တခါတုန်းက ကလေးလေးတယောက်ဟာ အဖေလုပ်သူကို မေးခွန်းလေးတခု မေးတယ်။ "လောကမှာ လူဘယ်နှစ်မျိုး ရှိသလဲ" တဲ့။ အမြဲတမ်း ကြံကြံဖန်ဖန် မေးတတ်တဲ့ ကလေးလေးကို ကြည့်ရင်း အဖေ လုပ်သူက ပြုံးပြတယ်။
မေးခွန်းတွေဟာ ကလေးလေးရဲ့ ဉာဏ်ရည် ဉာဏ်သွေးနဲ့ လက်ရှိ စိတ်အခြေအနေကို ထင်ဟပ်စေတယ်ဆိုတာ နားလည်တဲ့ အဖေလုပ်သူက ရှင်းပြဖို့ ကလေးလေးကို ခေါ်လိုက်တယ်။
အဖေလုပ်သူဟာ ကလေးလေးနားလည်လွယ်တဲ့ စကားလုံး အဖြေတွေ စုပုံထားတဲ့ အဘိဓာန်စာအုပ်ကြီးလို့ ကလေးလေးကလည်း ယုံကြည်တယ်လေ။
ထုံးစံအတိုင်း အဖေလုပ်သူက ကလေးလေးကို သူ့ရဲ့ ဧည့်ခန်းထဲကို ခေါ်လာခဲ့တယ်။ ပြီးတော့ တနေရာကို လက်ညှိုးထိုးပြီး ဘာမြင်ရသလဲတဲ့။ မြင်ရတဲ့ ပုံရိပ်က ကလေးလေးကိုယ်တိုင် ဖြစ်နေတယ်။ ဒါဟာ မှန်တချပ်ပေါ့။
မှန်ထဲက ကလေးလေးပုံရိပ်ကို ကလေးလေးဟာ ပြန်မြင်နေရတယ်။ သူ့ကိုယ်သူ ပြန်မြင်ရတယ်လို့ အဖြေပြန်ပေးလိုက်တယ်။ ကလေးလေးရဲ့ အဖြေကို သဘောကျသွားတဲ့ အဖေလုပ်သူက နောက်ထပ် တနေရာကို လက်ညိုးညွှန်ပြပြန်တယ်။
ဒီတခါကော ဘာထပ်တွေ့ရသလဲတဲ့။ ဖခင်အပေါ် ယုံကြည်မှုအပြည့် ရှိတဲ့ ကလေးလေးဟာ ဒီတခါလည်း မေးခွန်းတွေ မမေးတော့ဘဲ သူ ညွှန်ပြရာကို ကြည့်လိုက်တယ်။ ဒါ ပန်းချီကားတချပ်။ ပန်းချီကားထဲက လူကြီးက သူ့ကို ပြုံးပြီး ကြည့်နေတယ်။
အဲဒါနဲ့ အဖေက ကလေးလေးကို ရှင်းပြတယ်။ "သား လောကမှာ လူနှစ်မျိုးပဲ ရှိတယ်။ မှန်လိုလူနဲ့ ပန်းချီကားလိုလူ။ တချို့က အပြင်ကလူ ပြုံးပြရင် ပြန်ပြုံးပြမယ်၊ မဲ့ပြရင် ပြန်မဲ့ပြမယ်၊ ဒေါသထွက်ရင် ပြန်ထွက်ပြမယ်ဆိုတဲ့ မှန်လိုလူတွေ။ သူတို့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါတဲ့။
သူတို့စိတ်ဟာ ပုံမှန်မရှိဘူး။ တနည်းပြောရရင် သူတို့ရဲ့ စိတ်ခံစားမှုဟာ အပြင်က လူရဲ့အပေါ်မှာ များစွာ မူတည်နေတယ်။ အပြင်ကလူ ပြုလုပ်တဲ့အတိုင်းသာ သူတို့ ပြုမူကြတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တိကျပြတ်သားတဲ့ စိတ်ဓာတ် မရှိကြတဲ့သူတွေပေါ့။
နောက်တမျိုးကတော့ ပန်းချီကားလိုလူ။ ပန်းချီကားထဲက လူဟာ အပြင်ကလူ ဘာပဲလုပ်ပြပြ သူ့နဂိုရ်ပုံစံအတိုင်းပဲ။ သူ့မှာ တိကျသေချာတဲ့ ပုံသဏ္ဍာန်ရှိတယ်။ အပြင်ကလူ ပြုံးပြလည်း သူ ပြန်မပြုံးပြဘူး။ အပြင်ကလူ ဒေါသထွက်နေလည်း သူ ပြန်မထွက်ပြဘူး။
ဒီ ပန်းချီကားလို လူမျိုးဟာ သူတို့စိတ်နဲ့ သူတို့ အသက်ရှင်ကြတယ်။ သူတို့မှာ ဘဝအတွက် တိကျတဲ့ စည်းကမ်းချက်တွေ ရှိသလို အဲဒီစည်းကမ်းတွေနဲ့အတူ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်တယ်။ တနည်းပြောရရင် အပြင်ကလူကြောင့် သူတို့ဟာ ပြောင်းလဲမသွားကြဘူး။
ပြောရရင်တော့ လူနှစ်မျိုးပဲ ရှိတယ်။ ကိုယ့်စိတ်နဲ့ အသက်ရှင်တဲ့လူနဲ့ သူများစိတ်နဲ့ အသက်ရှင်တဲ့လူ" တဲ့။ phoomyatchal
မွန္လိုလူႏွင့္ ပန္းခ်ီကားလိုလူ
တခါတုန္းက ကေလးေလးတေယာက္ဟာ အေဖလုပ္သူကို ေမးခြန္းေလးတခု ေမးတယ္။ "ေလာကမွာ လူဘယ္ႏွစ္မ်ိဳး ရွိသလဲ" တဲ့။ အၿမဲတမ္း ႀကံႀကံဖန္ဖန္ ေမးတတ္တဲ့ ကေလးေလးကို ၾကည့္ရင္း အေဖ လုပ္သူက ၿပဳံးျပတယ္။
ေမးခြန္းေတြဟာ ကေလးေလးရဲ႕ ဉာဏ္ရည္ ဉာဏ္ေသြးနဲ႔ လက္ရွိ စိတ္အေျခအေနကို ထင္ဟပ္ေစတယ္ဆိုတာ နားလည္တဲ့ အေဖလုပ္သူက ရွင္းျပဖို႔ ကေလးေလးကို ေခၚလိုက္တယ္။
အေဖလုပ္သူဟာ ကေလးေလးနားလည္လြယ္တဲ့ စကားလုံး အေျဖေတြ စုပုံထားတဲ့ အဘိဓာန္စာအုပ္ႀကီးလို႔ ကေလးေလးကလည္း ယုံၾကည္တယ္ေလ။
ထုံးစံအတိုင္း အေဖလုပ္သူက ကေလးေလးကို သူ႔ရဲ႕ ဧည့္ခန္းထဲကို ေခၚလာခဲ့တယ္။ ၿပီးေတာ့ တေနရာကို လက္ညႇိဳးထိုးၿပီး ဘာျမင္ရသလဲတဲ့။ ျမင္ရတဲ့ ပုံရိပ္က ကေလးေလးကိုယ္တိုင္ ျဖစ္ေနတယ္။ ဒါဟာ မွန္တခ်ပ္ေပါ့။
မွန္ထဲက ကေလးေလးပုံရိပ္ကို ကေလးေလးဟာ ျပန္ျမင္ေနရတယ္။ သူ႔ကိုယ္သူ ျပန္ျမင္ရတယ္လို႔ အေျဖျပန္ေပးလိုက္တယ္။ ကေလးေလးရဲ႕ အေျဖကို သေဘာက်သြားတဲ့ အေဖလုပ္သူက ေနာက္ထပ္ တေနရာကို လက္ညိဳးၫႊန္ျပျပန္တယ္။
ဒီတခါေကာ ဘာထပ္ေတြ႕ရသလဲတဲ့။ ဖခင္အေပၚ ယုံၾကည္မႈအျပည့္ ရွိတဲ့ ကေလးေလးဟာ ဒီတခါလည္း ေမးခြန္းေတြ မေမးေတာ့ဘဲ သူ ၫႊန္ျပရာကို ၾကည့္လိုက္တယ္။ ဒါ ပန္းခ်ီကားတခ်ပ္။ ပန္းခ်ီကားထဲက လူႀကီးက သူ႔ကို ၿပဳံးၿပီး ၾကည့္ေနတယ္။
အဲဒါနဲ႔ အေဖက ကေလးေလးကို ရွင္းျပတယ္။ "သား ေလာကမွာ လူႏွစ္မ်ိဳးပဲ ရွိတယ္။ မွန္လိုလူနဲ႔ ပန္းခ်ီကားလိုလူ။ တခ်ိဳ႕က အျပင္ကလူ ၿပဳံးျပရင္ ျပန္ၿပဳံးျပမယ္၊ မဲ့ျပရင္ ျပန္မဲ့ျပမယ္၊ ေဒါသထြက္ရင္ ျပန္ထြက္ျပမယ္ဆိုတဲ့ မွန္လိုလူေတြ။ သူတို႔ လက္ကိုင္ထားတဲ့ ေဆာင္ပုဒ္က သင္ေကာင္းလွ်င္ ကြၽႏ္ုပ္ မဆိုးပါတဲ့။
သူတို႔စိတ္ဟာ ပုံမွန္မရွိဘူး။ တနည္းေျပာရရင္ သူတို႔ရဲ႕ စိတ္ခံစားမႈဟာ အျပင္က လူရဲ႕အေပၚမွာ မ်ားစြာ မူတည္ေနတယ္။ အျပင္ကလူ ျပဳလုပ္တဲ့အတိုင္းသာ သူတို႔ ျပဳမူၾကတယ္။ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ တိက်ျပတ္သားတဲ့ စိတ္ဓာတ္ မရွိၾကတဲ့သူေတြေပါ့။
ေနာက္တမ်ိဳးကေတာ့ ပန္းခ်ီကားလိုလူ။ ပန္းခ်ီကားထဲက လူဟာ အျပင္ကလူ ဘာပဲလုပ္ျပျပ သူ႔နဂိုရ္ပုံစံအတိုင္းပဲ။ သူ႔မွာ တိက်ေသခ်ာတဲ့ ပုံသ႑ာန္ရွိတယ္။ အျပင္ကလူ ၿပဳံးျပလည္း သူ ျပန္မၿပဳံးျပဘူး။ အျပင္ကလူ ေဒါသထြက္ေနလည္း သူ ျပန္မထြက္ျပဘူး။
ဒီ ပန္းခ်ီကားလို လူမ်ိဳးဟာ သူတို႔စိတ္နဲ႔ သူတို႔ အသက္ရွင္ၾကတယ္။ သူတို႔မွာ ဘဝအတြက္ တိက်တဲ့ စည္းကမ္းခ်က္ေတြ ရွိသလို အဲဒီစည္းကမ္းေတြနဲ႔အတူ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ေနထိုင္ႏိုင္တယ္။ တနည္းေျပာရရင္ အျပင္ကလူေၾကာင့္ သူတို႔ဟာ ေျပာင္းလဲမသြားၾကဘူး။
ေျပာရရင္ေတာ့ လူႏွစ္မ်ိဳးပဲ ရွိတယ္။ ကိုယ့္စိတ္နဲ႔ အသက္ရွင္တဲ့လူနဲ႔ သူမ်ားစိတ္နဲ႔ အသက္ရွင္တဲ့လူ" တဲ့။ phoomyatchal
0 Comments