တနေ့မှာ ၆ နှစ် အရွယ် ကောင်မလေးနဲ့ ၄ နှစ်အရွယ်ကောင်လေး မောင်နှမနှစ်ယောက် ကမ်းခြေကနေ ဆော့ပြီး အိမ်ကိုလမ်းလျှောက် ပြန်လာကြတယ်။
ကောင်လေးက ရှေ့ကလျှောက်ရင်း သူ့အမ မပါမှန်း သိလို့ နောက်လှည့်ကြည့်လိုက်တော့ ကောင်မလေးက အရုပ်ဆိုင်ရှေ့မှာ အရုပ်ကလေးတွေကို ငေးနေတယ်။ အဲဒါနဲ့ ကောင်လေးက "အမ အဲဒီအရုပ်ထဲက ဘယ်အရုပ်ကို သဘောကျလို့လဲ" လို့ မေးတယ်။
ကောင်မလေးက သူကြိုက်တဲ့ အရုပ်တရုပ်ကို လက်ညိုးထိုးပြတယ်။ ကောင်လေးက တကယ့်အကိုကြီး အမူအရာနဲ့ကောင်မလေးလက်ကို ဆွဲပြီး "အမကို ဝယ်ပေးမယ်" လို့ ပြောလိုက်တယ်။ ကောင်မလေး အရမ်းပျော်သွားတယ်။
သူတို့ မောင်နှမနှစ်ယောက် ပြောနေတာကို အရုပ်ဆိုင်ပိုင်ရှင်က ကြည့်ပြီး သဘောကျနေတယ်။ အဲဒါနဲ့ ကောင်လေးနဲ့ ကောင်မလေး အရုပ်ဆိုင်ထဲကို ဝင်လာတယ်။ ကောင်လေးက အရုပ်ကို လက်ညိုးထိုးရင်း "အဲဒီအရုပ်ရဲ့ တန်ဖိုးက ဘယ်လောက်လဲ" "မင်းက ဦးကို ဘာပေးနိုင်လို့လဲ"
ကောင်လေးက သူ့အိတ်ထဲမှာ ထည့်ထားတဲ့ ပင်လယ်ကမ်းခြေက ကောက်လာတဲ့ ခရုခွံတွေကို ပြလိုက်ပြီး "ဒါတွေပေးမယ်" လို့ပြောတယ်။ ဆိုင်ရှင်က "ကောင်းပြီ ဒါဆိုရင် မင်းရဲ့ခရုခွံတွေကို ရေကြည့်ရအောင်" လို့ ပြောတယ်။
ပြီးတော့ ဆိုင်ရှင်က ခရုခွံတွေကိုရေတွက်တယ်။ ကောင်လေးက စိုးရိမ်တကြီးနဲ့ "အဲဒါတွေက နည်းနေလို့လားဟင်" လို့ ပြန်မေးလိုက်တယ်။ ဆိုင်ရှင်က "မဟုတ်ဘူး၊ မနည်းပါဘူး။ များတောင် နေပါသေးတယ်" လို့ ဆိုပြီး ခရုခွံ ၄ ခုကိုသာ ယူလိုက်တယ်။
ပြီးနောက် ကျန်တဲ့ ခရုခွံတွေကို ကောင်လေးကို ပြန်ပေးလိုက်တယ်။ ကောင်မလေးလိုချင်တဲ့ အရုပ်ကိုလည်း ပေးလိုက်တယ်။ မောင်နှမနှစ်ယောက် တယောက်လက် တယောက်ဆွဲပြီး ပျော်ရွှင်စွာ အော်ဟစ်ပြီး ထွက်သွားကြတယ်။
အဲဒါကို အစအဆုံး မြင်နေရတဲ့ ဆိုင်ဝန်ထမ်းကောင်လေးက ဆိုင်ရှင်ကို အံသြတကြီးနဲ့ မေးတယ်။ "ဆရာ ဘယ်လိုလုပ်လိုက်တာလဲဗျာ ဒီလောက် တန်ဖိုးကြီးတဲ့ အရုပ်ကို ဒီဘာမှမတန်တဲ့ ခရုခွံ ၄ ခုနဲ့ ဘာလို့ လဲလိုက်တာလဲ"
ဆိုင်ရှင်က "အေး ဟုတ်တယ် မင်းတို့ငါတို့ အတွက်တော့ ဒီခရုခွံဟာ ဘာမှတန်ဖိုးမှ မရှိတဲ့ အရာကွ။ ဒါပေမယ့် ကောင်လေးအတွက်တော့ အဖိုးတန်တဲ့ အရာပဲ။
သူ့အသက် ငယ်ငယ်လေးမှာ ပိုက်ဆံအကြောင်းကို သူနားလည်မှာ မဟုတ်ဘူး။ တနေ့ သူအသက်ကြီးလာတဲ့အခါ ပိုက်ဆံအကြောင်းကို နားလည်လာလိမ့်မယ်။ အရုပ်ကို ခရုခွံနဲ့ မဟုတ်ပဲ ပိုက်ဆံနဲ့ ဝယ်ရမယ့်အကြောင်း သူသဘောပေါက် လာလိမ့်မယ်။
တချိန်က အဖိုးမတန်နဲ့ ခရုခွံတွေနဲ့ အရုပ် ဝယ်ဖူးတဲ့အကြောင်း မှတ်မိနေလိမ့်မယ်။ ငါ့ကိုလည်း မှတ်မိနေလိမ့်မယ်။ အဲဒီအခါမှာ ကမ္ဘာကြီးဟာ ကိုယ်ချင်းစာစိတ် ရှိတဲ့လူတွေလည်း ရှိနေပါလားလို့ သူတွေးမိလိမ့်မယ်။ အကောင်းမြင်စိတ်တွေ ရလာလိမ့်မယ်။ အဲဒါဟာ အရုပ်ကို ခရုနဲ့ လဲလိုက်ရတဲ့ အကြောင်းပါပဲ" လို့ ပြောလိုက်ပါတယ်။ Crd
for zawgyi
ေကာင္ေလးႏွင့္ ခ႐ုခြံေလးမ်ား
တေန႔မွာ ၆ ႏွစ္ အ႐ြယ္ ေကာင္မေလးနဲ႔ ၄ ႏွစ္အ႐ြယ္ေကာင္ေလး ေမာင္ႏွမႏွစ္ေယာက္ ကမ္းေျခကေန ေဆာ့ၿပီး အိမ္ကိုလမ္းေလွ်ာက္ ျပန္လာၾကတယ္။
ေကာင္ေလးက ေရွ႕ကေလွ်ာက္ရင္း သူ႔အမ မပါမွန္း သိလို႔ ေနာက္လွည့္ၾကည့္လိုက္ေတာ့ ေကာင္မေလးက အ႐ုပ္ဆိုင္ေရွ႕မွာ အ႐ုပ္ကေလးေတြကို ေငးေနတယ္။ အဲဒါနဲ႔ ေကာင္ေလးက "အမ အဲဒီအ႐ုပ္ထဲက ဘယ္အ႐ုပ္ကို သေဘာက်လို႔လဲ" လို႔ ေမးတယ္။
ေကာင္မေလးက သူႀကိဳက္တဲ့ အ႐ုပ္တ႐ုပ္ကို လက္ညိဳးထိုးျပတယ္။ ေကာင္ေလးက တကယ့္အကိုႀကီး အမူအရာနဲ႔ေကာင္မေလးလက္ကို ဆြဲၿပီး "အမကို ဝယ္ေပးမယ္" လို႔ ေျပာလိုက္တယ္။ ေကာင္မေလး အရမ္းေပ်ာ္သြားတယ္။
သူတို႔ ေမာင္ႏွမႏွစ္ေယာက္ ေျပာေနတာကို အ႐ုပ္ဆိုင္ပိုင္ရွင္က ၾကည့္ၿပီး သေဘာက်ေနတယ္။ အဲဒါနဲ႔ ေကာင္ေလးနဲ႔ ေကာင္မေလး အ႐ုပ္ဆိုင္ထဲကို ဝင္လာတယ္။ ေကာင္ေလးက အ႐ုပ္ကို လက္ညိဳးထိုးရင္း "အဲဒီအ႐ုပ္ရဲ႕ တန္ဖိုးက ဘယ္ေလာက္လဲ" "မင္းက ဦးကို ဘာေပးႏိုင္လို႔လဲ"
ေကာင္ေလးက သူ႔အိတ္ထဲမွာ ထည့္ထားတဲ့ ပင္လယ္ကမ္းေျခက ေကာက္လာတဲ့ ခ႐ုခြံေတြကို ျပလိုက္ၿပီး "ဒါေတြေပးမယ္" လို႔ေျပာတယ္။ ဆိုင္ရွင္က "ေကာင္းၿပီ ဒါဆိုရင္ မင္းရဲ႕ခ႐ုခြံေတြကို ေရၾကည့္ရေအာင္" လို႔ ေျပာတယ္။
ၿပီးေတာ့ ဆိုင္ရွင္က ခ႐ုခြံေတြကိုေရတြက္တယ္။ ေကာင္ေလးက စိုးရိမ္တႀကီးနဲ႔ "အဲဒါေတြက နည္းေနလို႔လားဟင္" လို႔ ျပန္ေမးလိုက္တယ္။ ဆိုင္ရွင္က "မဟုတ္ဘူး၊ မနည္းပါဘူး။ မ်ားေတာင္ ေနပါေသးတယ္" လို႔ ဆိုၿပီး ခ႐ုခြံ ၄ ခုကိုသာ ယူလိုက္တယ္။
ၿပီးေနာက္ က်န္တဲ့ ခ႐ုခြံေတြကို ေကာင္ေလးကို ျပန္ေပးလိုက္တယ္။ ေကာင္မေလးလိုခ်င္တဲ့ အ႐ုပ္ကိုလည္း ေပးလိုက္တယ္။ ေမာင္ႏွမႏွစ္ေယာက္ တေယာက္လက္ တေယာက္ဆြဲၿပီး ေပ်ာ္႐ႊင္စြာ ေအာ္ဟစ္ၿပီး ထြက္သြားၾကတယ္။
အဲဒါကို အစအဆုံး ျမင္ေနရတဲ့ ဆိုင္ဝန္ထမ္းေကာင္ေလးက ဆိုင္ရွင္ကို အံၾသတႀကီးနဲ႔ ေမးတယ္။ "ဆရာ ဘယ္လိုလုပ္လိုက္တာလဲဗ်ာ ဒီေလာက္ တန္ဖိုးႀကီးတဲ့ အ႐ုပ္ကို ဒီဘာမွမတန္တဲ့ ခ႐ုခြံ ၄ ခုနဲ႔ ဘာလို႔ လဲလိုက္တာလဲ"
ဆိုင္ရွင္က "ေအး ဟုတ္တယ္ မင္းတို႔ငါတို႔ အတြက္ေတာ့ ဒီခ႐ုခြံဟာ ဘာမွတန္ဖိုးမွ မရွိတဲ့ အရာကြ။ ဒါေပမယ့္ ေကာင္ေလးအတြက္ေတာ့ အဖိုးတန္တဲ့ အရာပဲ။
သူ႔အသက္ ငယ္ငယ္ေလးမွာ ပိုက္ဆံအေၾကာင္းကို သူနားလည္မွာ မဟုတ္ဘူး။ တေန႔ သူအသက္ႀကီးလာတဲ့အခါ ပိုက္ဆံအေၾကာင္းကို နားလည္လာလိမ့္မယ္။ အ႐ုပ္ကို ခ႐ုခြံနဲ႔ မဟုတ္ပဲ ပိုက္ဆံနဲ႔ ဝယ္ရမယ့္အေၾကာင္း သူသေဘာေပါက္ လာလိမ့္မယ္။
တခ်ိန္က အဖိုးမတန္နဲ႔ ခ႐ုခြံေတြနဲ႔ အ႐ုပ္ ဝယ္ဖူးတဲ့အေၾကာင္း မွတ္မိေနလိမ့္မယ္။ ငါ့ကိုလည္း မွတ္မိေနလိမ့္မယ္။ အဲဒီအခါမွာ ကမာၻႀကီးဟာ ကိုယ္ခ်င္းစာစိတ္ ရွိတဲ့လူေတြလည္း ရွိေနပါလားလို႔ သူေတြးမိလိမ့္မယ္။ အေကာင္းျမင္စိတ္ေတြ ရလာလိမ့္မယ္။ အဲဒါဟာ အ႐ုပ္ကို ခ႐ုနဲ႔ လဲလိုက္ရတဲ့ အေၾကာင္းပါပဲ" လို႔ ေျပာလိုက္ပါတယ္။ Crd
0 Comments