သားအချစ် မြေးအနှစ် ဆိုတဲ့အတိုင်း အဘိုးအဘွားတွေဟာ သားသမီးတွေကို အရမ်းချစ်တတ်ကြပါတယ်။ မျက်စိရှေ့မှာလည်း အမြဲ မြင်ချင်နေတဲ့အပြင် အသက်တွေ ဘယ်လောက်ကြီးကြီး အမြဲတမ်း ကလေးပါပဲ။
အဘိုးအဘွားတွေအတွက် မြေးတွေဟာ ဆုလာဒ်တစ်ခုလိုမျိုး ဖြစ်ပြီးတော့ တတ်နိုင်သမျှ အချိန်တွေကို သူတို့နှင့်အတူ ကုန်ဆုံးလိုကြပါတယ်။ ။ Doug ဆိုတဲ့ လူတစ်ဦးမှာတော့ မြေး ၁၀ ဦးရှိပါတယ်။ တကယ်ကို ၁၀ ယောက် ရှိတာပါ။
မြေး ၁၀ ဦးနဲ့ တတ်နိုင်သမျှ အချိန်ဖြုန်းရတာ ဝမ်းသာတယ်လို့ ဆိုပါတယ်။ သူ့မြေးတွေကို နေ့စဉ်နေ့တိုင်း တွေ့ချင်ပြီး အောင်မြင်စေချင်တဲ့အပြင် သူ့ကိုလည်း နေ့တိုင်း ကျောင်းကို ခေါ်သွားစေချင်တာကြောင့် ကျောင်းကားငယ်တစ်စီးဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဇနီးဖြစ်သူ Amy ကလည်း “Grandfather Express” ဆိုပြီး ဓာတ်ပုံအချို့ကို မျှဝေဖို့ ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ပါတယ်။ Doug ရဲ့ဇနီး Amyက Doug ကို 59 နှစ်မြောက်မွေးနေ့အတွက် သူဘာလိုချင်လဲ ဆိုတာကို မေးခဲ့ပါတယ်။ တခြားအရာတွေ ဆိုရင်တော့ သူဝယ်ပေးဖို့ တွေဝေနေမှာတော့ သေချာပါတယ်။
Doug က “ ငါ မနက်တိုင်း ဘတ်စ်ကားမောင်းပြီးတော့ မြေးတွေ အားလုံးကို ကျောင်းကိုခေါ်သွားချင်တယ်” လို့ ပြန်ပြောလိုက်ပါတယ်။ “ ဘတ်စ်ကားအသေးလေးထဲမှာ သီချင်းတွေ ဆိုမယ်၊ စကားပြောမယ်၊ သူတို့အဘိုးနဲ့ လုပ်ခဲ့တာတွေက မမေ့နိုင်စရာ ဖြစ်အောင် ကြိုးစားချင်တယ်။ ပိုက်ဆံသာ အရမ်းသုံးနိုင်ရင် ငါဘတ်စ်ကားလိုချင်တယ် "လို့ ပြန်ဖြေခဲ့ပါတယ်။
မြေးတွေအားလုံးက ကျောင်းနှင့် မိုင် ၂၀ အတွင်း နေထိုင်ကြပြီးတော့ အဘိုးကတော့ ကျောင်းနှင့် ၃ မိုင်သာ ဝေးပါတယ်။ သူတို့အားလုံးကို ကျောင်းလိုက်ပို့ပေးချင်တာက သူ့ရဲ့ အိမ်မက်လို့ ပြောပါတယ်။
သူ့ရဲ့ဇနီး အေမီဟာ အကုန်လုံးနီးပါး ကောင်းနေတဲ့ ဘတ်စ်ကားကို ရှာတွေ့ရဖို့ အချိန်တစ်လကျော်ကြာ ရှာခဲ့ရပါတယ်။ ဒီလိုရှာပြီးမကြာခင်မှာပဲ " Grandfather Express" လို့ခေါ်တဲ့ကားကို လမ်းဘေးမှာ ရပ်ထားတာကို တွေ့ခဲ့ပါတယ်။
“ အဓိကကတော့ မနက်တိုင်း သူတို့နဲ့ မိနစ်အနည်းငယ်လောက် အချိန်ကုန်နေရတာကို ပျော်နေတာပါ” လို့ Doug က ဆိုပါတယ်။ ပြောပြချက်တွေအရကတော့ Doug ဟာ ဘတ်စ်ကားစီးဖို့ မစောင့်နိုင်တော့ဘဲ ခရစ္စမတ် အားလပ်ရက်အမှီ ခရီးထွက်ဖို့အတွက် စီစဉ်ထားပါတယ်။
မြေးလေးတွေကတော့ ခရစ်စမတ်လက်ဆောင် ကားတစ်စီးရတာကို အရမ်းပျော်နေကြပါတယ်။ ကလေးတွေကို မနက်ခင်းတိုင်း ကျောင်းလိုက်ပို့ပေးပြီးတော့ သူတို့တွေ ဘယ်လောက် ပျော်ရွှင်နေမလဲ ဆိုတာကို တွေးကြည့်လို့ရတယ်။ အဘိုးဖြစ်သူကတော့ သူတို့အားလုံးထဲမှာ အပျော်ဆုံးပါပဲ။
Zombie (lovemedia)
for zawgyi
ေက်ာင္းတက္ပ်င္းတဲ့ ေျမးမ်ားအတြက္ ေက်ာင္းကားတစ္စီး ဝယ္ေပးလိုက္တဲ့အဘိုး
သားအခ်စ္ ေျမးအႏွစ္ ဆိုတဲ့အတိုင္း အဘိုးအဘြားေတြဟာ သားသမီးေတြကို အရမ္းခ်စ္တတ္ၾကပါတယ္။ မ်က္စိေရွ႕မွာလည္း အၿမဲ ျမင္ခ်င္ေနတဲ့အျပင္ အသက္ေတြ ဘယ္ေလာက္ႀကီးႀကီး အၿမဲတမ္း ကေလးပါပဲ။
အဘိုးအဘြားေတြအတြက္ ေျမးေတြဟာ ဆုလာဒ္တစ္ခုလိုမ်ိဳး ျဖစ္ၿပီးေတာ့ တတ္ႏိုင္သမွ် အခ်ိန္ေတြကို သူတို႔ႏွင့္အတူ ကုန္ဆုံးလိုၾကပါတယ္။ ။ Doug ဆိုတဲ့ လူတစ္ဦးမွာေတာ့ ေျမး ၁၀ ဦးရွိပါတယ္။ တကယ္ကို ၁၀ ေယာက္ ရွိတာပါ။
ေျမး ၁၀ ဦးနဲ႔ တတ္ႏိုင္သမွ် အခ်ိန္ျဖဳန္းရတာ ဝမ္းသာတယ္လို႔ ဆိုပါတယ္။ သူ႔ေျမးေတြကို ေန႔စဥ္ေန႔တိုင္း ေတြ႕ခ်င္ၿပီး ေအာင္ျမင္ေစခ်င္တဲ့အျပင္ သူ႔ကိုလည္း ေန႔တိုင္း ေက်ာင္းကို ေခၚသြားေစခ်င္တာေၾကာင့္ ေက်ာင္းကားငယ္တစ္စီးဝယ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
ဇနီးျဖစ္သူ Amy ကလည္း “Grandfather Express” ဆိုၿပီး ဓာတ္ပုံအခ်ိဳ႕ကို မွ်ေဝဖို႔ ေဖ့စ္ဘြတ္ခ္ေပၚ တင္ခဲ့ပါတယ္။ Doug ရဲ႕ဇနီး Amyက Doug ကို 59 ႏွစ္ေျမာက္ေမြးေန႔အတြက္ သူဘာလိုခ်င္လဲ ဆိုတာကို ေမးခဲ့ပါတယ္။ တျခားအရာေတြ ဆိုရင္ေတာ့ သူဝယ္ေပးဖို႔ ေတြေဝေနမွာေတာ့ ေသခ်ာပါတယ္။
Doug က “ ငါ မနက္တိုင္း ဘတ္စ္ကားေမာင္းၿပီးေတာ့ ေျမးေတြ အားလုံးကို ေက်ာင္းကိုေခၚသြားခ်င္တယ္” လို႔ ျပန္ေျပာလိုက္ပါတယ္။ “ ဘတ္စ္ကားအေသးေလးထဲမွာ သီခ်င္းေတြ ဆိုမယ္၊ စကားေျပာမယ္၊ သူတို႔အဘိုးနဲ႔ လုပ္ခဲ့တာေတြက မေမ့ႏိုင္စရာ ျဖစ္ေအာင္ ႀကိဳးစားခ်င္တယ္။ ပိုက္ဆံသာ အရမ္းသုံးႏိုင္ရင္ ငါဘတ္စ္ကားလိုခ်င္တယ္ "လို႔ ျပန္ေျဖခဲ့ပါတယ္။
ေျမးေတြအားလုံးက ေက်ာင္းႏွင့္ မိုင္ ၂၀ အတြင္း ေနထိုင္ၾကၿပီးေတာ့ အဘိုးကေတာ့ ေက်ာင္းႏွင့္ ၃ မိုင္သာ ေဝးပါတယ္။ သူတို႔အားလုံးကို ေက်ာင္းလိုက္ပို႔ေပးခ်င္တာက သူ႔ရဲ႕ အိမ္မက္လို႔ ေျပာပါတယ္။
သူ႔ရဲ႕ဇနီး ေအမီဟာ အကုန္လုံးနီးပါး ေကာင္းေနတဲ့ ဘတ္စ္ကားကို ရွာေတြ႕ရဖို႔ အခ်ိန္တစ္လေက်ာ္ၾကာ ရွာခဲ့ရပါတယ္။ ဒီလိုရွာၿပီးမၾကာခင္မွာပဲ " Grandfather Express" လို႔ေခၚတဲ့ကားကို လမ္းေဘးမွာ ရပ္ထားတာကို ေတြ႕ခဲ့ပါတယ္။
“ အဓိကကေတာ့ မနက္တိုင္း သူတို႔နဲ႔ မိနစ္အနည္းငယ္ေလာက္ အခ်ိန္ကုန္ေနရတာကို ေပ်ာ္ေနတာပါ” လို႔ Doug က ဆိုပါတယ္။ ေျပာျပခ်က္ေတြအရကေတာ့ Doug ဟာ ဘတ္စ္ကားစီးဖို႔ မေစာင့္ႏိုင္ေတာ့ဘဲ ခရစၥမတ္ အားလပ္ရက္အမွီ ခရီးထြက္ဖို႔အတြက္ စီစဥ္ထားပါတယ္။
ေျမးေလးေတြကေတာ့ ခရစ္စမတ္လက္ေဆာင္ ကားတစ္စီးရတာကို အရမ္းေပ်ာ္ေနၾကပါတယ္။ ကေလးေတြကို မနက္ခင္းတိုင္း ေက်ာင္းလိုက္ပို႔ေပးၿပီးေတာ့ သူတို႔ေတြ ဘယ္ေလာက္ ေပ်ာ္႐ႊင္ေနမလဲ ဆိုတာကို ေတြးၾကည့္လို႔ရတယ္။ အဘိုးျဖစ္သူကေတာ့ သူတို႔အားလုံးထဲမွာ အေပ်ာ္ဆုံးပါပဲ။
Zombie (lovemedia)
0 Comments