တခါတုန်းက ရွာတရွာမှာ သားအဖနှစ်ယောက် ရှိတယ်။ တနေ့မှာ သမီးဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ သူမ ဘာဘဲလုပ်လုပ် တခုမှ အဆင်မပြေတဲ့အကြောင်း အားပျက်မိတဲ့အကြောင်း ပြောတယ်။ သမီးက အဲဒီလို ပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကို ဆွဲပြီး မီးဖို ချောင်ကို ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။
မကြာပါဘူး မီးအား အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။ ရေနွေးတွေလည်း ဆူရော ဖခင်ဖြစ်သူက ပထမအိုးထဲကို မုန်လာဥတွေထည့်၊ ဒုတိယအိုးထဲကို ကြက်ဥတွေထည့်၊ တတိယအိုးထဲကို လက်ဖက်ခြောက်တွေ အသီးသီး ထည့်လိုက်တယ်။ထည့်ပြီးတော့ အိုးတွေကို မီးဖိုပေါ်မှာဘဲ ဆက်ထားလိုက်တယ်။
သမီးဖြစ်တဲ့သူကတော့ အဖေ ဘာတွေများ လုပ်နေပါလိမ့်လို့ မမေးဘဲ ဒီတိုင်းကြည့်နေသတဲ့။ ရေလည်းဆူလာရော ပထမ ပန်းကန်ထဲကို မုန်လာဥနီတွေ ထည့်လိုက်သတဲ့။ ဒုတိယ ပန်းကန်ထဲကိုတော့ ကြက်ဥတွေ ထည့်လိုက်သတဲ့။ တတိယ ပန်းကန်ထဲကိုတော့ လက်ဖက်ခြောက် ခတ်လိုက်တယ်တဲ့။
ခဏလောက်လည်း ကြာရော သုံးခုလုံးကို အအေးခံပြီး အေးသွားတဲ့အခါကျတော့ သမီးဖြစ်သူကို ဇွန်းယူခိုင်းပြီး တခုချင်းစီကိုစားခိုင်းသတဲ့။ သမီး ဖြစ်တဲ့သူက ပထမ မုန်လာဥနီကို ဇွန်းနဲ့ ထိုးကြည့်သတဲ့။ မုန်လာဥနီက ပျော့နေတဲ့အတွက် သိပ်အားစိုက်စရာ မလိုပဲနဲ့ ဇွန်းနဲ့ထိုးပြီး တဖဲ့လောက် စားကြည့်တယ်တဲ့။
ဒုတိယဖြစ်တဲ့ ကြက်ဥကိုတော့ ခွာစားလိုက်သတဲ့။ တတိယဖြစ်တဲ့ လက်ဖက်ခြောက် ခတ်ထားတဲ့ ရေနွေးကို တခွက်ယူသောက်သတဲ့။ စိတ်ထဲမှာတော့ ဘာမှန်း သေသေချာချာ မသိဘူးတဲ့။ ပြီးတော့မှ သူ့အဖေက ပြောသတဲ့။
"သမီး လောကမှာရှိတဲ့ သူတိုင်းကတော့ ရေနွေးပူဆိုတဲ့ လောကဓံကို အတူတူ ရင်ဆိုင်ရတာပဲ။ သမီးတုန့်ပြန်တဲ့ အပေါ် မူတည်တယ်။ တချို့က မုန်လာဥနီလိုပဲ မာမာတောင်တောင်တွေ ရေနွေးဆိုတဲ့ လောကဓံနဲ့ လည်းတွေ့ရော ပျော့ဖတ်သွားကြတာပဲ။
တချို့ကတော့ ကြက်ဥလိုပဲ အထိမခံနိုင်ဘူး။ အဲ ရေနွေးလို လောကဓံနဲ့လည်း တွေ့ရော နှလုံးသား ပျော့ပေမယ့် အပြင်ပန်းကတော့ မာသွားတယ်။
တတိယဖြစ်တဲ့ လက်ဖက်ခြောက်လို လူမျိုးကတော့ ရေနွေး ဘယ်လောက်ပူပူ လောကဓံ ဘယ်လောက်ဆိုးဆိုး လာတဲ့ လောကဓံကို သူ့လို ဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်တာ။ ရေနွေးပူလေ သူက အရသာ ပိုရှိလေပဲ၊ လောကဓံဆိုးလေ အောင်မြင်လေပဲ။
ဒီတော့ သမီး လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါ နဂိုက မာနေပြီးတော့ လောကဓံနဲ့ တွေ့တော့မှ ပျော့သွားတဲ့ မုန်လာဥလို ရင်ဆိုင်မလား။ နဂိုက ခပ်ပျော့ပျော့ လောကဓံနဲ့ တွေ့မှ အတွင်းပျော့ အပြင်မာသွားမယ့် ကြက်ဥလို ရင်ဆိုင်မလား။
လက်ဘက်ခြောက်လို လာသမျှ လောကဓံကို အကောင်းဆုံးဖြစ်အောင် ပြောင်းလဲပစ်မလား ဆိုတာက သမီးအပေါ် မူတည်တယ်" လို့ ပြောလိုက်ပါသတဲ့။
ကျွန်တော်တို့တွေ ဘယ်နှစ်ကြိမ်လောက် လောကဓံကို မုန်လာဥလို အရှုံးပေးပြီးပြီးလဲ၊ ဘယ်နှစ်ကြိမ်လောက် ကြက်ဥလို ရင်ဆိုင်ပြီးပြီးလဲ၊ လက်ဖက်ခြောက်လိုရော ဘယ်နှစ်ကြိမ်လောက် ဖြတ်သန်းပြီးပြီးလဲ လို့ စဉ်းစားကြည့်ရအောင်ဗျာ။ ရှေ့ဆက်မယ့် မနက်ဖြန်တွေမှာ လက်ဖက်ခြောက်လို ဖြတ်သန်းကြည့်ရအောင်လားဗျာ။ Wonyan Kha
for zawgyi
ေလာကဓံကို ဘယ္လိုရင္ဆိုင္မွာလဲ
တခါတုန္းက ႐ြာတ႐ြာမွာ သားအဖႏွစ္ေယာက္ ရွိတယ္။ တေန႔မွာ သမီးျဖစ္သူက ဖခင္ႀကီးကို တိုင္တယ္မိတယ္။ သူမ ဘာဘဲလုပ္လုပ္ တခုမွ အဆင္မေျပတဲ့အေၾကာင္း အားပ်က္မိတဲ့အေၾကာင္း ေျပာတယ္။ သမီးက အဲဒီလို ေျပာလိုက္ေတာ့ ဖခင္ႀကီးက သမီးလက္ကို ဆြဲၿပီး မီးဖို ေခ်ာင္ကို ေခၚသြားလိုက္တယ္။ ၿပီးေတာ့ ဘာမွမေျပာဘဲ အိုးသုံးအိုးထဲကို ေရေတြျဖည့္ၿပီး မီးျပင္းျပင္းနဲ႔ ဖိုသုံးဖိုေပၚမွာ တင္လိုက္တယ္။
မၾကာပါဘူး မီးအား အရမ္းျပင္းတာေၾကာင့္ အိုးထဲကေရေတြ ပြက္ပြက္ဆူလာပါတယ္။ ေရေႏြးေတြလည္း ဆူေရာ ဖခင္ျဖစ္သူက ပထမအိုးထဲကို မုန္လာဥေတြထည့္၊ ဒုတိယအိုးထဲကို ၾကက္ဥေတြထည့္၊ တတိယအိုးထဲကို လက္ဖက္ေျခာက္ေတြ အသီးသီး ထည့္လိုက္တယ္။ထည့္ၿပီးေတာ့ အိုးေတြကို မီးဖိုေပၚမွာဘဲ ဆက္ထားလိုက္တယ္။
သမီးျဖစ္တဲ့သူကေတာ့ အေဖ ဘာေတြမ်ား လုပ္ေနပါလိမ့္လို႔ မေမးဘဲ ဒီတိုင္းၾကည့္ေနသတဲ့။ ေရလည္းဆူလာေရာ ပထမ ပန္းကန္ထဲကို မုန္လာဥနီေတြ ထည့္လိုက္သတဲ့။ ဒုတိယ ပန္းကန္ထဲကိုေတာ့ ၾကက္ဥေတြ ထည့္လိုက္သတဲ့။ တတိယ ပန္းကန္ထဲကိုေတာ့ လက္ဖက္ေျခာက္ ခတ္လိုက္တယ္တဲ့။
ခဏေလာက္လည္း ၾကာေရာ သုံးခုလုံးကို အေအးခံၿပီး ေအးသြားတဲ့အခါက်ေတာ့ သမီးျဖစ္သူကို ဇြန္းယူခိုင္းၿပီး တခုခ်င္းစီကိုစားခိုင္းသတဲ့။ သမီး ျဖစ္တဲ့သူက ပထမ မုန္လာဥနီကို ဇြန္းနဲ႔ ထိုးၾကည့္သတဲ့။ မုန္လာဥနီက ေပ်ာ့ေနတဲ့အတြက္ သိပ္အားစိုက္စရာ မလိုပဲနဲ႔ ဇြန္းနဲ႔ထိုးၿပီး တဖဲ့ေလာက္ စားၾကည့္တယ္တဲ့။
ဒုတိယျဖစ္တဲ့ ၾကက္ဥကိုေတာ့ ခြာစားလိုက္သတဲ့။ တတိယျဖစ္တဲ့ လက္ဖက္ေျခာက္ ခတ္ထားတဲ့ ေရေႏြးကို တခြက္ယူေသာက္သတဲ့။ စိတ္ထဲမွာေတာ့ ဘာမွန္း ေသေသခ်ာခ်ာ မသိဘူးတဲ့။ ၿပီးေတာ့မွ သူ႔အေဖက ေျပာသတဲ့။
"သမီး ေလာကမွာရွိတဲ့ သူတိုင္းကေတာ့ ေရေႏြးပူဆိုတဲ့ ေလာကဓံကို အတူတူ ရင္ဆိုင္ရတာပဲ။ သမီးတုန႔္ျပန္တဲ့ အေပၚ မူတည္တယ္။ တခ်ိဳ႕က မုန္လာဥနီလိုပဲ မာမာေတာင္ေတာင္ေတြ ေရေႏြးဆိုတဲ့ ေလာကဓံနဲ႔ လည္းေတြ႕ေရာ ေပ်ာ့ဖတ္သြားၾကတာပဲ။
တခ်ိဳ႕ကေတာ့ ၾကက္ဥလိုပဲ အထိမခံႏိုင္ဘူး။ အဲ ေရေႏြးလို ေလာကဓံနဲ႔လည္း ေတြ႕ေရာ ႏွလုံးသား ေပ်ာ့ေပမယ့္ အျပင္ပန္းကေတာ့ မာသြားတယ္။
တတိယျဖစ္တဲ့ လက္ဖက္ေျခာက္လို လူမ်ိဳးကေတာ့ ေရေႏြး ဘယ္ေလာက္ပူပူ ေလာကဓံ ဘယ္ေလာက္ဆိုးဆိုး လာတဲ့ ေလာကဓံကို သူ႔လို ျဖစ္သြားေအာင္ ေျပာင္းလဲပစ္လိုက္တာ။ ေရေႏြးပူေလ သူက အရသာ ပိုရွိေလပဲ၊ ေလာကဓံဆိုးေလ ေအာင္ျမင္ေလပဲ။
ဒီေတာ့ သမီး ေလာကဓံနဲ႔ ရင္ဆိုင္ရတဲ့အခါ နဂိုက မာေနၿပီးေတာ့ ေလာကဓံနဲ႔ ေတြ႕ေတာ့မွ ေပ်ာ့သြားတဲ့ မုန္လာဥလို ရင္ဆိုင္မလား။ နဂိုက ခပ္ေပ်ာ့ေပ်ာ့ ေလာကဓံနဲ႔ ေတြ႕မွ အတြင္းေပ်ာ့ အျပင္မာသြားမယ့္ ၾကက္ဥလို ရင္ဆိုင္မလား။
လက္ဘက္ေျခာက္လို လာသမွ် ေလာကဓံကို အေကာင္းဆုံးျဖစ္ေအာင္ ေျပာင္းလဲပစ္မလား ဆိုတာက သမီးအေပၚ မူတည္တယ္" လို႔ ေျပာလိုက္ပါသတဲ့။
ကြၽန္ေတာ္တို႔ေတြ ဘယ္ႏွစ္ႀကိမ္ေလာက္ ေလာကဓံကို မုန္လာဥလို အရႈံးေပးၿပီးၿပီးလဲ၊ ဘယ္ႏွစ္ႀကိမ္ေလာက္ ၾကက္ဥလို ရင္ဆိုင္ၿပီးၿပီးလဲ၊ လက္ဖက္ေျခာက္လိုေရာ ဘယ္ႏွစ္ႀကိမ္ေလာက္ ျဖတ္သန္းၿပီးၿပီးလဲ လို႔ စဥ္းစားၾကည့္ရေအာင္ဗ်ာ။ ေရွ႕ဆက္မယ့္ မနက္ျဖန္ေတြမွာ လက္ဖက္ေျခာက္လို ျဖတ္သန္းၾကည့္ရေအာင္လားဗ်ာ။ Wonyan Kha
0 Comments