တစ်ခါတုန်းက မြည်းတကောင်ဟာ ခွေးပေါက်စလေးတကောင် သူ့သခင်နဲ့ ကစားနေတာကို စောင့်ကြည့်နေသတဲ့။ သူ့သခင်က ခွေးကလေးကို ပွတ်သပ်ပြီး ဘီစကွတ်တို့ ကိတ်မုန့်တို့ ကျွေးနေတာကိုလည်း သူတွေ့နေရတယ်။
သခင်ကျွေးတဲ့ မုန့်တွေ စားပြီးပြီ ဆိုရင်တော့ ခွေးကလေးဟာ သူ့သခင်ရဲ့ ရင်ခွင်ပေါ် တက်ပြီး ခွေခွေလေး အိပ်မောကျ သွားတတ်တယ်။ တော်တော် အလိုလိုက် ခံရတဲ့ ခွေးပေါက်စဘဲ။ သူ့ သခင်ကို လုပ်ပေးတာ ဆိုလို့ သခင့်ဘေးမှာ ခုန်ပေါက်လိုက် ဟောင်လိုက် လုပ်တာဘဲ ရှိတယ်။
ဒါမျိုးတော့ ငါလည်း လုပ်နိုင်မှာ သေချာတယ်။ ငါ အိမ်ထဲ ဝင်သွားပြီး သခင်နဲ့ သွားကစားမယ် ဆိုရင် ငါ့ကို သဘောကျ သွားပြီး သူ့ဒူးပေါ်မှာ အိပ်ခွင့် ပေးရင်ပေးမှာ လို့ မြည်းက စဉ်းစားမိတယ်။
ဒီလိုနဲ့ မြည်းဟာ ဖွင့်ထားတဲ့ အိမ်ရှေ့ တံခါးပေါက်ထဲ ပြေးဝင် သွားတယ်။ သူဟာ အိမ်ရဲ့ ခန်းမကျယ်ကြီး ထဲကို အသားကျ ပြေးဝင်သွားပြီး သူ့သခင် ရှိတဲ့ အခန်းထဲကို ဝင်သွားတယ်။ သူ့သခင်က မီးဖိုနားက ပက်လက် ကုလားထိုင်မှာ ထိုင်နေတယ်။
သခင်ဖြစ်သူဟာ အခန်းထဲမှာ ပြေးလွှား ကခုန်နေတဲ့ မြည်းကို တွေ့လိုက်ရတော့ တအံ့တသြနဲ့ "ဟ လုပ်ကြပါဦး၊ မင်း ဘာတွေများ လျှောက်လုပ်နေရ တာလဲ" လို့ ဆိုတယ်။ မြည်းဟာ ခွေးလုပ်ပုံကို မြင်ခဲ့ရတဲ့ အတိုင်း အခန်းထဲမှာ ပတ်ပြေးနေတယ်။
ဟီသံ အကျယ်ကြီး ပေးပြီး ခြေထောက်တွေ ကိုလည်း လေထဲမှာ ကန်ကျောက်နေတယ်။ "အင်း အတော်ဆန်းတာဘဲ" လို့ ဆိုပြီး သခင်ဖြစ်သူဟာ ထမင်းစားခန်း ထဲမှာ ခုန်ပေါက်နေတဲ့ မြည်းရဲ့ ရယ်စရာကောင်းတဲ့ ကကွက်တွေကြောင့် မိုက်မဲလှတဲ့ မြည်းကို ကြည့်ရင်း ရယ်မောလေ တော့တယ်။
သခင် ရယ်မောနေတာကို တွေ့တော့ မြည်းဟာ ဝမ်းသာသွားပြီး ခဏနေရင်တော့ သူ့ကို ဘီစကွတ်တွေ ကျွေးမလား လို့ စဉ်းစားမိတယ်။ ငါ သူ့ဆီ သွားပြီး သူ့ဒူးပေါ် ခုန်တက်ပြီး ထိုင်နေလိုက်မယ်။ ဒါဆိုရင် သူက ငါ့ကို ကိတ်မုန့် ကျွေးရင် ကျွေးမှာလို့ မြည်းက စဉ်းစားတယ်။
ဒါကြောင့် မြည်းဟာ သခင်ထံ ပြေးသွားပြီး ရှေ့ခြေထောက် နှစ်ချောင်းကို သခင်ရဲ့ ဒူးပေါ်တင်ပြီး ရင်ခွင်ထဲကို ခုန်တက်ဖို့ ပြင်တယ်။ ဒါပေမယ့် သူသခင်ဟာ အထိတ်အလန့် ဖြစ်သွားပြီး "ဒီမြည်း ကပျက်ကချော် လုပ်တာ တောင်သင့်ပြီ" လို့ စဉ်းစားမိသွားတယ်။
သခင်ဖြစ်သူဟာ မြည်းကို တွန်းထုတ်ဖို့ ကြိုးစားရင်း "ကယ်ကြပါဦး၊ ကယ်ကြပါဦး။ ဟောဒီမှာ မြည်း ရူးနေပြီ" လို့ အော်လေတော့တယ်။ အစေအပါးတွေ အိမ်ထဲ ပြေးဝင်လာ ကြတယ်။ သူတို့ရဲ့ သခင်ပေါ် ရောက်နေတဲ့ မြည်းကို မြင်ရော မောင်းထုတ်ဖို့ ဝင်လာကြတယ်။
သူတို့အားလုံး မြည်း ထွက်သွားအောင် ရိုက်နှိက် မောင်းထုတ် ကြတယ်။ မြည်းရဲ့ တကိုယ်လုံးမှာ ရှိတဲ့ အရိုးတွေတောင် ကိုက်ခဲလာရတဲ့ အထိဘဲ။ မြည်းဟာ သူနေတဲ့ မြင်းဇောင်းထဲ အမြန် ပြေးဝင်သွားတယ်။ အခုလို မိုက်မဲတဲ့ စိတ်ကူးမျိုး မစဉ်းစားခဲ့ရင်ကောင်းမှာဘဲ လို့ သူတွေးနေမိတယ်။
ဘယ်အရာမဆို ကိုယ့်နေရာနဲ့ ကိုယ်၊ သူ့နေရာနဲ့ သူရှိနေတာ အကောင်းဆုံးပါ။ မဟုတ်ရင် အကုန် ကပြောင်းကပြန်တွေ ဖြစ်ပြီး ဒုက္ခတွေ ရောက်ကုန်ရော။ Crd
for zawgyi
ေခြးျဖစ္ခ်င္တဲ့ ျမည္း
တစ္ခါတုန္းက ျမည္းတေကာင္ဟာ ေခြးေပါက္စေလးတေကာင္ သူ႔သခင္နဲ႔ ကစားေနတာကို ေစာင့္ၾကည့္ေနသတဲ့။ သူ႔သခင္က ေခြးကေလးကို ပြတ္သပ္ၿပီး ဘီစကြတ္တို႔ ကိတ္မုန႔္တို႔ ေကြၽးေနတာကိုလည္း သူေတြ႕ေနရတယ္။
သခင္ေကြၽးတဲ့ မုန႔္ေတြ စားၿပီးၿပီ ဆိုရင္ေတာ့ ေခြးကေလးဟာ သူ႔သခင္ရဲ႕ ရင္ခြင္ေပၚ တက္ၿပီး ေခြေခြေလး အိပ္ေမာက် သြားတတ္တယ္။ ေတာ္ေတာ္ အလိုလိုက္ ခံရတဲ့ ေခြးေပါက္စဘဲ။ သူ႔ သခင္ကို လုပ္ေပးတာ ဆိုလို႔ သခင့္ေဘးမွာ ခုန္ေပါက္လိုက္ ေဟာင္လိုက္ လုပ္တာဘဲ ရွိတယ္။
ဒါမ်ိဳးေတာ့ ငါလည္း လုပ္ႏိုင္မွာ ေသခ်ာတယ္။ ငါ အိမ္ထဲ ဝင္သြားၿပီး သခင္နဲ႔ သြားကစားမယ္ ဆိုရင္ ငါ့ကို သေဘာက် သြားၿပီး သူ႔ဒူးေပၚမွာ အိပ္ခြင့္ ေပးရင္ေပးမွာ လို႔ ျမည္းက စဥ္းစားမိတယ္။
ဒီလိုနဲ႔ ျမည္းဟာ ဖြင့္ထားတဲ့ အိမ္ေရွ႕ တံခါးေပါက္ထဲ ေျပးဝင္ သြားတယ္။ သူဟာ အိမ္ရဲ႕ ခန္းမက်ယ္ႀကီး ထဲကို အသားက် ေျပးဝင္သြားၿပီး သူ႔သခင္ ရွိတဲ့ အခန္းထဲကို ဝင္သြားတယ္။ သူ႔သခင္က မီးဖိုနားက ပက္လက္ ကုလားထိုင္မွာ ထိုင္ေနတယ္။
သခင္ျဖစ္သူဟာ အခန္းထဲမွာ ေျပးလႊား ကခုန္ေနတဲ့ ျမည္းကို ေတြ႕လိုက္ရေတာ့ တအံ့တၾသနဲ႔ "ဟ လုပ္ၾကပါဦး၊ မင္း ဘာေတြမ်ား ေလွ်ာက္လုပ္ေနရ တာလဲ" လို႔ ဆိုတယ္။ ျမည္းဟာ ေခြးလုပ္ပုံကို ျမင္ခဲ့ရတဲ့ အတိုင္း အခန္းထဲမွာ ပတ္ေျပးေနတယ္။
ဟီသံ အက်ယ္ႀကီး ေပးၿပီး ေျခေထာက္ေတြ ကိုလည္း ေလထဲမွာ ကန္ေက်ာက္ေနတယ္။ "အင္း အေတာ္ဆန္းတာဘဲ" လို႔ ဆိုၿပီး သခင္ျဖစ္သူဟာ ထမင္းစားခန္း ထဲမွာ ခုန္ေပါက္ေနတဲ့ ျမည္းရဲ႕ ရယ္စရာေကာင္းတဲ့ ကကြက္ေတြေၾကာင့္ မိုက္မဲလွတဲ့ ျမည္းကို ၾကည့္ရင္း ရယ္ေမာေလ ေတာ့တယ္။
သခင္ ရယ္ေမာေနတာကို ေတြ႕ေတာ့ ျမည္းဟာ ဝမ္းသာသြားၿပီး ခဏေနရင္ေတာ့ သူ႔ကို ဘီစကြတ္ေတြ ေကြၽးမလား လို႔ စဥ္းစားမိတယ္။ ငါ သူ႔ဆီ သြားၿပီး သူ႔ဒူးေပၚ ခုန္တက္ၿပီး ထိုင္ေနလိုက္မယ္။ ဒါဆိုရင္ သူက ငါ့ကို ကိတ္မုန႔္ ေကြၽးရင္ ေကြၽးမွာလို႔ ျမည္းက စဥ္းစားတယ္။
ဒါေၾကာင့္ ျမည္းဟာ သခင္ထံ ေျပးသြားၿပီး ေရွ႕ေျခေထာက္ ႏွစ္ေခ်ာင္းကို သခင္ရဲ႕ ဒူးေပၚတင္ၿပီး ရင္ခြင္ထဲကို ခုန္တက္ဖို႔ ျပင္တယ္။ ဒါေပမယ့္ သူသခင္ဟာ အထိတ္အလန႔္ ျဖစ္သြားၿပီး "ဒီျမည္း ကပ်က္ကေခ်ာ္ လုပ္တာ ေတာင္သင့္ၿပီ" လို႔ စဥ္းစားမိသြားတယ္။
သခင္ျဖစ္သူဟာ ျမည္းကို တြန္းထုတ္ဖို႔ ႀကိဳးစားရင္း "ကယ္ၾကပါဦး၊ ကယ္ၾကပါဦး။ ေဟာဒီမွာ ျမည္း ႐ူးေနၿပီ" လို႔ ေအာ္ေလေတာ့တယ္။ အေစအပါးေတြ အိမ္ထဲ ေျပးဝင္လာ ၾကတယ္။ သူတို႔ရဲ႕ သခင္ေပၚ ေရာက္ေနတဲ့ ျမည္းကို ျမင္ေရာ ေမာင္းထုတ္ဖို႔ ဝင္လာၾကတယ္။
သူတို႔အားလုံး ျမည္း ထြက္သြားေအာင္ ႐ိုက္ႏွိက္ ေမာင္းထုတ္ ၾကတယ္။ ျမည္းရဲ႕ တကိုယ္လုံးမွာ ရွိတဲ့ အ႐ိုးေတြေတာင္ ကိုက္ခဲလာရတဲ့ အထိဘဲ။ ျမည္းဟာ သူေနတဲ့ ျမင္းေဇာင္းထဲ အျမန္ ေျပးဝင္သြားတယ္။ အခုလို မိုက္မဲတဲ့ စိတ္ကူးမ်ိဳး မစဥ္းစားခဲ့ရင္ေကာင္းမွာဘဲ လို႔ သူေတြးေနမိတယ္။
ဘယ္အရာမဆို ကိုယ့္ေနရာနဲ႔ ကိုယ္၊ သူ႔ေနရာနဲ႔ သူရွိေနတာ အေကာင္းဆုံးပါ။ မဟုတ္ရင္ အကုန္ ကေျပာင္းကျပန္ေတြ ျဖစ္ၿပီး ဒုကၡေတြ ေရာက္ကုန္ေရာ။ Crd
0 Comments