အင်ဒိုနီးရှားနိုင်ငံက Ayam Ketawa အမျိုးအစား ကြက်လေးတစ်ကောင်က ယခုရက်ပိုင်းမှာ အင်တာနက်တစ်ခွင် နာမည်ကြီးလာပါတယ်။ ဒီကြက်ဟာ ကြက်တွေနဲ့ မတူဘဲ တွန်တဲ့အခါ လူသားတွေရဲ့ရယ်သံနဲ့ ဆင်တူနေပါတယ်။

Ayam Ketawa ကြက်တွေကို အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း Sulawesi ဒေသမှာ အလွန်တန်ဖိုးထားကြပါတယ်။ ဒီကြက်လေးတွေက ရဲရင့်ခြင်းကို ကိုယ်စားပြုပါတယ်။ ငွေကြေးချမ်းသာသူတွေသာ မွေးနိုင်တဲ့ ကြက်အမျိုးအစားပါ။

Ayam Ketawa ကြက်တွေက တွန်တဲ့အခါမှာ လူသားတွေရယ်သံနဲ့ ဆင်တူနေပါတယ်။ အဲဒီအချက်ကြောင့်လည်း နာမည်ကြီးလာပါတယ်။ ချက်စားဖို့မဟုတ်ဘဲ အလှမွေးထားတဲ့အထိ တန်ဖိုးထားကြပါတယ်။

Ayam Ketawa ကြက်ရဲ့မူရင်းအမျိုးအနွယ်တွေကိုတော့ ယခုအထိ ကွဲကွဲပြားပြား မတွေ့ရှိသေးပါဘူး။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ Ayam Ketawa ကြက်တွေရှိနေခဲ့တာ နှစ်ပေါင်း ၃၅၀ ကျော်ပါပြီ။

အင်ဒိုနီးရှားနိုင်ငံမှာလည်း ကြက်တိုက်ပွဲတွေ ပြုလုပ်ပါတယ်။ အဲဒီအခါမှာလည်း Ayam Ketawa ကြက်တွေလည်း ပါဝင်တိုက်ခိုက်ကြပါတယ်။ ကြက်တွေရဲ့အော်သံကို လူတွေက အရမ်းသဘောကျကြပါတယ်။

လူသားတွေရဲ့ ရယ်သံနဲ့တူတဲ့ ကြက်အမျိုးအစားက နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ Ayam Ketawa ကြက်ဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ Dangut ကြက်ပါ။ သူ့ရဲ့ရယ်သံက စက်သေနတ်ပစ်သလို မြန်နေပါတယ်။ Dangut ကြက်က ပိုပြီးတော့ ဈေးကြီးပါတယ်။

2

3

Zombie (lovemedia)

for zawgyi

ၾကက္တြန္သံက လူသားေတြရဲ႕ရယ္သံနဲ႔ဆင္တူေနတဲ့ ၾကက္ကေလး

အင္ဒိုနီးရွားႏိုင္ငံက Ayam Ketawa အမ်ိဳးအစား ၾကက္ေလးတစ္ေကာင္က ယခုရက္ပိုင္းမွာ အင္တာနက္တစ္ခြင္ နာမည္ႀကီးလာပါတယ္။ ဒီၾကက္ဟာ ၾကက္ေတြနဲ႔ မတူဘဲ တြန္တဲ့အခါ လူသားေတြရဲ႕ရယ္သံနဲ႔ ဆင္တူေနပါတယ္။

Ayam Ketawa ၾကက္ေတြကို အင္ဒိုနီးရွားႏိုင္ငံေတာင္ပိုင္း Sulawesi ေဒသမွာ အလြန္တန္ဖိုးထားၾကပါတယ္။ ဒီၾကက္ေလးေတြက ရဲရင့္ျခင္းကို ကိုယ္စားျပဳပါတယ္။ ေငြေၾကးခ်မ္းသာသူေတြသာ ေမြးႏိုင္တဲ့ ၾကက္အမ်ိဳးအစားပါ။

Ayam Ketawa ၾကက္ေတြက တြန္တဲ့အခါမွာ လူသားေတြရယ္သံနဲ႔ ဆင္တူေနပါတယ္။ အဲဒီအခ်က္ေၾကာင့္လည္း နာမည္ႀကီးလာပါတယ္။ ခ်က္စားဖို႔မဟုတ္ဘဲ အလွေမြးထားတဲ့အထိ တန္ဖိုးထားၾကပါတယ္။

Ayam Ketawa ၾကက္ရဲ႕မူရင္းအမ်ိဳးအႏြယ္ေတြကိုေတာ့ ယခုအထိ ကြဲကြဲျပားျပား မေတြ႕ရွိေသးပါဘူး။ ဒါေပမယ့္ အင္ဒိုနီးရွားႏိုင္ငံမွာေတာ့ Ayam Ketawa ၾကက္ေတြရွိေနခဲ့တာ ႏွစ္ေပါင္း ၃၅၀ ေက်ာ္ပါၿပီ။

အင္ဒိုနီးရွားႏိုင္ငံမွာလည္း ၾကက္တိုက္ပြဲေတြ ျပဳလုပ္ပါတယ္။ အဲဒီအခါမွာလည္း Ayam Ketawa ၾကက္ေတြလည္း ပါဝင္တိုက္ခိုက္ၾကပါတယ္။ ၾကက္ေတြရဲ႕ေအာ္သံကို လူေတြက အရမ္းသေဘာက်ၾကပါတယ္။

လူသားေတြရဲ႕ ရယ္သံနဲ႔တူတဲ့ ၾကက္အမ်ိဳးအစားက ႏွစ္မ်ိဳးရွိပါတယ္။ ပထမတစ္မ်ိဳးကေတာ့ Ayam Ketawa ၾကက္ျဖစ္ၿပီး ဒုတိယတစ္မ်ိဳးကေတာ့ Dangut ၾကက္ပါ။ သူ႔ရဲ႕ရယ္သံက စက္ေသနတ္ပစ္သလို ျမန္ေနပါတယ္။ Dangut ၾကက္က ပိုၿပီးေတာ့ ေဈးႀကီးပါတယ္။

Zombie (lovemedia)