ကားကို သတ်မှတ်အရှိန်နှုန်းထက် မြန်ဆန်ပြီး မောင်းနှင်တာက အသက်အန္တရာယ်ဖြစ်ပေါ်စေနိုင်ပါတယ်။

ဖင်လန်နိုင်ငံက ကားမောင်းသူတစ်ယောက်က ကားကို သတ်မှတ်အရှိန်နှုန်းထက် မြန်ပြီးမောင်းတာကြောင့် ဒေါ်လာ ၁၂၉၅၄၄ တောင် ဒဏ်ငွေပေးဆောင်လိုက်ရပါတယ်။

Wikllof ဆိုသူက ငွေကြေးတတ်နိုင်သူတစ်ယောက်ပါ။ သူက တစ်နာရီကို ၃၁ မိုင်နှုန်း မောင်းရမယ့်နေရာမှာ တစ်နာရီကို ၅၁ မိုင်နှုန်းနဲ့ မောင်းလာခဲ့ပါတယ်။ အဲဒါကြောင့် ရဲက တားပြီးတော့ သူ့ရဲ့ ယာဉ်မောင်းလိုင်စင်ကို ၁၀ ရက်ကြာ သိမ်းထားလိုက်ပါတယ်။

ဒီလိုမျိုး ကားအမြန်မောင်းတာကြောင့် အဖမ်းခံရတာက Wikllof အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်တုန်းလည်း ကားကို သတ်မှတ်အရှိန်နှုန်းထက် မြန်မောင်းတာကြောင့်  ၆၈၁၇၆ ဒေါ်လာတောင် ဒဏ်ငွေဆောင်ရပြီးပါပြီ။ လွန်ခဲ့တဲ့ငါးနှစ်ကလည်း ဒေါ်လာ တစ်သိန်းနဲ့နှစ်ထောင် ဒဏ်ငွေဆောင်ရပါသေးတယ်။

Wikllof က ဟယ်လီကော်ပတာဝန်ဆောင်မှု၊ အိမ်ခြံမြေလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ပိုင်ဆိုင်တဲ့ ဥက္ကဌတစ်ယောက်ပါ။ ဖင်လန်နိုင်ငံမှာတော့ စည်းကမ်းဖောက်ဖျက်သူရဲ့ ဝင်ငွေပေါ်မှာမူတည်ပြီးတော့ ဒဏ်ငွေကို တွက်ချက်ပါတယ်။

Zombie (lovemedia)

for zawgyi

ကားကို သတ္မွတ္အရွိန္ႏႈန္းထက္ ျမန္ေမာင္းတာေၾကာင့္ ေဒၚလာ ၁၂၉၀၀၀ ေက်ာ္ဒဏ္ေငြေဆာင္လိုက္ရသူ

ကားကို သတ္မွတ္အရွိန္ႏႈန္းထက္ ျမန္ဆန္ၿပီး ေမာင္းႏွင္တာက အသက္အႏၲရာယ္ျဖစ္ေပၚေစႏိုင္ပါတယ္။

ဖင္လန္ႏိုင္ငံက ကားေမာင္းသူတစ္ေယာက္က ကားကို သတ္မွတ္အရွိန္ႏႈန္းထက္ ျမန္ၿပီးေမာင္းတာေၾကာင့္ ေဒၚလာ ၁၂၉၅၄၄ ေတာင္ ဒဏ္ေငြေပးေဆာင္လိုက္ရပါတယ္။

Wikllof ဆိုသူက ေငြေၾကးတတ္ႏိုင္သူတစ္ေယာက္ပါ။ သူက တစ္နာရီကို ၃၁ မိုင္ႏႈန္း ေမာင္းရမယ့္ေနရာမွာ တစ္နာရီကို ၅၁ မိုင္ႏႈန္းနဲ႔ ေမာင္းလာခဲ့ပါတယ္။ အဲဒါေၾကာင့္ ရဲက တားၿပီးေတာ့ သူ႔ရဲ႕ ယာဥ္ေမာင္းလိုင္စင္ကို ၁၀ ရက္ၾကာ သိမ္းထားလိုက္ပါတယ္။

ဒီလိုမ်ိဳး ကားအျမန္ေမာင္းတာေၾကာင့္ အဖမ္းခံရတာက Wikllof အတြက္ ပထမဆုံးအႀကိမ္ေတာ့မဟုတ္ပါဘူး။ ၂၀၁၈ ခုႏွစ္တုန္းလည္း ကားကို သတ္မွတ္အရွိန္ႏႈန္းထက္ ျမန္ေမာင္းတာေၾကာင့္  ၆၈၁၇၆ ေဒၚလာေတာင္ ဒဏ္ေငြေဆာင္ရၿပီးပါၿပီ။ လြန္ခဲ့တဲ့ငါးႏွစ္ကလည္း ေဒၚလာ တစ္သိန္းနဲ႔ႏွစ္ေထာင္ ဒဏ္ေငြေဆာင္ရပါေသးတယ္။

Wikllof က ဟယ္လီေကာ္ပတာဝန္ေဆာင္မႈ၊ အိမ္ၿခံေျမလုပ္ငန္း၊ ကုန္သြယ္ေရးနဲ႔ ခရီးသြားလုပ္ငန္းေတြ ပိုင္ဆိုင္တဲ့ ဥကၠဌတစ္ေယာက္ပါ။ ဖင္လန္ႏိုင္ငံမွာေတာ့ စည္းကမ္းေဖာက္ဖ်က္သူရဲ႕ ဝင္ေငြေပၚမွာမူတည္ၿပီးေတာ့ ဒဏ္ေငြကို တြက္ခ်က္ပါတယ္။

Zombie (lovemedia)