တရုတ်လူမျိုးတွေက ရေသတ္တဝါဆိုရင် ရေငုပ်သင်္ဘောကလွဲပြီး အကုန်စားကြပါတယ်။ တရုတ်နိုင်ငံမှာ street food အဖြစ်ခေတ်စားလာတာကတော့ မြစ်ထဲက ကျောက်ခဲတွေကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်ထားတဲ့ဟင်းပါ။

ရှေးယခင်တုန်းက လှေသမားတွေက ငါးဖမ်းသွားလာရင်းနဲ့ မြစ်ထဲကျောက်ခဲတွေကို ချက်ပြုတ်စားကြပါတယ်။ သူတို့အတွက် စားစရာက ရှားပါးတဲ့အခါ ကျောက်ခဲတွေကို အသားလို သဘောထားပြီး ချက်ပြုတ်ကြတာပါ။ ကျောက်ခဲတွေကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်ပြီး စားကြပါတယ်။

တကယ်စားတာမဟုတ်ဘဲ အစာအိမ်ကို လှည့်စားတဲ့သဘောနဲ့ ချက်စားကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကျောက်ခဲဟင်းက ခေတ်စားလာခဲ့ပါတယ်။ ကျောက်ခဲဟင်းကို ချက်တဲ့အခါ ငရုတ်သီးဆီ၊ ကြက်သွန်ဖြူဆော့၊ လေးညှင်းပွင့်တို့ ပါဝင်ပါတယ်။

ကျောက်ခဲဟင်းကိုတော့ Suodiu လို့ခေါ်ကြပါတယ်။ ယနေ့ခေတ်မှာတော့ ကျောက်ခဲမှာ ကပ်နေတဲ့ ဟင်းအနှစ်တွေကိုစားပြီး ကျောက်ခဲကိုတော့ ထွေးထုတ်လိုက်ကြပါတယ်။ ဒါပေမယ့် ကျောက်ခဲဟင်းမှာပါဝင်တဲ့ဟင်းအနှစ်ကလည်း အရသာ ကောင်းတယ်လို့ ဆိုပါတယ်။ ကျောက်ခဲကို တကယ်စားလို့မရပေမယ့် ရေထဲမှာ လှေစီးရင်းခရီးသွားနေတယ်ဆိုတဲ့ ခံစားချက်မျိုး ရရှိစေတာကြောင့်ပါ။

မြစ်ထဲက ကျောက်ခဲဟင်းက ရနံ့လည်း အရမ်းမွှေးပါတယ်။ ရနံ့မွှေးပြီး အရသာကောင်းတာကြောင့် ကျောက်ခဲတွေကို ဝါးစားမိရင် သွားဆရာဝန်နဲ့ သွားပြရမှာဖြစ်ပါတယ်။

Zombie (lovemedia)

for zawgyi

ျမစ္ထဲက ေက်ာက္ခဲေတြကို ဟင္းအျဖစ္ခ်က္စားတဲ့ တ႐ုတ္လူမ်ိဳးမ်ား

တ႐ုတ္လူမ်ိဳးေတြက ေရသတၱဝါဆိုရင္ ေရငုပ္သေဘၤာကလြဲၿပီး အကုန္စားၾကပါတယ္။ တ႐ုတ္ႏိုင္ငံမွာ street food အျဖစ္ေခတ္စားလာတာကေတာ့ ျမစ္ထဲက ေက်ာက္ခဲေတြကို ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႔ ခ်က္ျပဳတ္ထားတဲ့ဟင္းပါ။

ေရွးယခင္တုန္းက ေလွသမားေတြက ငါးဖမ္းသြားလာရင္းနဲ႔ ျမစ္ထဲေက်ာက္ခဲေတြကို ခ်က္ျပဳတ္စားၾကပါတယ္။ သူတို႔အတြက္ စားစရာက ရွားပါးတဲ့အခါ ေက်ာက္ခဲေတြကို အသားလို သေဘာထားၿပီး ခ်က္ျပဳတ္ၾကတာပါ။ ေက်ာက္ခဲေတြကို ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႔ ခ်က္ျပဳတ္ၿပီး စားၾကပါတယ္။

တကယ္စားတာမဟုတ္ဘဲ အစာအိမ္ကို လွည့္စားတဲ့သေဘာနဲ႔ ခ်က္စားၾကတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေက်ာက္ခဲဟင္းက ေခတ္စားလာခဲ့ပါတယ္။ ေက်ာက္ခဲဟင္းကို ခ်က္တဲ့အခါ င႐ုတ္သီးဆီ၊ ၾကက္သြန္ျဖဴေဆာ့၊ ေလးညႇင္းပြင့္တို႔ ပါဝင္ပါတယ္။

ေက်ာက္ခဲဟင္းကိုေတာ့ Suodiu လို႔ေခၚၾကပါတယ္။ ယေန႔ေခတ္မွာေတာ့ ေက်ာက္ခဲမွာ ကပ္ေနတဲ့ ဟင္းအႏွစ္ေတြကိုစားၿပီး ေက်ာက္ခဲကိုေတာ့ ေထြးထုတ္လိုက္ၾကပါတယ္။ ဒါေပမယ့္ ေက်ာက္ခဲဟင္းမွာပါဝင္တဲ့ဟင္းအႏွစ္ကလည္း အရသာ ေကာင္းတယ္လို႔ ဆိုပါတယ္။ ေက်ာက္ခဲကို တကယ္စားလို႔မရေပမယ့္ ေရထဲမွာ ေလွစီးရင္းခရီးသြားေနတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ရရွိေစတာေၾကာင့္ပါ။

ျမစ္ထဲက ေက်ာက္ခဲဟင္းက ရနံ႔လည္း အရမ္းေမႊးပါတယ္။ ရနံ႔ေမႊးၿပီး အရသာေကာင္းတာေၾကာင့္ ေက်ာက္ခဲေတြကို ဝါးစားမိရင္ သြားဆရာဝန္နဲ႔ သြားျပရမွာျဖစ္ပါတယ္။

Zombie (lovemedia)