ဘာလို့ မိတ်ပျက်ကုန်ကြတာလဲ

သိပ်ပူတဲ့ နွေရာသီတခုမှာ လူတစုဟာ မြစ်ရေလှိုင်းထဲ ဖောင်စီးသွားကြတယ်။ ကောင်မလေးတယောက်ဟာ ရေဆော့နေတုန်း ဖိနပ်က ရေထဲကျသွားတယ်။ ကမ်းပေါ်ရောက်တော့ နေပူထဲမှာ ပူကျစ်နေတဲ့ ရေချိုးကျောက် သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။

အဲဒါနဲ့ ကောင်မလေးက သူမကို တယောက်ယောက်က ဖိနပ် ငှားနိုင်မလားလို့ အကူအညီ တောင်းတယ်။ ဒါပေမဲ့ လူတယောက်မှာ ဖိနပ်တရံပဲ ပါတာဆိုတော့ ဘယ်သူမှ မပေးချင်ကြဘူး။

ကောင်မလေးက မကျေနပ်ဖြစ်သွားတယ်။ သူက မိန်းကလေးသဘာဝ နဲနဲလောက် ချွဲလိုက်ရင် သူများရဲ့ အကူအညီ ရနေကျလေ။ဒါပေမဲ့ ဒီတခါတော့ မရတော့ဘူး။ အဲဒါနဲ့ သူမက ဒီလူတွေ အားလုံး မကောင်းဘူး၊ ကူညီချင်စိတ် မရှိကြဘူးလို့ တွက်လိုက်တယ်။

နောက်တော့ ကောင်လေးတယောက်က သူ့ဖိနပ်ကို ပေးလိုက်တယ်။ သူကတော့ ဖိနပ်ဗလာနဲ့ အကြာကြီး ရေချိုးကျောက် ပူပူထဲ ပြေးလိုက်ရတယ်။ သံပူနဲ့ ကပ်နေသလိုပါပဲ။ ကောင်မလေးက ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။

ကောင်လေးက "ဘယ်သူမှ မင်းကို ကူညီဖို့ တာဝန် မရှိပါဘူး။ မင်းကို ကူညီတာ ခင်မင်မှုတခုကြောင့်ပဲ။ မကူညီဖြစ်ရင် ဒေါသ မကြီးပါနဲ့။ ဒါ သမရိုးကျပါ" လို့ ပြောတယ်။ အဲဒီလိုပြောတော့ ကောင်မလေးရဲ့ စိတ်ထဲမှာ အောင့်သက်သက် ဖြစ်သွားခဲ့တယ်။ အဲဒီချိန်ကစပြီး ကောင်မလေးဟာ သူ့ကို ကူညီဖူးသူတွေကို အမြဲ မှတ်သားထားလေ့ ရှိပြီး ပြန်လည် ကျေးဇူးဆပ်လေ့ ရှိသတဲ့။

ကျမတို့ဟာ အမြဲတမ်း သူများက ကိုယ့်အပေါ် ကောင်းဖို့ပဲ မျော်လင့်ကြတယ်။ အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။ ကြာလာတော့ သူများက ကိုယ့်အပေါ် ကောင်းတာကို အကျင့်ဖြစ်လာတယ်။ ဒါက ဖြစ်သင့်တဲ့အရာလို့ ထင်လာတယ်။ တနေ့မှာ ကိုယ့်အပေါ် မကောင်းခဲ့ရင် အပြစ်တင် ရှုံ့ချ မိတော့တယ်။ တကယ်တမ်းကျတော့ သူများက မကောင်းတော့တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်တွေက ပြောင်းကုန်တာပါ။ crd

Zawgyi

ဘာလို႔ မိတ္ပ်က္ကုန္ၾကတာလဲ

သိပ္ပူတဲ့ ေႏြရာသီတခုမွာ လူတစုဟာ ျမစ္ေရလႈိင္းထဲ ေဖာင္စီးသြားၾကတယ္။ ေကာင္မေလးတေယာက္ဟာ ေရေဆာ့ေနတုန္း ဖိနပ္က ေရထဲက်သြားတယ္။ ကမ္းေပၚေရာက္ေတာ့ ေနပူထဲမွာ ပူက်စ္ေနတဲ့ ေရခ်ိဳးေက်ာက္ သဲျပင္က်ယ္ႀကီးကို ျဖတ္ရမယ္။

အဲဒါနဲ႔ ေကာင္မေလးက သူမကို တေယာက္ေယာက္က ဖိနပ္ ငွားႏိုင္မလားလို႔ အကူအညီ ေတာင္းတယ္။ ဒါေပမဲ့ လူတေယာက္မွာ ဖိနပ္တရံပဲ ပါတာဆိုေတာ့ ဘယ္သူမွ မေပးခ်င္ၾကဘူး။

ေကာင္မေလးက မေက်နပ္ျဖစ္သြားတယ္။ သူက မိန္းကေလးသဘာဝ နဲနဲေလာက္ ခြၽဲလိုက္ရင္ သူမ်ားရဲ႕ အကူအညီ ရေနက်ေလ။ဒါေပမဲ့ ဒီတခါေတာ့ မရေတာ့ဘူး။ အဲဒါနဲ႔ သူမက ဒီလူေတြ အားလုံး မေကာင္းဘူး၊ ကူညီခ်င္စိတ္ မရွိၾကဘူးလို႔ တြက္လိုက္တယ္။

ေနာက္ေတာ့ ေကာင္ေလးတေယာက္က သူ႔ဖိနပ္ကို ေပးလိုက္တယ္။ သူကေတာ့ ဖိနပ္ဗလာနဲ႔ အၾကာႀကီး ေရခ်ိဳးေက်ာက္ ပူပူထဲ ေျပးလိုက္ရတယ္။ သံပူနဲ႔ ကပ္ေနသလိုပါပဲ။ ေကာင္မေလးက ေက်းဇူးတင္ေၾကာင္း ေျပာလိုက္တယ္။

ေကာင္ေလးက "ဘယ္သူမွ မင္းကို ကူညီဖို႔ တာဝန္ မရွိပါဘူး။ မင္းကို ကူညီတာ ခင္မင္မႈတခုေၾကာင့္ပဲ။ မကူညီျဖစ္ရင္ ေဒါသ မႀကီးပါနဲ႔။ ဒါ သမ႐ိုးက်ပါ" လို႔ ေျပာတယ္။ အဲဒီလိုေျပာေတာ့ ေကာင္မေလးရဲ႕ စိတ္ထဲမွာ ေအာင့္သက္သက္ ျဖစ္သြားခဲ့တယ္။ အဲဒီခ်ိန္ကစၿပီး ေကာင္မေလးဟာ သူ႔ကို ကူညီဖူးသူေတြကို အၿမဲ မွတ္သားထားေလ့ ရွိၿပီး ျပန္လည္ ေက်းဇူးဆပ္ေလ့ ရွိသတဲ့။

က်မတို႔ဟာ အၿမဲတမ္း သူမ်ားက ကိုယ့္အေပၚ ေကာင္းဖို႔ပဲ ေမ်ာ္လင့္ၾကတယ္။ အစပိုင္းေတာ့ ေက်းဇူးတင္ မဆုံးဘူးေပါ့။ ၾကာလာေတာ့ သူမ်ားက ကိုယ့္အေပၚ ေကာင္းတာကို အက်င့္ျဖစ္လာတယ္။ ဒါက ျဖစ္သင့္တဲ့အရာလို႔ ထင္လာတယ္။ တေန႔မွာ ကိုယ့္အေပၚ မေကာင္းခဲ့ရင္ အျပစ္တင္ ရႈံ႕ခ် မိေတာ့တယ္။ တကယ္တမ္းက်ေတာ့ သူမ်ားက မေကာင္းေတာ့တာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ စိတ္ေတြက ေျပာင္းကုန္တာပါ။ crd

Post a Comment

0 Comments