နမ်းမဝသေးသော ပါးတခြမ်း

ကျနော့်မိန်းမက သူကိုယ်ဝန်ရှိနေပြီလို့ ပြောတော့ ကျနော် မြန်မာဗီဒီယိုကားထဲက မင်းသားတွေ ပျော်သလိုမျိုး ဟိုလျှောက်ပြေး ဒီလျှောက်ပြေး၊ ဟိုအော်ဒီအော် ပုံစံမျိုးနဲ့ မပျော်ခဲ့ပါဘူး။ မိန်းမကလည်း သူကိုယ်ဝန်ရှိနေတာကို ရုပ်ရှင်ထဲကလို နားနားကပ်ပြီး မပြောပါဘူး။ ကြေးအိုးဆိုင်မှာ ကြေးအိုးစားရင်း ပလုပ်ပလောင်းနဲ့ ပြောတာ။ ကိုယ်ဝန်ရှိနေပြီ ထင်တယ်တဲ့ ကျွန်တော်လည်း ဟုတ်လား ပျော်စရာကြီးပေါ့လို့ ပြောလိုက်တယ်။ ဒီလောက်ပါပဲ။

အာထွာဆောင်း ရိုက်ကြည့်တော့ သမီးလေးလို့ သိရတယ်။ ငါသမီးလေး ရတော့မယ်၊ ကလေးအဖေ ဖြစ်တော့မယ်၊ ဒီထက်ကြိုးစားရတော့မယ် ဆိုတဲ့ အသိတော့ ရှိလာတာ အမှန်ပဲ။ သမီးလေးကို SSC ရွှေဂုံတိုင် ဆေးရုံမှာ မွေးတာ။

မိန်းမ မွေးခန်းထဲဝင်တော့ စိတ်တော့ပူသား။ မိန်းမ နေကောင်းဖို့နဲ့ သမီးလေး ကောင်းကောင်းမွန်မွန် ဖြစ်ဖို့ ရုပ်ရှင်ထဲက ကလေးအဖေတွေလို ဆပ်ပြာသည် လင်ပျောက်သလိုတော့ မဖြစ်ပါဘူး။

မွေးခန်းထဲက နပ်စ်မက ဘေဘီချောစုဝင်း ရှိလားတဲ့။ ဒီနပ်(စ်)မ က ငါ မိန်းမကိုဘေဘီလို့ ခေါ်တာ သူဘယ်လိုများ သိသွားသလည်းပေါ့။ "ဟုတ်ကျွန်တော်ပါ" ပေါ။ "ရော့ မွေးခန်း အသုံးစာရိတ်ဘောက်ချာ။ ကလေးရော လူကြီးရော ကျန်းမာပါတယ်" တဲ့။

ကလေးကို အရင်မပြသေးဘူး၊ ဘောက်ချာ အရင်ပြတာ။ ဘောက်ချာကြည့် လိုက်တော့ ၅ သိန်းကျတယ်။ "ဟယ် တန်ဖိုးရှိလိုက်တဲ့ ငါ့ သမီးလေး ပါလား" ဆိုပြီး ငွေသွားသွင်း ရတယ်။ ငွေသွင်းပြီးတော့မှ ကလေးကို ပြတာ။ ငွေသာ မသွင်းရင် ကလေးကို ပြန်ပေးဆွဲမယ့်သဘော ရှိတယ်။

သမီးလေး မြင်တော့ အော် ငါကလေးအဖေ ဖြစ်ပြီ၊ ငါ သမီးလေး တယောက်ရပြီပေါ့။ ဖြစ်ချင်တော့ သမီးလေး ၂ ရက် နေတော့ အသားဝါလို့ ကလေးဆေးရုံကြီးကို တင်ရတယ်။ ကလေးတွေ နေမကောင်းဖြစ်ရင် ကိုယ်သာ ဖြစ်လိုက်ချင်တယ်။

မိန်းမက ရွှေဂုံတိုင်ဆေးရုံမှာ၊ သမီးက ကလေး ဆေးရုံကြီးမှာ။ ကျွန်တော်က သမီးလေး တက်တဲ့ ကလေးဆေးရုံ လိုက်သွားလိုက်တယ်။ ယောက္ခက သူ့သမီးကို စိတ်ပူ၊ ကျွန်တော်က ကျွန်တော့ သမီးကို စိတ်ပူပေါ့။

သမီးလေး သူငယ်တန်း စထားတဲ့နေ့ သမီးက မျက်နှာငယ်လေးနဲ့ အတန်းဖေါ်တွေကြားထဲမှာ "သမီးလေးရေ ဒါ လောက သင်ခန်းစာ အစပဲ၊ ငါ့ သမီးလေး အဆင်ပြေမှာပါ" ဆိုပြီး သမီးကို ကျောင်းခန်းထဲ ပို့လိုက်တယ်။ ကျွန်တော် နောက်ကို လုံးဝလှည့်မကြည့်ဘူး။ သမီးလေးကို ထားခဲ့ရတာကို မကြည့်ရဲလို့ မနေနိုင်လို့ လှည့်ကြည့်လိုက်တော့ သမီးက ကျွန်တော့ကိုကြည့်နေတာ။

ကျွန်တော် ကြည့်နေတာလည်း သိသွားရော ပါပါး ဆိုပြီး ပြေးထွက်လာတယ်။ ကျွန်တော်ကလည်း သမီးလေး ဆိုပြီး ပြေးဖက် လိုက်တယ်။ သမီးလေး ပါးပေါ်မှာ ကျွန်တော် လိမ်းပေးလိုက်တဲ့ သနပ်ခါး ပါးကွက်လေး၊ မျက်ရည်ကြောင့် နှစ်ခြမ်း ကွဲသွားသလို ကျွန်တော့်ရဲ့ အသဲတွေလည်း ကွဲနေပါပြီ။

ကျွန်တော့်ကို ဖက်ပြီး "ပါးပါး ပြန်လိုက်ခဲ့မယ် သမီး၊ ပါပါး အခန်းအပြင်က စောင့်နေမယ်နော်။ ပါးပါး ဘယ်မှ မသွားဘူး" ဆိုပြီး အခန်းထဲ ပြန်ပို့ရတယ်။

မိုးဖွဲဖွဲလေး ကျပြီး မိုးမင်းကြီးက ကျွန်တော်တို့ သားအဖကို ပိုပြီး ကြေကွဲအောင်များ လုပ်နေရော့သလား။ ကျွန်တော့်သမီးလေးကို ဖက်ပြီး ကျောင်းခန်းထဲ လိုက်ပို့တဲ့ အခန်းကို ရုပ်ရှင်ရိုက်ရင် သမီးရော ကျွန်တော်ရော အကယ်ဒမီရမှာ သေချာတယ်။ သမီးကို ပို့ပြီး၊ ကျွန်တော်ကားပေါ် ရောက်တဲ့အထိ ချက်ချင်း မပြန်သေးဘူး။

ကားစတီယာတိုင်ပေါ်မှာ ခေါင်းကိုမှောက်ပြီး မျက်ရည် ကျခဲ့တယ် ဆိုတာကို ဝန်ခံပါရစေ။ စဉ်းစားကြည့်လေ လာတုန်းက သမီးလေးနဲ့၊ အခု တယောက်တည်း ပြန်ရမှာ။ ကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံ ကြားမှ ငါ့သမီးလေး သီချင်းဆိုနေပြီ ဆိုပြီး အိမ်ပြန် ခဲ့ရတယ်။

အခု သမီးက ၁၄ နှစ် ဟိုတလောက သူ့ရဲ့ ဖုန်း ring မြည်နေလို့ ကိုင်လိုက်တော့ ဟိုဘက်က ကျွန်တော့အသံ ကြားသွားလို့ ထင်တယ်။ "ဦးလေး အဲ အန်ကယ် ရည်မွန် ရှိလား ခင်မျ" တဲ့။

ယောက်ျားတွေ ဆိုတာ သံလိုက်သဘောရှိတယ်။ အဖိုနဲ့ အမလောက်ပဲ ကပ်ချင်တဲ့ သဘော။ ငါ့ကိုများ အန်ကယ်တဲ့ တော်သေးတာပေါ့ ဒယ်ဒီလို့ မခေါ်လို့။ ယောက်ျားလေး တယောက်ရဲ့ အသံကြားတော့ လို့အပ်သည့်အသံထက် ၆ ဆ လောက် မြင့်လိုက်ပြီး

"အေး ခဏ ကိုင်ထား" ဆိုပြီး ရုပ်ရှင်ထဲက ဦးသိန်း မောင်လေသံနဲ့ ဖုန်းနားကပ်ပြီး ရည်မွန်လို့ တချက် အော်ခေါ်လိုက်တယ်။ ဟိုဘက်က တယောက်လည်း လန့်သွားအောင်လို့။

သမီးကလည်း အခြေအနေကို ရိပ်မိနေတဲ့သဘော ရှိတယ်။ ရေဒီယို ဟာသရရွှင်ဆေးထဲက မိန်းမတယောက်ရဲ့ အသံမျိုးနဲ့ ရှင် ပါပါး ဆိုပြီး ဖုန်းဆီအလာ သမီးလမ်းလျှောက်ရာလမ်းကို ကျွန်တော့် စိုက်ကြည့်နေလို့ သမီးက သူ့ခြေထောက် အချင်းချင်းတောင် ခလုတ်တိုက်တယ်။

သမီးက လိုင်းမမိလို့ အခန်းထဲ သွားပြောတာ။ ဘယ်ရမလဲ ကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီး နားအထောင် သမီးက အခန်းထဲကအထွက် တံခါးပြန်အဖွင့် နှစ်ယောက်သား တိုက်မိလို့ ရှက်ရမ်း ရမ်းပြီး ဟောက်လိုက်ရတယ်။

"ဘယ်လိုဖြစ်နေတာလဲ ယောက်ယက်ကို ခတ်နေတာပဲ" လို့။ အမှန် ယောက်ယက်ခတ်နေတာက ကျွန်တော်ပါ။

သမီးက ဧည့်ခန်းထဲ ဖုန်းသွားပြောတာ ဘယ်ရမလဲ ဧည့်ခန်းထဲ တံမြက်စီး လှဲချင်ယောင်ဆောင်ပြီး နားထောင်နေတာပေါ့။

သမီးက နဂါးမင်းနဲ့ ဖွတ်ကျား စစ်ခင်းတော့မယ့် အခြေအနေကို သိသွားတယ် ထင်တယ်။ "အော်အေး အော်အေးအေး အော်အေး" ဆိုပြီး ဖုန်းချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။

"ဘယ်သူလဲသမီး"

"ကျောင်းကပါ၊ ကျောင်းမတက်လို့ စာမေးတာပါ" တဲ့။

ရိုးနေပြီ ဒါငါ့အကွက်တွေ။ ပထမ စာမေးမယ်၊ ပြီးရင် ထမင်းစား ပြီးပြီလားမေးမယ်၊ ပြီးရင် ဂရုစိုက်နော် ဆိုပြီး ဖုန်းချသွားမယ်။ သမီးကိုတော့ မပြောပါဘူး၊ စိတ်ထဲကပဲ ပြောနေတာပါ။ "မချောစု သမီးဖုန်း ကိုလည်း ဂရုစိုက်ဦး" လို့ တိုးတိုးတိတ်တိတ် မှာထားရတယ်။

သမီးက ငယ်ပါသေးတယ်၊ ကျွန်တော့်က စိုးရိမ် လွန်နေတာပါ။ အော် သမီး သမီး အချိန်တန်ရင်တော့ သမီးလေးနဲ့ ခွဲရမှာပါလေ လို့ တွေးမိရင်း တကယ်တော့ သမီးလေးဟာ ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတခြမ်းပါ။

Maung Pinlal

for zawgyi

နမ္းမဝေသးေသာ ပါးတျခမ္း

က်ေနာ့္မိန္းမက သူကိုယ္ဝန္ရွိေနၿပီလို႔ ေျပာေတာ့ က်ေနာ္ ျမန္မာဗီဒီယိုကားထဲက မင္းသားေတြ ေပ်ာ္သလိုမ်ိဳး ဟိုေလွ်ာက္ေျပး ဒီေလွ်ာက္ေျပး၊ ဟိုေအာ္ဒီေအာ္ ပုံစံမ်ိဳးနဲ႔ မေပ်ာ္ခဲ့ပါဘူး။ မိန္းမကလည္း သူကိုယ္ဝန္ရွိေနတာကို ႐ုပ္ရွင္ထဲကလို နားနားကပ္ၿပီး မေျပာပါဘူး။ ေၾကးအိုးဆိုင္မွာ ေၾကးအိုးစားရင္း ပလုပ္ပေလာင္းနဲ႔ ေျပာတာ။ ကိုယ္ဝန္ရွိေနၿပီ ထင္တယ္တဲ့ ကြၽန္ေတာ္လည္း ဟုတ္လား ေပ်ာ္စရာႀကီးေပါ့လို႔ ေျပာလိုက္တယ္။ ဒီေလာက္ပါပဲ။

အာထြာေဆာင္း ႐ိုက္ၾကည့္ေတာ့ သမီးေလးလို႔ သိရတယ္။ ငါသမီးေလး ရေတာ့မယ္၊ ကေလးအေဖ ျဖစ္ေတာ့မယ္၊ ဒီထက္ႀကိဳးစားရေတာ့မယ္ ဆိုတဲ့ အသိေတာ့ ရွိလာတာ အမွန္ပဲ။ သမီးေလးကို SSC ေ႐ႊဂုံတိုင္ ေဆး႐ုံမွာ ေမြးတာ။

မိန္းမ ေမြးခန္းထဲဝင္ေတာ့ စိတ္ေတာ့ပူသား။ မိန္းမ ေနေကာင္းဖို႔နဲ႔ သမီးေလး ေကာင္းေကာင္းမြန္မြန္ ျဖစ္ဖို႔ ႐ုပ္ရွင္ထဲက ကေလးအေဖေတြလို ဆပ္ျပာသည္ လင္ေပ်ာက္သလိုေတာ့ မျဖစ္ပါဘူး။

ေမြးခန္းထဲက နပ္စ္မက ေဘဘီေခ်ာစုဝင္း ရွိလားတဲ့။ ဒီနပ္(စ္)မ က ငါ မိန္းမကိုေဘဘီလို႔ ေခၚတာ သူဘယ္လိုမ်ား သိသြားသလည္းေပါ့။ "ဟုတ္ကြၽန္ေတာ္ပါ" ေပါ။ "ေရာ့ ေမြးခန္း အသုံးစာရိတ္ေဘာက္ခ်ာ။ ကေလးေရာ လူႀကီးေရာ က်န္းမာပါတယ္" တဲ့။

ကေလးကို အရင္မျပေသးဘူး၊ ေဘာက္ခ်ာ အရင္ျပတာ။ ေဘာက္ခ်ာၾကည့္ လိုက္ေတာ့ ၅ သိန္းက်တယ္။ "ဟယ္ တန္ဖိုးရွိလိုက္တဲ့ ငါ့ သမီးေလး ပါလား" ဆိုၿပီး ေငြသြားသြင္း ရတယ္။ ေငြသြင္းၿပီးေတာ့မွ ကေလးကို ျပတာ။ ေငြသာ မသြင္းရင္ ကေလးကို ျပန္ေပးဆြဲမယ့္သေဘာ ရွိတယ္။

သမီးေလး ျမင္ေတာ့ ေအာ္ ငါကေလးအေဖ ျဖစ္ၿပီ၊ ငါ သမီးေလး တေယာက္ရၿပီေပါ့။ ျဖစ္ခ်င္ေတာ့ သမီးေလး ၂ ရက္ ေနေတာ့ အသားဝါလို႔ ကေလးေဆး႐ုံႀကီးကို တင္ရတယ္။ ကေလးေတြ ေနမေကာင္းျဖစ္ရင္ ကိုယ္သာ ျဖစ္လိုက္ခ်င္တယ္။

မိန္းမက ေ႐ႊဂုံတိုင္ေဆး႐ုံမွာ၊ သမီးက ကေလး ေဆး႐ုံႀကီးမွာ။ ကြၽန္ေတာ္က သမီးေလး တက္တဲ့ ကေလးေဆး႐ုံ လိုက္သြားလိုက္တယ္။ ေယာကၡက သူ႔သမီးကို စိတ္ပူ၊ ကြၽန္ေတာ္က ကြၽန္ေတာ့ သမီးကို စိတ္ပူေပါ့။

သမီးေလး သူငယ္တန္း စထားတဲ့ေန႔ သမီးက မ်က္ႏွာငယ္ေလးနဲ႔ အတန္းေဖၚေတြၾကားထဲမွာ "သမီးေလးေရ ဒါ ေလာက သင္ခန္းစာ အစပဲ၊ ငါ့ သမီးေလး အဆင္ေျပမွာပါ" ဆိုၿပီး သမီးကို ေက်ာင္းခန္းထဲ ပို႔လိုက္တယ္။ ကြၽန္ေတာ္ ေနာက္ကို လုံးဝလွည့္မၾကည့္ဘူး။ သမီးေလးကို ထားခဲ့ရတာကို မၾကည့္ရဲလို႔ မေနႏိုင္လို႔ လွည့္ၾကည့္လိုက္ေတာ့ သမီးက ကြၽန္ေတာ့ကိုၾကည့္ေနတာ။

ကြၽန္ေတာ္ ၾကည့္ေနတာလည္း သိသြားေရာ ပါပါး ဆိုၿပီး ေျပးထြက္လာတယ္။ ကြၽန္ေတာ္ကလည္း သမီးေလး ဆိုၿပီး ေျပးဖက္ လိုက္တယ္။ သမီးေလး ပါးေပၚမွာ ကြၽန္ေတာ္ လိမ္းေပးလိုက္တဲ့ သနပ္ခါး ပါးကြက္ေလး၊ မ်က္ရည္ေၾကာင့္ ႏွစ္ျခမ္း ကြဲသြားသလို ကြၽန္ေတာ့္ရဲ႕ အသဲေတြလည္း ကြဲေနပါၿပီ။

ကြၽန္ေတာ့္ကို ဖက္ၿပီး "ပါးပါး ျပန္လိုက္ခဲ့မယ္ သမီး၊ ပါပါး အခန္းအျပင္က ေစာင့္ေနမယ္ေနာ္။ ပါးပါး ဘယ္မွ မသြားဘူး" ဆိုၿပီး အခန္းထဲ ျပန္ပို႔ရတယ္။

မိုးဖြဲဖြဲေလး က်ၿပီး မိုးမင္းႀကီးက ကြၽန္ေတာ္တို႔ သားအဖကို ပိုၿပီး ေၾကကြဲေအာင္မ်ား လုပ္ေနေရာ့သလား။ ကြၽန္ေတာ့္သမီးေလးကို ဖက္ၿပီး ေက်ာင္းခန္းထဲ လိုက္ပို႔တဲ့ အခန္းကို ႐ုပ္ရွင္႐ိုက္ရင္ သမီးေရာ ကြၽန္ေတာ္ေရာ အကယ္ဒမီရမွာ ေသခ်ာတယ္။ သမီးကို ပို႔ၿပီး၊ ကြၽန္ေတာ္ကားေပၚ ေရာက္တဲ့အထိ ခ်က္ခ်င္း မျပန္ေသးဘူး။

ကားစတီယာတိုင္ေပၚမွာ ေခါင္းကိုေမွာက္ၿပီး မ်က္ရည္ က်ခဲ့တယ္ ဆိုတာကို ဝန္ခံပါရေစ။ စဥ္းစားၾကည့္ေလ လာတုန္းက သမီးေလးနဲ႔၊ အခု တေယာက္တည္း ျပန္ရမွာ။ ေက်ာင္းခန္းထဲက ကမာၻမေၾက သီခ်င္းသံ ၾကားမွ ငါ့သမီးေလး သီခ်င္းဆိုေနၿပီ ဆိုၿပီး အိမ္ျပန္ ခဲ့ရတယ္။

အခု သမီးက ၁၄ ႏွစ္ ဟိုတေလာက သူ႔ရဲ႕ ဖုန္း ring ျမည္ေနလို႔ ကိုင္လိုက္ေတာ့ ဟိုဘက္က ကြၽန္ေတာ့အသံ ၾကားသြားလို႔ ထင္တယ္။ "ဦးေလး အဲ အန္ကယ္ ရည္မြန္ ရွိလား ခင္မ်" တဲ့။

ေယာက္်ားေတြ ဆိုတာ သံလိုက္သေဘာရွိတယ္။ အဖိုနဲ႔ အမေလာက္ပဲ ကပ္ခ်င္တဲ့ သေဘာ။ ငါ့ကိုမ်ား အန္ကယ္တဲ့ ေတာ္ေသးတာေပါ့ ဒယ္ဒီလို႔ မေခၚလို႔။ ေယာက္်ားေလး တေယာက္ရဲ႕ အသံၾကားေတာ့ လို႔အပ္သည့္အသံထက္ ၆ ဆ ေလာက္ ျမင့္လိုက္ၿပီး

"ေအး ခဏ ကိုင္ထား" ဆိုၿပီး ႐ုပ္ရွင္ထဲက ဦးသိန္း ေမာင္ေလသံနဲ႔ ဖုန္းနားကပ္ၿပီး ရည္မြန္လို႔ တခ်က္ ေအာ္ေခၚလိုက္တယ္။ ဟိုဘက္က တေယာက္လည္း လန႔္သြားေအာင္လို႔။

သမီးကလည္း အေျခအေနကို ရိပ္မိေနတဲ့သေဘာ ရွိတယ္။ ေရဒီယို ဟာသရ႐ႊင္ေဆးထဲက မိန္းမတေယာက္ရဲ႕ အသံမ်ိဳးနဲ႔ ရွင္ ပါပါး ဆိုၿပီး ဖုန္းဆီအလာ သမီးလမ္းေလွ်ာက္ရာလမ္းကို ကြၽန္ေတာ့္ စိုက္ၾကည့္ေနလို႔ သမီးက သူ႔ေျခေထာက္ အခ်င္းခ်င္းေတာင္ ခလုတ္တိုက္တယ္။

သမီးက လိုင္းမမိလို႔ အခန္းထဲ သြားေျပာတာ။ ဘယ္ရမလဲ ကြၽန္ေတာ္က တံခါးကို နားနဲ႔ ကပ္ၿပီး နားအေထာင္ သမီးက အခန္းထဲကအထြက္ တံခါးျပန္အဖြင့္ ႏွစ္ေယာက္သား တိုက္မိလို႔ ရွက္ရမ္း ရမ္းၿပီး ေဟာက္လိုက္ရတယ္။

"ဘယ္လိုျဖစ္ေနတာလဲ ေယာက္ယက္ကို ခတ္ေနတာပဲ" လို႔။ အမွန္ ေယာက္ယက္ခတ္ေနတာက ကြၽန္ေတာ္ပါ။

သမီးက ဧည့္ခန္းထဲ ဖုန္းသြားေျပာတာ ဘယ္ရမလဲ ဧည့္ခန္းထဲ တံျမက္စီး လွဲခ်င္ေယာင္ေဆာင္ၿပီး နားေထာင္ေနတာေပါ့။

သမီးက နဂါးမင္းနဲ႔ ဖြတ္က်ား စစ္ခင္းေတာ့မယ့္ အေျခအေနကို သိသြားတယ္ ထင္တယ္။ "ေအာ္ေအး ေအာ္ေအးေအး ေအာ္ေအး" ဆိုၿပီး ဖုန္းခ်ၿပီး ပြဲကို အျမန္ဆုံး သိမ္းပစ္လိုက္တယ္။

"ဘယ္သူလဲသမီး"

"ေက်ာင္းကပါ၊ ေက်ာင္းမတက္လို႔ စာေမးတာပါ" တဲ့။

႐ိုးေနၿပီ ဒါငါ့အကြက္ေတြ။ ပထမ စာေမးမယ္၊ ၿပီးရင္ ထမင္းစား ၿပီးၿပီလားေမးမယ္၊ ၿပီးရင္ ဂ႐ုစိုက္ေနာ္ ဆိုၿပီး ဖုန္းခ်သြားမယ္။ သမီးကိုေတာ့ မေျပာပါဘူး၊ စိတ္ထဲကပဲ ေျပာေနတာပါ။ "မေခ်ာစု သမီးဖုန္း ကိုလည္း ဂ႐ုစိုက္ဦး" လို႔ တိုးတိုးတိတ္တိတ္ မွာထားရတယ္။

သမီးက ငယ္ပါေသးတယ္၊ ကြၽန္ေတာ့္က စိုးရိမ္ လြန္ေနတာပါ။ ေအာ္ သမီး သမီး အခ်ိန္တန္ရင္ေတာ့ သမီးေလးနဲ႔ ခြဲရမွာပါေလ လို႔ ေတြးမိရင္း တကယ္ေတာ့ သမီးေလးဟာ ကြၽန္ေတာ္ နမ္းလို႔ မဝေသးတဲ့ ပါးတျခမ္းပါ။

Maung Pinlal

Post a Comment

0 Comments