ကမ္ဘာပေါ်မှာ ရေကန်တွေက ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ရှိကြပါတယ်။ ဒါပေမယ့် လုံးဝကို ဝိုင်းစက်နေတဲ့ ရေကန်ကတော့ ရှားပါးပါတယ်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Kingsley ရေကန်ကတော့ လုံးဝကို ဝိုင်းစက်နေပါတယ်။

Kingsley ရေကန်က ဖလော်ရီဒါမှာ နာမည်ကြီးတဲ့ရေကန်တစ်ကန်ပါ။ ငါးဖမ်းသူတွေကတော့ ဒီရေကန်ကို အရမ်းသဘောကျကြပါတယ်။ ရေကန်က ဘယ်လောက်ဝိုင်းကြောင်းကို ဝေဟင်ကနေ ကြည့်ရင် ပိုပြီးသိသာပါတယ်။

Kingsley ရေကန်က လူသားတွေ တူးဖော်ထားတဲ့ရေကန်မဟုတ်ပါဘူး။ သူ့ရဲ့သဘာအဝိုင်းဖြစ်ပေါ်နေတဲ့ ရေကန်ဝိုင်းဝိုင်းကြီးဖြစ်ပါတယ်။

ကန်ရဲ့ကမ်းရိုးက ၅.၅ မိုင်ရှည်လျားပါတယ်။ ရေကန်ကို ကန့်လန့်ဖြတ်တိုင်းမယ်ဆိုရင်တော့ ၂ မိုင်ရှိပါတယ်။ Kingsley က ပေ ၉၀ ခန့် နက်ပြီးတော့ ဖလော်ရီဒါပြည်နယ်မှာတော့ အနက်ဆုံးရေကန်ပါပဲ။

ဒါ့အပြင် ဖလော်ရီဒါပြည်နယ်မှာ Kingsleyရေကန်က သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ရေကန်ဖြစ်တဲ့အပြင် သက်တမ်းအကြာဆုံးရေကန်လည်း ဖြစ်ပါတယ်။

Zombie (lovemedia)

for zawgyi

သဘာဝအတိုင်း စက်ဝိုင်းပုံစံဖြစ်ပေါ်နေတဲ့ ရေကန်





Zombie (lovemedia)