ရေကူးတာက လူကြိုက်တာက လူကြိုက်များတဲ့ အားကစားတစ်ရပ်ပါပဲ။ ဒါ့အပြင် ရေကူးတာက ကျန်းမာရေးအတွက် များစွာ အကျိုးရှိစေပါတယ်။ ပုံမှန်ရေကူးပေးရုံနဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အိပ်ရေးဝလာခြင်
ချွေးထွက်စေတဲ့ အားကစားနည်းတစ်မျိုးမျိုးဟာ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ရေကူးတာက နှလုံးသွေးကြောကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ ရေကူးပြီးနောက် တစ်ကိုယ်လုံးက အပန်းပြေပြီး ညဘက်မှာ မြန်မြန်အိပ်ပျော်လွယ်စေပါတယ်။
၂။ ကလေးတွေအတွက် ဉာဏ်ပိုကောင်းစေခြင်း
The Griffith Institute ရဲ့ လေ့လာချက်တစ်ခုအရ ပုံမှန်ရေကူးတဲ့ကလေးတွေဟာ ရေမကူးတဲ့ကလေးတွေထက် ပိုပြီး ဉာဏ်ရည်ကောင်းတာကို တွေ့ရပါတယ်။ ခန္ဓာကိုယ်လည်း ဖြတ်လတ်လာတဲ့အပြင် ဘာသာစကားသင်ယူတဲ့နေရာမှာလည်း အရင်ကထက် တိုးတက်လာပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက ရေကူးသင်ပေးတာက ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမှာပါ။
၃။ အဆုတ်ကျန်းမာစေခြင်း
ရေကူးခြင်းရဲ့နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အဆုတ်ကျန်းမာရေး ကောင်းမွန်လာတာပါ။ ရေကုးတဲ့အခါ ကြွက်သားတွေက အောက်ဆီဂျင်တွေကို ပိုပြီး လိုအပ်လာပါတယ်။ အဲဒါကြောင့် အဆုတ်ကလည်း ပိုပြီး အလုပ်လုပ်လာရပါတယ်။ ပုံမှန်ရေကူးပေးခြင်းဖြင့် အမောခံနိုင်လာပြီး အဆုတ်ကျန်းမာလာစေပါတယ်။
၄။ အိုမင်းရင့်ရော်မှု နှေးကွေးလာခြင်း
အိုမင်းရင့်ရော်တာကို တားဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ရေကူးတာကတော့ အိုမင်းရင့်ရော်မှုကို နှေးကွေးသွားစေပါတယ်။ ပုံမှန်ရေကူးပေးတဲ့အခါ သွေးဖိအားလျော့ကျလာပြီး နှလုံးသွေးကြောကျန်းမာရေး ကောင်းမွန်လာပါတယ်။ ရှိရင်းစွဲအသက်ထက် နုပျိုဖို့အတွက် ပုံမှန်ရေကူးပေးဖို့ လိုအပ်ပါတယ်။
၅။ ပန်းနာရင်ကျပ်ကို သက်သာစေခြင်း
ပန်းနာရောဂါကို ခံစားရသူတွေဟာ အသက်ရှူရတာ အဆင်မပြေတော့ပါဘူး။ ဒါပေမယ့် ရေကူးပေးတဲ့အခါ အဆုတ်အားကောင်းလာပြီး ပန်းနာရောဂါလည်း သက်သာလာစေပါတယ်။ ရေကူးကန်အနီးအနားမှာရှိတဲ့ ရေငွေ့က အသက်ရှူရတာကို အဆင်ပြေလာစေပါတယ်။
၆။ ခန္ဓာကိုယ်မှာ အားအင်တွေ တိုးတက်လာခြင်း
ကိုယ်လက်လှုပ်ရှားမှုအမြဲရှိသူတွေဟာ အားအင်တွေ အပြည့်ပါပဲ။ ရေကူးတာက ဘယ်အသက်အရွယ်မဆို အဆင်ပြေစေတဲ့ လေ့ကျင့်ခန်းပါ။ တစ်ပတ်ကို ၃ကြိမ်ခန့် ရေကူးပေးရင် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကျန်းမာရေးတွေ တိုးတက်လာပါတယ်။ ခန္ဓာကိုယ်မှာ အားယုတ်လျော့တယ်လို့ မခံစားရတော့ပါဘူး။
၇။ ခန္ဓာကိုယ်မသန်စွမ်းသူတွေအတွက် အကျိုးပြုခြင်း
ရေကူးတာက တစ်ကိုယ်လုံးကို လှုပ်ရှားရတဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ်မသန်စွမ်းသူတွေအတွက် တိုးတက်လာစေမှာပါ။ ရေကူးတဲ့အခါ အရိုးအဆစ်တွေရော ကြွက်သားတွေပါ သန်မာလာပါတယ်။ ခန္ဓာကိုယ်မသန်စွမ်းသူတွေအတွက် ရေကူးတာထက် ရေကူးလေ့ကျင့်တာက ပိုပြီး သင့်တော်ပါတယ်။
၈။ ကြွက်သားပမာဏတိုးစေခြင်း
ရေကူးတာက အလေးတာနဲ့တော့ မတူညီနိုင်ပါဘူး။ ဒါပေမယ့် ရေကူးတာက ကြွက်သားပမာဏကို တိုးလာစေပါတယ်။ ကြွက်သားတွေ တည်ဆောက်ဖို့ဆိုရင် ရေကူးတာက ရွေးချယ်သင့်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။
Zombie (lovemedia)
for zawgyi
တစ်ပတ်ကို ၃ ကြိမ်ခန့် ရေကူးပေးရုံနဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲလာမလဲ
၁။ အိပ်ရေးဝလာခြင်း
၃။ အဆုတ်ကျန်းမာစေခြင်း
Zombie (lovemedia)
0 Comments