တခါတုန်းက ကိုရင်လေး တပါးကို ကိုရင်ကြီး တပါးက စ လိုက်လို့ ကိုရင်လေးက ငိုပြီး ကျောင်းထိုင် ဆရာတော်ကို သွားတိုင် ပါတယ်။

ဆရာတော်က ကိုရင်လေးကို နှစ်သိမ့် ပေးတယ်။

"ကိုရင်လေး မငိုနဲ့ တိတ် တိတ်။ အဲဒီ ကိုရင်ကြီးက အသက်ကြီးရင် သေမှာ။ ဘာမှ သွားလုပ်စရာ မလိုဘူး တိတ် တိတ်"

လို့ ဆရာတော်က ပြောလိုက်တော့ ကိုရင်လေးက ကျေနပ် သွားသတဲ့။

အသက်ကြီးရင် သေရတယ် ဆိုတဲ့ သဘာဝတရားကို နားမလည် သေးတော့ ကိုရင်လေးက ကျေနပ် သွားတာပေါ့။

ကြီးရင် သေတတ်တယ် ဆိုတဲ့ သဘောတရားနဲ့ ဆက်စပ်ပြီး တွေးလိုက် မိတယ်။ လူတွေမှာ "တခုခု ကြီးလာရင် တခုက သေသွား တတ်တယ်" ဆိုတာ ကိုပါ။

စိုးရိမ်စိတ်တွေ ကြီးလာရင် ပျော်ရွှင်မှုတွေ သေဆုံး တတ်တယ်။ သံသယတွေ ကြီးလာရင် ယုံကြည်မှုတွေ သေဆုံး တတ်တယ်။

ပြိုင်ဆိုင်မှုတွေ ကြီးလာရင် ငြိမ်းချမ်းမှုတွေ သေဆုံး တတ်တယ်။ မညီမျှမှုတွေ ကြီးလာရင် လေးစားမှုတွေ သေဆုံး တတ်တယ်။

အတ္တစိတ်တွေ ကြီးလာရင် ရိုသားခြင်းတွေ သေဆုံး တတ်တယ်။ အပျင်းတွေ ကြီးလာရင် အခွင့်လမ်းတွေ သေဆုံး တတ်တယ်။

Crd ဓမ္မအလင်းရောင်

Zawgyi

ႀကီးရင္ ေသတတ္တယ္

တခါတုန္းက ကိုရင္ေလး တပါးကို ကိုရင္ႀကီး တပါးက စ လိုက္လို႔ ကိုရင္ေလးက ငိုၿပီး ေက်ာင္းထိုင္ ဆရာေတာ္ကို သြားတိုင္ ပါတယ္။ ဆရာေတာ္က ကိုရင္ေလးကို ႏွစ္သိမ့္ ေပးတယ္။ "ကိုရင္ေလး မငိုနဲ႔ တိတ္ တိတ္။ အဲဒီ ကိုရင္ႀကီးက အသက္ႀကီးရင္ ေသမွာ။ ဘာမွ သြားလုပ္စရာ မလိုဘူး တိတ္ တိတ္" လို႔ ေျပာလိုက္ေတာ့ ကိုရင္ေလးက ေက်နပ္ သြားသတဲ့။

အသက္ႀကီးရင္ ေသရတယ္ ဆိုတဲ့ သဘာဝတရားကို နားမလည္ ေသးေတာ့ ကိုရင္ေလးက ေက်နပ္ သြားတာေပါ့။ ႀကီးရင္ ေသတတ္တယ္ ဆိုတဲ့ သေဘာတရားနဲ႔ ဆက္စပ္ၿပီး ေတြးလိုက္ မိတယ္။ လူေတြမွာ "တခုခု ႀကီးလာရင္ တခုက ေသသြား တတ္တယ္" ဆိုတာ ကိုပါ။

စိုးရိမ္စိတ္ေတြ ႀကီးလာရင္ ေပ်ာ္႐ႊင္မႈေတြ ေသဆုံး တတ္တယ္။ သံသယေတြ ႀကီးလာရင္ ယုံၾကည္မႈေတြ ေသဆုံး တတ္တယ္။ ၿပိဳင္ဆိုင္မႈေတြ ႀကီးလာရင္ ၿငိမ္းခ်မ္းမႈေတြ ေသဆုံး တတ္တယ္။ မညီမွ်မႈေတြ ႀကီးလာရင္ ေလးစားမႈေတြ ေသဆုံး တတ္တယ္။ အတၱစိတ္ေတြ ႀကီးလာရင္ ႐ိုသားျခင္းေတြ ေသဆုံး တတ္တယ္။ အပ်င္းေတြ ႀကီးလာရင္ အခြင့္လမ္းေတြ ေသဆုံး တတ္တယ္။

Crd ဓမၼအလင္းေရာင္