာင္းလည္း ေျပာျပထားပါတယ္။ ႐ုပ္ရည္ေျပာင္းလဲမႈေၾကာင့္ ရင္ထဲမွာ နာက်င္ေနေပမယ့္ ၿပဳံးထားပါတယ္လို႔ ေရးသားထားပါတယ္။

သူမရဲ႕ ႐ုပ္ရည္ ေျပာင္းလဲသြားေပမယ့္ ခင္ပြန္းသည္ကေတာ့ ခ်စ္ၿမဲခ်စ္ဆဲပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အခက္အခဲေတြ မရွိေအာင္လည္း လုပ္ေပးသလို သူမကိုလည္း အားေပးပါတယ္။

ကေလး ေမြးဖြားၿပီးတဲ့အခါ Nor Sahira ရဲ႕မ်က္ႏွာမွာ အေရးအေၾကာင္းေတြ နည္းပါးၿပီး အသားအေရလည္း ျပန္လည္စိုေျပ လာပါတယ္။ အရင္ကလို ႐ုပ္ရည္လွလွေလးေတာ့ ျပန္မရခဲ့ပါဘူး။ ဒါေပမယ့္ ေခ်ာေမာလွပတဲ့ သားေလးကိုေတာ့ ေမြးဖြားႏိုင္ခဲ့ပါတယ္။

Zombie (lovemedia)