သင့်ခေါင်းထဲက ချက်ချင်း ထုတ်ပစ်သင့်သော အရာများ

(၁) သင့်ကို ဂရုမစိုက်တဲ့ သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး

တချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊ သင့်ကို ပစ်ထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။

(၂) လူ့ခွစာများကို ဝေးဝေးက ရှောင်ပါ

တချို့လူတွေက တခြားသူ ဘာလုပ်လုပ် အမြဲ အပြစ်ပြောနေတတ်တယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိ ရှိသလို မဆင်မခြင် စကားပြောတတ် ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီ ရှိသူများကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက် လာစေနိုင်လို့ပါ။

(၃) တခုခုကို အမြဲ သင်ယူလေ့လာနေပါ

ပညာလို အိုသည်မရှိ ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ကြားဖို့ ဝန်မလေးပါနဲ့။ ငါ့အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးဘူး ဆိုပြီး မတွေးပါနဲ့။

(၄) အတိတ်က အဖြစ်အပျက်တွေနဲ့ အတိတ်အကြောင်းတွေကို အရမ်းမတွေးပါနဲ့

အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အတိတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။

(၅) ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ

ကိုယ်ကျင့်တရား ကောင်းတဲ့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်း တိုးတက်အောင် ကြိုးစားနေသင့်ပြီး စိတ်ကောင်းကောင်းထားပါ။

(၆) ထင်ချင်သလို ထင်ကြပါစေ

လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိတယ်ဆိုသလိုပဲ လူတယောက်နဲ့တယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲ ဆိုတာ အရေးစိုက်မနေပါနဲ့။ crd

Zawgyi

သင့္ေခါင္းထဲက ခ်က္ခ်င္း ထုတ္ပစ္သင့္ေသာ အရာမ်ား

(၁) သင့္ကို ဂ႐ုမစိုက္တဲ့ သူေတြကို သင္ဂ႐ုစိုက္စရာ မလိုပါဘူး

တခ်ိဳ႕လူေတြက သူတို႔ကို ဂ႐ုစိုက္ေလေလ၊ သင့္ကို ပစ္ထားေလေလပါပဲ။ ဒီေတာ့ သူတို႔ကို လိုက္ဂ႐ုစိုက္ေနမွာထက္ ကိုယ့္ကိုယ္ကို ပိုဂ႐ုစိုက္ပါ။

(၂) လူ႔ခြစာမ်ားကို ေဝးေဝးက ေရွာင္ပါ

တခ်ိဳ႕လူေတြက တျခားသူ ဘာလုပ္လုပ္ အၿမဲ အျပစ္ေျပာေနတတ္တယ္။ ဘုကလန႔္ တိုက္တတ္တယ္။ ဂ်စ္ကန္ကန္နဲ႔ စိတ္ထဲရွိ ရွိသလို မဆင္မျခင္ စကားေျပာတတ္ ၾကတယ္။ ဒီလို အဆိုးျမင္ဝါဒီ ရွိသူမ်ားကို ေရွာင္ရွားပါ။ အဆိုးျမင္စိတ္ဓာတ္က သင့္ကိုပါ ကူးစက္ လာေစႏိုင္လို႔ပါ။

(၃) တခုခုကို အၿမဲ သင္ယူေလ့လာေနပါ

ပညာလို အိုသည္မရွိ ဆိုသလိုပဲ ဘယ္အတတ္ပညာမဆို သင္ၾကားဖို႔ ဝန္မေလးပါနဲ႔။ ငါ့အသက္အ႐ြယ္ႀကီးနဲ႔ မသင့္ေတာ္ပါဘူးေလ၊ ငါငယ္ေသးလို႔ မလိုေသးဘူး ဆိုၿပီး မေတြးပါနဲ႔။

(၄) အတိတ္က အျဖစ္အပ်က္ေတြနဲ႔ အတိတ္အေၾကာင္းေတြကို အရမ္းမေတြးပါနဲ႔

အတိတ္မွာ အမွတ္ရစရာ အမ်ားႀကီး ရွိခဲ့မွာပါ။ ဒါေပမဲ့ အတိတ္ဆိုတာ အခ်ိန္တခုမွာ ၿပီးသြားခဲ့ၿပီးသား အျဖစ္အပ်က္ေတြပါ။ ေနာက္ထပ္ျဖစ္လာမယ့္ အတိတ္ေတြကို လွပေနေစဖို႔သာ ႀကိဳးစားပါ။

(၅) ကိုယ့္ကိုယ္ကို တန္ဖိုးထားပါ

ကိုယ္က်င့္တရား ေကာင္းတဲ့သူက ေလာကမွာ တန္ဖိုးအရွိဆုံးပါ။ ကိုယ့္ကိုယ္ကို အၿမဲတမ္း တိုးတက္ေအာင္ ႀကိဳးစားေနသင့္ၿပီး စိတ္ေကာင္းေကာင္းထားပါ။

(၆) ထင္ခ်င္သလို ထင္ၾကပါေစ

လူအမ်ိဳးမ်ိဳး၊ စိတ္အေထြေထြ ရွိတယ္ဆိုသလိုပဲ လူတေယာက္နဲ႔တေယာက္ တန္ဖိုးထားတာေတြ၊ ခံယူခ်က္ေတြနဲ႔ အျမင္ေတြ မတူညီၾကပါဘူး။ ကိုယ့္အေၾကာင္းနဲ႔ကိုယ္ ရွိၾကတာမို႔ ကိုယ္မွန္တယ္လို႔ ယုံၾကည္တဲ့အရာကို ရဲရဲသာလုပ္ပါ။ အျခားလူေတြ ဘယ္လိုထင္သလဲ ဆိုတာ အေရးစိုက္မေနပါနဲ႔။ crd

Post a Comment

0 Comments