ဝဋ်ဆိုတာ ဖြစ်ပြီးရင် ပျက်တဲ့အထဲ မပါဘူး
လူတယောက်ရဲ့ အချစ်ကို လှည့်စားခဲ့ဖူးရင် တနေ့တော့ သင့်အချစ်ကို လှည့်စားမယ့်သူ ရှိလာမှာပါ။ လူတယောက်ရဲ့ မကောင်းကြောင်းကို သင်ပြောခဲ့ဖူးရင် သင့်မကောင်းကြောင်းကို သင့်ရဲ့ နောက်ကွယ်မှာ ပြောမယ့်သူက ရှိပြီးသားပါ။
လူတယောက်ရဲ့ အားနည်းချက်ကို သင်ချိုးနှိမ်ခဲ့ဖူးရင် သင့်အားနည်းချက်ကို ချိုးနှိမ်မယ့်သူ တနေ့မဟုတ် တနေ့ တွေ့မှာပါ။ လူတယောက်ရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခဲ့ဖူးရင် တနေ့ သင့်ရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တဲ့သူနဲ့ တွေ့ရတတ်ပါတယ်။
လူတယောက်ရဲ့ မိသားစု အသိုက်အမြုံကို ဖျက်စီးခဲ့ဖူးရင် တနေ့ သင့်ရဲ့ မိသားစုကို ပြိုကွဲအောင် လုပ်တဲ့သူနဲ့ တွေ့လိမ့်မယ်။ သူတပါးရဲ့ သားပျို၊ သမီးပျို၊ ဇနီးသည်၊ ခင်ပွန်း၊ ချစ်သူရည်းစားကို တန်ဖိုးမထားခဲ့ရင် သင်မွေးလာမယ့် သားသမီးကိုလည်း ဘယ်သူကမှ တန်ဖိုးထားခြင်းကို ခံရမှာ မဟုတ်ဘူး။
လောကမှာ လူတိုင်းက အပူတွေများစွာ ရှိကြပါတယ်။ သို့ပေမဲ့ ကိုယ်ချင်းစာနာတတ်တဲ့ စိတ်တော့ လူတိုင်းမှာ မရှိကြပါဘူး။ ငါလုပ်နိုင်တယ် ငါပြောလို့ရတယ် ငါအနိုင်ယူလိုက်ရတယ် ဆိုပြီး မာန်မာနတွေ ထားတတ်ကြတယ်။
တကယ်တော့ ကိုယ့်ရဲ့ လုပ်ရပ်တိုင်းကို လူတယောက်ချင်းစီက မသိနိုင်ပေမဲ့ "ဝဋ်" ဆိုတဲ့ အရာကတော့ ပြေးလို့ မလွတ်ပါဘူး။ ရှေ့မှာ သူတပါးမကောင်းကြောင်းကို အားရဝမ်းသာ ပြောလိုက်ရလို့ နောက်ကျောလုံတယ် မထင်ပါနဲ့။ သင့်ရဲ့ နောက်ကွယ်မှာလည်း သင့်မကောင်းကြောင်းကို အားရဝမ်းသာ ပြောမယ့်သူက ရှိနေမှာပဲ။
သံသရာတကွေ့ မှာ ဖြစ်ပြီးရင် ပျက်တဲ့အထဲ "ဝဋ်" ဆိုတဲ့ စကားလုံး မပါဘူး။ သင်ပြုသမျှကံရဲ့ အကျိုးကို ခံရဖို့ပဲ ရှိလိမ့်မယ်။ အသက်တခါရှုတိုင်း စိတ်ကောင်းလေး ထားတတ်ကြပါစေလို့ ဆန္ဒပြုရင်း။ Crd
Zawgyi
Post a Comment
0 Comments