ကိုယ့်ဘက်က အရင်ကောင်းလိုက်ပါ

လူ့စိတ်သည် တယောက်ယောက်ကို မတည့်လျှင် အပြစ်တင်တတ်၏။ ကိုယ်က အပြစ်တင်လျှင် သူကလည်း ကိုယ့်ကို ပြန်၍ အပြစ်တင်မည် ဖြစ်၏။ ယင်းသို့ အပြန်အလှန် အပြစ်တင်နေလျှင် ဘယ်လိုနည်းနှင့်မှ အဆင်မပြေနိုင်တော့ပေ။ ကိုယ်ကလည်း သူ့ကို ကြည့်မရ၊ သူကလည်း ကိုယ့်ကို ကြည့်မရ ဖြစ်ကာ မေတ္တာပျက်သွား ကြလေတော့၏။

မေတ္တာထဲမှာ အိမ်တွင်းမေတ္တာက ပိုအရေးကြီး၏။ အိမ်တွင်းမေတ္တာရှိမှ မိသားစု ငြိမ်းချမ်းမည် ဖြစ်၏။ မိသားစု ငြိမ်းချမ်းမှလည်း စိတ်ချမ်းသာမည် ဖြစ်၏။ မိသားစု ငြိမ်းချမ်းဖို့အတွက် ကိုယ်ဘက်က အရင်ကောင်းအောင် ကြိုးစားရမည် ဖြစ်သည်။ မေတ္တာဆိုသည်မှာ အသွားအပြန် ရှိရကား ကိုယ့်ဘက်က ကောင်းလျှင် သူ့ဘက်က အတိုင်းအတာတခုအထိ ကောင်းလာမည် ဖြစ်သည်။

သူတော်ကောင်းဆိုသည်ကား သူတော်မှ ကိုယ်ကောင်းရမည် မဟုတ်၊ သူမတော်လည်း ကိုယ် ကောင်းရမည် ဖြစ်၏။ ထို့ကြောင့် သူ့ဘက်က ဘယ်လောက်ဆိုးဆိုး ကိုယ့်ဘက်က ကောင်းအောင် ကြိုးစားရမည် ဖြစ်သည်။ သို့မှသာ "တဦးမေတ္တာ တဦးမှာ" ဆိုသကဲ့သို့ တယောက်နှင့် တယောက် အဆင်ပြေမည် ဖြစ်သည်။

(ယောက္ခမနှင့် ချွေးမ) တခါက အမျိုးသမီးငယ်လေးသည် အိမ်ထောင်ကျပြီးနောက် အမျိုးသားအိမ်ကို လိုက်သွားရလေသည်။ အနေကြာသောအခါ ယောက္ခမဖြစ်သူနှင့် အဆင်မပြေတော့။ ထို့ကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရှာ၏။ သို့သော် ယောကျာ်း၏ မျက်နှာကြောင့် ယောက္ခမဖြစ်သူကို လုပ်ကျွေးရလေ၏။ စိတ်က မပါသည့်အတွက် ကြာလေ ဆိုးလေပင်။ တခါတရံ စကားများပြီး ရန်ဖြစ်ရလေ၏။

ထို့ကြောင့် အမျိုးသမီးလေးသည် ယောက္ခမနှင့် အဆင်မပြေသည့်အတွက် ဘယ်လိုလုပ်ရမလဲဟု ဖခင်ဖြစ်သူကို အကြံဉာဏ် တောင်းလေ၏။ ထို့ကြောင့် ဖခင်ဖြစ်သူက အကြံဉာဏ်ပေးလိုက်လေ၏။ "သမီးရယ် ဒီလောက်ဆိုးမှတော့ ယောက္ခမကို အဆိပ်ခပ်ပြီး သတ်ပစ်လိုက်ပေါ့ကွယ်" "ဟုတ်ပြီ အဖေ၊ အဖေ့မှာ အဆိပ် ရှိသလား"

"သမီးရချင်တဲ့ အဆိပ် အဖေပေးမယ်၊ အဲဒီအဆိပ်ကို ယောက္ခမကြီးစားတဲ့ ဟင်းခွက်ထဲမှာ ၆ လလောက် နေ့တိုင်း ခပ်ရမယ်"

"ဟုတ်ကဲ့"

"တခုတော့ ရှိတယ် သမီး၊ ဆေးခတ်နေတဲ့ ၆ လ အတွင်းမှာ ယောက္ခမကို ကြည်ကြည်ဖြူဖြူနဲ့ ဆက်ဆံရမယ်"

"ဘာဖြစ်လို့လဲ အဖေရဲ့"

"အော် ဒါမှ သေကြောင်းကြံတာကို ယောက္ခမကြီး မသိမှာပေါ့ သမီး"

"ဟုတ်ပြီ အဖေ" ဟု ပြောပြီး အမျိုးသမီးလေးသည် ယောကျာ်းအိမ်သို့ ပြန်လာလေ၏။

ထို့နောက် ဖခင် ပေးလိုက်သည့် အဆိပ်များကို သူ့ယောက္ခမ စားသည့် ဟင်းခွက်ထဲတွင် နေ့တိုင်း ခပ်လေတော့၏။ ဖခင်ဖြစ်သူက "အဆိပ်ခပ်ပြီးသည့်အခါ ကောင်းကောင်းမွန်မွန် ဆက်ဆံရမည်" ဟု မှာထားသောကြောင့် စိတ်က မပါသော်လည်း ယောက္ခမအကြိုက်ကို လိုက်၍ ဆက်ဆံလေ၏။ အချိူကြိုက်လျှင် အချို၊ အချဉ်ကြိုက်လျှင် အချဉ် လိုလေသေး မရှိ စီစဉ်ပေးလေ၏။

ရက်ပေါင်းများစွာ ကြာလာသောအခါ ယောက္ခမဖြစ်သူသည် သူ့အကြိုက်လိုက်၍ ဆက်ဆံသည့် အတွက် သူ့ချွေးမကို သဘောကျနေတော့၏။ နှုတ်ကလည်း "သမီးရေ သမီးရေ" ဟု ဖြစ်လာတော့၏။

ဈေးသွားလျှင်လည်း ဝတ်ကောင်းစားလှလေးများကို ဝယ်ပြီး ချွေးမကို ပေးလေ၏။ သူပိုင် လက်ဝတ်ရတနာများကိုလည်း ဆင်မြန်းပေး၏။ ပတ်ဝန်းကျင်ကိုလည်း ချွေးမ လိမ္မာကြောင်း တော်ကြောင်း ပြောလေတော့၏။

ယောက္ခမဖြစ်သူ၏ အပြုအမူကြောင့် ချွေးမဖြစ်သူလည်း အမုန်းတရား ပျောက်ပြီး မေတ္တာသက်ဝင် လာလေတော့၏။ တဖြေးဖြေးနှင့် အဆင်ပြေလာပြီး သားအမိကဲ့သို့ ဖြစ်သွားလေတော့သည်။ ထို့ကြောင့် အမျိုးသမီးလေးသည် "ငါတော့ အဆိပ်ခပ်တာ မှားပြီ၊ ၆ လ မပြည့်သေးလို့ တော်သေးတယ်" ဟု တွေးပြီး သူ့အဖေကို အကျိုးအကြောင်း ပြောပြလေ၏။

ထိုအခါကျမှ ဖခင်ဖြစ်သူက "ငါ့သမီးကို ပေးလိုက်တာ အဆိပ်မဟုတ်ပါဘူး၊ ဗီတာမင် ဆေးတွေပါ သမီးရယ်။ ဘာမှ အန္တရာယ် မဖြစ်ပါဘူး။ သမီးကို ပရိယာယ်နှင့် အကြံပေးလိုက်တာ" ဟု ရှင်းပြလိုက်လေသည်။

ထိုအခါကျမှ သမီးဖြစ်သူသည် "ကိုယ့်ဘက်က အရင် ကောင်းကြည့်ပါ" ဟူသော ဖခင်ကြီး၏ အဆုံးအမနှင့် စေတနာကို နားလည်သွားလေတော့သည်။ ဤဖြစ်စဉ်သည် တဦးက မေတ္တာထားလျှင် ကျန်တဦးမှာ မေတ္တာ အလိုလို သက်ဝင်လာသည် ဆိုသည်ကို မီးမောင်းထိုးပြထား၏။ မိမိတို့ သင်ခန်းစာ ယူရမည့်အချက်ပင် ဖြစ်သည်။

(ကိုယ်ကောင်းဖို့ အရေးကြီး) လောကကြီးမှာ လူမှုဆက်ဆံရေးသည် အရေးကြီး၏။ လူမှုဆက်ဆံရေးမှာ အရေးကြီးဆုံးက စေတနာ မေတ္တာပင် ဖြစ်သည်။ ထို့ကြောင့် တဘက်သားက ဘယ်လောက်ဆိုးဆိုး ကိုယ့်ဘက်က စေတနာမေတ္တာထားဖို့ လို၏။

သို့မှသာ တယောက်နှင့် တယောက် အဆင်ပြေမည် ဖြစ်သည်။ ဘယ်လိုနေရာပဲ ဖြစ်ဖြစ် လူဆိုးနှင့် လူကောင်းတွင် လူဆိုးက များ၏။ ထို့ကြောင့် သူဆိုးတိုင်း ကိုယ် ဆိုးလို့ မဖြစ်ပေ။ သူဆိုးတိုင်း ကိုယ်ဆိုးမည်ဆိုလျှင် လောကကြီးမှာ လူကောင်းဆိုသည်မှာ ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် ဘယ်လိုလူနှင့် တွေ့တွေ့ ကိုယ့်ဘက်က အရင်ကောင်းအောင် ကြိုးစားရမည် ဖြစ်၏။ သို့မှသာ နှစ်ဦးနှစ်ဘက် အဆင်ပြေပြီး သူလည်းချမ်းသာ ငါလည်းရွှင်ပြုံးဘဝကို ရရှိနိုင်မည် ဖြစ်သည်။ တကယ်တော့ စေတနာမေတ္တာဆိုသည်ကား ရင်ထဲ အမြဲတမ်း သိမ်းဆည်းထားရမည့် တရားပင် ဖြစ်ပါပေ၏။ သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ။

အင်ကြင်းမြိုင်ဆရာတော်

for zawgyi

ကိုယ့္ဘက္က အရင္ေကာင္းလိုက္ပါ

လူ႔စိတ္သည္ တေယာက္ေယာက္ကို မတည့္လွ်င္ အျပစ္တင္တတ္၏။ ကိုယ္က အျပစ္တင္လွ်င္ သူကလည္း ကိုယ့္ကို ျပန္၍ အျပစ္တင္မည္ ျဖစ္၏။ ယင္းသို႔ အျပန္အလွန္ အျပစ္တင္ေနလွ်င္ ဘယ္လိုနည္းႏွင့္မွ အဆင္မေျပႏိုင္ေတာ့ေပ။ ကိုယ္ကလည္း သူ႔ကို ၾကည့္မရ၊ သူကလည္း ကိုယ့္ကို ၾကည့္မရ ျဖစ္ကာ ေမတၱာပ်က္သြား ၾကေလေတာ့၏။

ေမတၱာထဲမွာ အိမ္တြင္းေမတၱာက ပိုအေရးႀကီး၏။ အိမ္တြင္းေမတၱာရွိမွ မိသားစု ၿငိမ္းခ်မ္းမည္ ျဖစ္၏။ မိသားစု ၿငိမ္းခ်မ္းမွလည္း စိတ္ခ်မ္းသာမည္ ျဖစ္၏။ မိသားစု ၿငိမ္းခ်မ္းဖို႔အတြက္ ကိုယ္ဘက္က အရင္ေကာင္းေအာင္ ႀကိဳးစားရမည္ ျဖစ္သည္။ ေမတၱာဆိုသည္မွာ အသြားအျပန္ ရွိရကား ကိုယ့္ဘက္က ေကာင္းလွ်င္ သူ႔ဘက္က အတိုင္းအတာတခုအထိ ေကာင္းလာမည္ ျဖစ္သည္။

သူေတာ္ေကာင္းဆိုသည္ကား သူေတာ္မွ ကိုယ္ေကာင္းရမည္ မဟုတ္၊ သူမေတာ္လည္း ကိုယ္ ေကာင္းရမည္ ျဖစ္၏။ ထို႔ေၾကာင့္ သူ႔ဘက္က ဘယ္ေလာက္ဆိုးဆိုး ကိုယ့္ဘက္က ေကာင္းေအာင္ ႀကိဳးစားရမည္ ျဖစ္သည္။ သို႔မွသာ "တဦးေမတၱာ တဦးမွာ" ဆိုသကဲ့သို႔ တေယာက္ႏွင့္ တေယာက္ အဆင္ေျပမည္ ျဖစ္သည္။

(ေယာကၡမႏွင့္ ေခြၽးမ) တခါက အမ်ိဳးသမီးငယ္ေလးသည္ အိမ္ေထာင္က်ၿပီးေနာက္ အမ်ိဳးသားအိမ္ကို လိုက္သြားရေလသည္။ အေနၾကာေသာအခါ ေယာကၡမျဖစ္သူႏွင့္ အဆင္မေျပေတာ့။ ထို႔ေၾကာင့္ စိတ္ဆင္းရဲ ကိုယ္ဆင္းရဲ ျဖစ္ေနရွာ၏။ သို႔ေသာ္ ေယာက်ာ္း၏ မ်က္ႏွာေၾကာင့္ ေယာကၡမျဖစ္သူကို လုပ္ေကြၽးရေလ၏။ စိတ္က မပါသည့္အတြက္ ၾကာေလ ဆိုးေလပင္။ တခါတရံ စကားမ်ားၿပီး ရန္ျဖစ္ရေလ၏။

ထို႔ေၾကာင့္ အမ်ိဳးသမီးေလးသည္ ေယာကၡမႏွင့္ အဆင္မေျပသည့္အတြက္ ဘယ္လိုလုပ္ရမလဲဟု ဖခင္ျဖစ္သူကို အႀကံဉာဏ္ ေတာင္းေလ၏။ ထို႔ေၾကာင့္ ဖခင္ျဖစ္သူက အႀကံဉာဏ္ေပးလိုက္ေလ၏။ "သမီးရယ္ ဒီေလာက္ဆိုးမွေတာ့ ေယာကၡမကို အဆိပ္ခပ္ၿပီး သတ္ပစ္လိုက္ေပါ့ကြယ္" "ဟုတ္ၿပီ အေဖ၊ အေဖ့မွာ အဆိပ္ ရွိသလား"

"သမီးရခ်င္တဲ့ အဆိပ္ အေဖေပးမယ္၊ အဲဒီအဆိပ္ကို ေယာကၡမႀကီးစားတဲ့ ဟင္းခြက္ထဲမွာ ၆ လေလာက္ ေန႔တိုင္း ခပ္ရမယ္"

"ဟုတ္ကဲ့"

"တခုေတာ့ ရွိတယ္ သမီး၊ ေဆးခတ္ေနတဲ့ ၆ လ အတြင္းမွာ ေယာကၡမကို ၾကည္ၾကည္ျဖဴျဖဴနဲ႔ ဆက္ဆံရမယ္"

"ဘာျဖစ္လို႔လဲ အေဖရဲ႕"

"ေအာ္ ဒါမွ ေသေၾကာင္းႀကံတာကို ေယာကၡမႀကီး မသိမွာေပါ့ သမီး"

"ဟုတ္ၿပီ အေဖ" ဟု ေျပာၿပီး အမ်ိဳးသမီးေလးသည္ ေယာက်ာ္းအိမ္သို႔ ျပန္လာေလ၏။

ထို႔ေနာက္ ဖခင္ ေပးလိုက္သည့္ အဆိပ္မ်ားကို သူ႔ေယာကၡမ စားသည့္ ဟင္းခြက္ထဲတြင္ ေန႔တိုင္း ခပ္ေလေတာ့၏။ ဖခင္ျဖစ္သူက "အဆိပ္ခပ္ၿပီးသည့္အခါ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံရမည္" ဟု မွာထားေသာေၾကာင့္ စိတ္က မပါေသာ္လည္း ေယာကၡမအႀကိဳက္ကို လိုက္၍ ဆက္ဆံေလ၏။ အခ်ိဴႀကိဳက္လွ်င္ အခ်ိဳ၊ အခ်ဥ္ႀကိဳက္လွ်င္ အခ်ဥ္ လိုေလေသး မရွိ စီစဥ္ေပးေလ၏။

ရက္ေပါင္းမ်ားစြာ ၾကာလာေသာအခါ ေယာကၡမျဖစ္သူသည္ သူ႔အႀကိဳက္လိုက္၍ ဆက္ဆံသည့္ အတြက္ သူ႔ေခြၽးမကို သေဘာက်ေနေတာ့၏။ ႏႈတ္ကလည္း "သမီးေရ သမီးေရ" ဟု ျဖစ္လာေတာ့၏။

ေဈးသြားလွ်င္လည္း ဝတ္ေကာင္းစားလွေလးမ်ားကို ဝယ္ၿပီး ေခြၽးမကို ေပးေလ၏။ သူပိုင္ လက္ဝတ္ရတနာမ်ားကိုလည္း ဆင္ျမန္းေပး၏။ ပတ္ဝန္းက်င္ကိုလည္း ေခြၽးမ လိမၼာေၾကာင္း ေတာ္ေၾကာင္း ေျပာေလေတာ့၏။

ေယာကၡမျဖစ္သူ၏ အျပဳအမူေၾကာင့္ ေခြၽးမျဖစ္သူလည္း အမုန္းတရား ေပ်ာက္ၿပီး ေမတၱာသက္ဝင္ လာေလေတာ့၏။ တေျဖးေျဖးႏွင့္ အဆင္ေျပလာၿပီး သားအမိကဲ့သို႔ ျဖစ္သြားေလေတာ့သည္။ ထို႔ေၾကာင့္ အမ်ိဳးသမီးေလးသည္ "ငါေတာ့ အဆိပ္ခပ္တာ မွားၿပီ၊ ၆ လ မျပည့္ေသးလို႔ ေတာ္ေသးတယ္" ဟု ေတြးၿပီး သူ႔အေဖကို အက်ိဳးအေၾကာင္း ေျပာျပေလ၏။

ထိုအခါက်မွ ဖခင္ျဖစ္သူက "ငါ့သမီးကို ေပးလိုက္တာ အဆိပ္မဟုတ္ပါဘူး၊ ဗီတာမင္ ေဆးေတြပါ သမီးရယ္။ ဘာမွ အႏၲရာယ္ မျဖစ္ပါဘူး။ သမီးကို ပရိယာယ္ႏွင့္ အႀကံေပးလိုက္တာ" ဟု ရွင္းျပလိုက္ေလသည္။

ထိုအခါက်မွ သမီးျဖစ္သူသည္ "ကိုယ့္ဘက္က အရင္ ေကာင္းၾကည့္ပါ" ဟူေသာ ဖခင္ႀကီး၏ အဆုံးအမႏွင့္ ေစတနာကို နားလည္သြားေလေတာ့သည္။ ဤျဖစ္စဥ္သည္ တဦးက ေမတၱာထားလွ်င္ က်န္တဦးမွာ ေမတၱာ အလိုလို သက္ဝင္လာသည္ ဆိုသည္ကို မီးေမာင္းထိုးျပထား၏။ မိမိတို႔ သင္ခန္းစာ ယူရမည့္အခ်က္ပင္ ျဖစ္သည္။

(ကိုယ္ေကာင္းဖို႔ အေရးႀကီး) ေလာကႀကီးမွာ လူမႈဆက္ဆံေရးသည္ အေရးႀကီး၏။ လူမႈဆက္ဆံေရးမွာ အေရးႀကီးဆုံးက ေစတနာ ေမတၱာပင္ ျဖစ္သည္။ ထို႔ေၾကာင့္ တဘက္သားက ဘယ္ေလာက္ဆိုးဆိုး ကိုယ့္ဘက္က ေစတနာေမတၱာထားဖို႔ လို၏။

သို႔မွသာ တေယာက္ႏွင့္ တေယာက္ အဆင္ေျပမည္ ျဖစ္သည္။ ဘယ္လိုေနရာပဲ ျဖစ္ျဖစ္ လူဆိုးႏွင့္ လူေကာင္းတြင္ လူဆိုးက မ်ား၏။ ထို႔ေၾကာင့္ သူဆိုးတိုင္း ကိုယ္ ဆိုးလို႔ မျဖစ္ေပ။ သူဆိုးတိုင္း ကိုယ္ဆိုးမည္ဆိုလွ်င္ ေလာကႀကီးမွာ လူေကာင္းဆိုသည္မွာ ရွိေတာ့မည္ မဟုတ္ေပ။

ထို႔ေၾကာင့္ ဘယ္လိုလူႏွင့္ ေတြ႕ေတြ႕ ကိုယ့္ဘက္က အရင္ေကာင္းေအာင္ ႀကိဳးစားရမည္ ျဖစ္၏။ သို႔မွသာ ႏွစ္ဦးႏွစ္ဘက္ အဆင္ေျပၿပီး သူလည္းခ်မ္းသာ ငါလည္း႐ႊင္ၿပဳံးဘဝကို ရရွိႏိုင္မည္ ျဖစ္သည္။ တကယ္ေတာ့ ေစတနာေမတၱာဆိုသည္ကား ရင္ထဲ အၿမဲတမ္း သိမ္းဆည္းထားရမည့္ တရားပင္ ျဖစ္ပါေပ၏။ သတၱဝါခပ္သိမ္း၊ တရားကိန္း၊ ေအးၿငိမ္းခ်မ္းသာ ရွိပါေစ။

အင္ၾကင္းၿမိဳင္ဆရာေတာ္

Post a Comment

0 Comments