အဓိကကျသော အရာ

တခါတုန်းက မျိုးရိုးစဉ်ဆက် ပညာဉာဏ်၊ ငွေကြေးစည်းစိမ် ဥစ္စာ၊ ရာထူးဂုဏ်ပကာ အလွန်တရာ ကြီးမား ပြည့်စုံပြီး ဘုရင်ကြီး အပါအဝင် တိုင်းသူပြည်သား အားလုံးက အယုံကြည် ရဆုံး၊ အား အထားရဆုံး၊ အကြည်ညိုရဆုံး၊ အလေးထားရဆုံး ပညာရှိ အမတ်ကြီးတပါး ရှိသတဲ့။

တနေ့ အဲဒီ အမတ်ကြီးက "ငါ့ကို လူတွေက ဒီလိုမျိုး ကြည်ညို လေးစား၊ ယုံကြည် အားထား ကြတာ အဓိက က ဘာကြောင့်လဲ" လို့ စဉ်းစားမိတယ်။ ပညာဉာဏ်ကြောင့်လား၊ ငွေကြေး စည်းစိမ် ဥစ္စာကြောင့်လား၊ ရာထူးဂုဏ် ပကာသန ကြောင့် လား၊ စိတ်ဓါတ်၊ စာရိတ္တ၊ သီလ၊ သမာဓိ ကြောင့်လား စသဖြင့်ပေါ့။ စဉ်းစားရင်း အရမ်း သိချင်ခဲ့တယ်။

အဲဒါနဲ့ အမတ်ကြီးလည်း တိုင်းပြည်ရဲ့ လုပ်ငန်းတာဝန်တွေ လှည့်လည် စစ်ဆေးနေရင်းနဲ့ ရွှေပန်းထိမ် လုပ်တဲ့ နေရာကို ရောက်တော့ စမ်းသပ် အဖြေရှာချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာ ပါတော့တယ်။

တချိန်တည်းမှာပဲ အမတ်ကြီးက ဘာမပြော ညာမပြောနဲ့ ရွှေပန်းထိမ်လုပ်နေတဲ့ ပန်းထိမ်ဆရာကြီး ရှေ့က ရွှေတကျပ်သားတုံးကို ကောက်ယူပြီး အိတ်ထဲ ထည့်ကာ ခပ်တည်တည်နဲ့ ထွက်သွားပါလေရော။

ပန်းထိမ်ဆရာကြီးက အံ့သြကာ မောကြည့်ပြီး ပြုံးနေတယ်။ ပန်းထိမ်ဆရာကြီး အတွေးထဲမှာ အမတ်ကြီးက အကြောင်းတခုခု ရှိလို့နေမှာ၊ အမတ်ကြီးရဲ့ သိက္ခာဂုဏ်အရ ဘုရင်ကြီးတောင် ယုံကြည်တာ ဆိုပြီး ဘာမှ မပြောပဲ နေလိုက်တယ်။

ဒီလိုနဲ့ ဒုတိယနေ့ မှာလည်း ရှေ့က နည်းအတိုင်း ရွှေတကျပ်သားတုံးကို ဘာမှမပြောပဲ ကောက်ယူပြန်တယ်။ ပန်းထိမ်ဆရာကြီးလည်း ဘာမှ မပြောပြန်ဘူး။

တတိယနေ့လည်း ရောက်ရော အမတ်ကြီး ရှေ့ကအတိုင်း ရွှေတကျပ်တုံးကို ကောက်ယူချိန်မှာ ပန်းထိမ်ဆရာကြီးက ချက်ချင်း ဆိုသလို ဒါတော့ သဘောရိုး မဟုတ်တော့ဘူး။ ဒါသက်သက် ခိုးယူတာပဲ ဆိုပြီး ဘုရင်ကြီးထံ ဖြစ်ကြောင်းကုန်စင် လျှောက်လဲပြီး သက်သေနှင့်တကွ အမတ်ကြီးကို မင်းကြီးထံ အပ်နှံလိုက်ပါတယ်။

ဘုရင်ကြီးကလည်း တော်တော် အံ့သြပြီး မယုံနိုင်တဲ့ အတွက် စစ်ဆေးပါတယ်။ စစ်တဲ့ အချိန်မှာ အမတ်ကြီးကလည်း သူ့ရဲ့ လုပ်ရပ်တွေကို ဝန်ခံခဲ့ပါတယ်။ အဖြစ်မှန်လည်း သိရော ဘုရင်ကြီးက အမတ်ကြီးရဲ့ ဘွဲ့တွေ ရာထူးတွေ ဂုဏ်တွေကို အကုန် ပယ်ဖျက်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ် မပေးခင် အမတ်ကြီးအား ဘာကြောင့် ယခုလို ပြုမူရတဲ့ အကြောင်းရင်းကို မေးမြန်းလိုက်ပါတယ်။

ပညာရှိအမတ်ကြီးက "အရှင်မင်းမြတ် ကျွန်တော်မျိုး ယခုလို ပြုလုပ်ရခြင်းက ကျွန်တော်မျိုးကို ဘုရင်ကြီးရော တိုင်းသူပြည်သားတွေပါ ဒီ လိုမျိုး ကြည်ညို လေးစား၊ ယုံကြည် အားထားကြတာဟာ ပညာဉာဏ် ကြောင့်လား၊ ငွေကြေး စည်းစိမ် ဥစ္စာကြောင့်လား၊ ရာထူး ဂုဏ်ပကာသန ကြောင့်လား၊ စိတ်ဓါတ် စာရိတ္တ သီလ သမာဓိ ကြောင့်လား ဆိုတာ သိချင်လို့ စမ်းသပ်ရခြင်း ဖြစ်ပါတယ် အရှင်မင်းကြီးဘုရား"

ဘုရင်မင်းကြီးလည်း အမတ်ကြီးရဲ့ အံ့ဖွယ် စမ်းသပ်မှုကို သိရတဲ့ အတွက် အမတ်ကြီးကို နဂိုရာထူး ဂုဏ်ဘွဲ့တွေ အပြင် ဆုလာဒ်တော် တွေကို ထပ်မံ ချီးမြှောက်လိုက်ပြီး ထပ်မေးပါတယ်။ "အဲ့ဒါဆို အမတ်ကြီး စပ်သပ်မှုကရော အဖြေရပြီလား"

အမတ်ကြီးက "အရှင်မင်းကြီး ကျွန်တော်မျိုး ဘာမှမလိုချင် တော့ပါ။ ကျွန်တော်မျိုး သိချင်တဲ့ အဖြေကို ရရှိ ပြီးပါပြီ။

လောကမှာ ကျွန်တော်မျိုးကို ဘုရင်ကြီး အပါအဝင် လူတွေ ကြည်ညို လေးစား၊ ယုံကြည် အားထားကြတာဟာ အဓိကက စိတ်ဓါတ် စာရိတ္တ သီလ သမာဓိကြောင့် ဆိုတာ သိပြီးသွားလို့ ကျွန်တော်မျိုး တောထွက်ပြီး တရားထူး တရားမြတ် ကိုပဲ ကျင့်ကြံ ပါရစေ" လို့ ခွင့်တောင်းလိုက် ပါတော့တယ်။

လူတဦးမှာ စိတ်ဓါတ် စာရိတ္တမှ မချမ်းသာလျှင် တန်ဖိုးထားစရာ ဗလာနတ္ထိ တည်း။ PhweM

for zawgyi

အဓိကက်ေသာ အရာ

တခါတုန္းက မ်ိဳး႐ိုးစဥ္ဆက္ ပညာဉာဏ္၊ ေငြေၾကးစည္းစိမ္ ဥစၥာ၊ ရာထူးဂုဏ္ပကာ အလြန္တရာ ႀကီးမား ျပည့္စုံၿပီး ဘုရင္ႀကီး အပါအဝင္ တိုင္းသူျပည္သား အားလုံးက အယုံၾကည္ ရဆုံး၊ အား အထားရဆုံး၊ အၾကည္ညိဳရဆုံး၊ အေလးထားရဆုံး ပညာရွိ အမတ္ႀကီးတပါး ရွိသတဲ့။

တေန႔ အဲဒီ အမတ္ႀကီးက "ငါ့ကို လူေတြက ဒီလိုမ်ိဳး ၾကည္ညိဳ ေလးစား၊ ယုံၾကည္ အားထား ၾကတာ အဓိက က ဘာေၾကာင့္လဲ" လို႔ စဥ္းစားမိတယ္။ ပညာဉာဏ္ေၾကာင့္လား၊ ေငြေၾကး စည္းစိမ္ ဥစၥာေၾကာင့္လား၊ ရာထူးဂုဏ္ ပကာသန ေၾကာင့္ လား၊ စိတ္ဓါတ္၊ စာရိတၱ၊ သီလ၊ သမာဓိ ေၾကာင့္လား စသျဖင့္ေပါ့။ စဥ္းစားရင္း အရမ္း သိခ်င္ခဲ့တယ္။

အဲဒါနဲ႔ အမတ္ႀကီးလည္း တိုင္းျပည္ရဲ႕ လုပ္ငန္းတာဝန္ေတြ လွည့္လည္ စစ္ေဆးေနရင္းနဲ႔ ေ႐ႊပန္းထိမ္ လုပ္တဲ့ ေနရာကို ေရာက္ေတာ့ စမ္းသပ္ အေျဖရွာခ်င္တဲ့ စိတ္ေတြ တဖြားဖြား ေပၚလာ ပါေတာ့တယ္။ တခ်ိန္တည္းမွာပဲ အမတ္ႀကီးက ဘာမေျပာ ညာမေျပာနဲ႔ ေ႐ႊပန္းထိမ္လုပ္ေနတဲ့ ပန္းထိမ္ဆရာႀကီး ေရွ႕က ေ႐ႊတက်ပ္သားတုံးကို ေကာက္ယူၿပီး အိတ္ထဲ ထည့္ကာ ခပ္တည္တည္နဲ႔ ထြက္သြားပါေလေရာ။

ပန္းထိမ္ဆရာႀကီးက အံ့ၾသကာ ေမာၾကည့္ၿပီး ၿပဳံးေနတယ္။ ပန္းထိမ္ဆရာႀကီး အေတြးထဲမွာ အမတ္ႀကီးက အေၾကာင္းတခုခု ရွိလို႔ေနမွာ၊ အမတ္ႀကီးရဲ႕ သိကၡာဂုဏ္အရ ဘုရင္ႀကီးေတာင္ ယုံၾကည္တာ ဆိုၿပီး ဘာမွ မေျပာပဲ ေနလိုက္တယ္။ ဒီလိုနဲ႔ ဒုတိယေန႔ မွာလည္း ေရွ႕က နည္းအတိုင္း ေ႐ႊတက်ပ္သားတုံးကို ဘာမွမေျပာပဲ ေကာက္ယူျပန္တယ္။ ပန္းထိမ္ဆရာႀကီးလည္း ဘာမွ မေျပာျပန္ဘူး။

တတိယေန႔လည္း ေရာက္ေရာ အမတ္ႀကီး ေရွ႕ကအတိုင္း ေ႐ႊတက်ပ္တုံးကို ေကာက္ယူခ်ိန္မွာ ပန္းထိမ္ဆရာႀကီးက ခ်က္ခ်င္း ဆိုသလို ဒါေတာ့ သေဘာ႐ိုး မဟုတ္ေတာ့ဘူး။ ဒါသက္သက္ ခိုးယူတာပဲ ဆိုၿပီး ဘုရင္ႀကီးထံ ျဖစ္ေၾကာင္းကုန္စင္ ေလွ်ာက္လဲၿပီး သက္ေသႏွင့္တကြ အမတ္ႀကီးကို မင္းႀကီးထံ အပ္ႏွံလိုက္ပါတယ္။

ဘုရင္ႀကီးကလည္း ေတာ္ေတာ္ အံ့ၾသၿပီး မယုံႏိုင္တဲ့ အတြက္ စစ္ေဆးပါတယ္။ စစ္တဲ့ အခ်ိန္မွာ အမတ္ႀကီးကလည္း သူ႔ရဲ႕ လုပ္ရပ္ေတြကို ဝန္ခံခဲ့ပါတယ္။ အျဖစ္မွန္လည္း သိေရာ ဘုရင္ႀကီးက အမတ္ႀကီးရဲ႕ ဘြဲ႕ေတြ ရာထူးေတြ ဂုဏ္ေတြကို အကုန္ ပယ္ဖ်က္ၿပီး ထိုက္သင့္တဲ့ ျပစ္ဒဏ္ မေပးခင္ အမတ္ႀကီးအား ဘာေၾကာင့္ ယခုလို ျပဳမူရတဲ့ အေၾကာင္းရင္းကို ေမးျမန္းလိုက္ပါတယ္။

ပညာရွိအမတ္ႀကီးက "အရွင္မင္းျမတ္ ကြၽန္ေတာ္မ်ိဳး ယခုလို ျပဳလုပ္ရျခင္းက ကြၽန္ေတာ္မ်ိဳးကို ဘုရင္ႀကီးေရာ တိုင္းသူျပည္သားေတြပါ ဒီ လိုမ်ိဳး ၾကည္ညိဳ ေလးစား၊ ယုံၾကည္ အားထားၾကတာဟာ ပညာဉာဏ္ ေၾကာင့္လား၊ ေငြေၾကး စည္းစိမ္ ဥစၥာေၾကာင့္လား၊ ရာထူး ဂုဏ္ပကာသန ေၾကာင့္လား၊ စိတ္ဓါတ္ စာရိတၱ သီလ သမာဓိ ေၾကာင့္လား ဆိုတာ သိခ်င္လို႔ စမ္းသပ္ရျခင္း ျဖစ္ပါတယ္ အရွင္မင္းႀကီးဘုရား"

ဘုရင္မင္းႀကီးလည္း အမတ္ႀကီးရဲ႕ အံ့ဖြယ္ စမ္းသပ္မႈကို သိရတဲ့ အတြက္ အမတ္ႀကီးကို နဂိုရာထူး ဂုဏ္ဘြဲ႕ေတြ အျပင္ ဆုလာဒ္ေတာ္ ေတြကို ထပ္မံ ခ်ီးေျမႇာက္လိုက္ၿပီး ထပ္ေမးပါတယ္။ "အဲ့ဒါဆို အမတ္ႀကီး စပ္သပ္မႈကေရာ အေျဖရၿပီလား"

အမတ္ႀကီးက "အရွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳး ဘာမွမလိုခ်င္ ေတာ့ပါ။ ကြၽန္ေတာ္မ်ိဳး သိခ်င္တဲ့ အေျဖကို ရရွိ ၿပီးပါၿပီ။ ေလာကမွာ ကြၽန္ေတာ္မ်ိဳးကို ဘုရင္ႀကီး အပါအဝင္ လူေတြ ၾကည္ညိဳ ေလးစား၊ ယုံၾကည္ အားထားၾကတာဟာ အဓိကက စိတ္ဓါတ္ စာရိတၱ သီလ သမာဓိေၾကာင့္ ဆိုတာ သိၿပီးသြားလို႔ ကြၽန္ေတာ္မ်ိဳး ေတာထြက္ၿပီး တရားထူး တရားျမတ္ ကိုပဲ က်င့္ႀကံ ပါရေစ" လို႔ ခြင့္ေတာင္းလိုက္ ပါေတာ့တယ္။

လူတဦးမွာ စိတ္ဓါတ္ စာရိတၱမွ မခ်မ္းသာလွ်င္ တန္ဖိုးထားစရာ ဗလာနတၳိ တည္း။ PhweM

Post a Comment

0 Comments