မျက်မမြင်သူတောင်းစားလေး

တခါက မျက်မမြင်ကောင်လေး တယောက်ဟာ လမ်းဘေးမှာ တောင်းရမ်းနေသတဲ့။ သူ့ရှေ့မှာလဲ ဆိုင်းဘုတ်တခုကို ချထားတယ် "ကျွန်တော်ဟာ မျက်မမြင်တယောက်ပါ။ ပေးကမ်းစွန့်ကြဲကြပါ"

သူတောင်းခံနေပေမယ့်လည်း သူ့ရဲ့ အရှေ့က ခွက်ကလေးထဲမှာ ပိုက်ဆံ အနည်းငယ်သာ ရပါတယ်။

သိပ်မကြာဘူး လူတယောက် လမ်းလျှောက်လာတယ်။ ကောင်လေးကို ကြည့်ပြီးတော့ ကောင်လေးရဲ့ ခွက်ထဲကို ပိုက်ဆံထည့်လိုက်တယ်။ ပြီးတော့ ဆိုင်းဘုတ်ကို တချက် ကြည့်လိုက်တယ်။

ထို့နောက် သူဟာ ဆိုင်းဘုတ်ကို ပြောင်းပြန်လှန်ပြီးတော့ စာတချို့ကို ရေးလိုက်တယ်။ ပြီးတော့မှ ဆိုင်းဘုတ်ကို သူရေးထားတဲ့ဘက်နဲ့ ပြန်ထောင်ထားခဲ့ပြီး ထွက်သွားတယ်။

မကြာပါဘူး။ လမ်းသွားလမ်းလာတွေ ဝိုင်းထည့်ကြတာ ကောင်လေးရဲ့ ပိုက်ဆံခွက်လေး ပြည့်သွားတယ်။ ကောင်လေးက ပိုက်ဆံတွေ ယူပြီး ခွက်ပြန်ချတယ်။

လူတွေက ဆိုင်းဘုတ်ကို ကြည့်လိုက် ကောင်လေးကို ကြည့်လိုက် ပြီးတော့ ပိုက်ဆံအိတ်ကို နှိုက်ပြီးတော့ ပိုက်ဆံတွေ လှူကြပါတယ်။ ပိုက်ဆံခွက်ကလေးလည်း ပြည့်သွားတာပေါ့။

ညနေရောက်တော့ မနက်ကလူ ပြန်ရောက်လာတယ်။ ကောင်လေးကလည်း ထိုလူရဲ့ အနံ့ကို မှတ်မိတယ်။ အဲဒါနဲ့ မေးတယ် "ခင်ဗျား ကျွန်တော့်ဆိုင်းဘုတ်မှာ ဘာတွေရေးခဲ့လို့ ကျွန်တော် ပိုရတာလဲ" လို့ပေါ့။

ထိုလူကတော့ "ဒီနေ့သည် သာယာသောနေ့တနေ့ ဖြစ်မည်။ ငှက်ကလေးတွေ ပျံနေကြသည်။ ပန်းပွင့်လေးတွေလည်း ပွင့်နေကြပြီး နေမင်းကလည်း အလင်းရောင် ဖြန့်ကျက်နေသည်။

ဒါပေမယ့် ထိုအရာများကို ကျွန်ုပ်မမြင်ရပါ။ ကျွန်ုပ်မှာ လူကြီးမင်းတို့ ပေးမှကမ်းမှ စားရမည့် မျက်မမြင်တယောက် ဖြစ်ပါသည်" လို့ ရေးထားတာလို့ ပြန်ဖြေလိုက်သတဲ့။

ပြောချင်တာကတော့ ဆိုလိုရင်းကတော့ တူညီပေမယ့် ပြောပုံဆိုပုံခြင်း ကွာတာကို ပြချင်တာပါ။ စကားအပြောအဆို သတိမူနိုင်ကြပါစေ။ မေတ္တာဓါတ်များ ပွားများနိုင်ပါစေ။ မောင်စိုင်း

မ်က္မျမင္သူေတာင္းစားေလး

တခါက မ်က္မျမင္ေကာင္ေလး တေယာက္ဟာ လမ္းေဘးမွာ ေတာင္းရမ္းေနသတဲ့။ သူ႔ေရွ႕မွာလဲ ဆိုင္းဘုတ္တခုကို ခ်ထားတယ္ "ကြၽန္ေတာ္ဟာ မ်က္မျမင္တေယာက္ပါ။ ေပးကမ္းစြန႔္ႀကဲၾကပါ"

သူေတာင္းခံေနေပမယ့္လည္း သူ႔ရဲ႕ အေရွ႕က ခြက္ကေလးထဲမွာ ပိုက္ဆံ အနည္းငယ္သာ ရပါတယ္။

သိပ္မၾကာဘူး လူတေယာက္ လမ္းေလွ်ာက္လာတယ္။ ေကာင္ေလးကို ၾကည့္ၿပီးေတာ့ ေကာင္ေလးရဲ႕ ခြက္ထဲကို ပိုက္ဆံထည့္လိုက္တယ္။ ၿပီးေတာ့ ဆိုင္းဘုတ္ကို တခ်က္ ၾကည့္လိုက္တယ္။

ထို႔ေနာက္ သူဟာ ဆိုင္းဘုတ္ကို ေျပာင္းျပန္လွန္ၿပီးေတာ့ စာတခ်ိဳ႕ကို ေရးလိုက္တယ္။ ၿပီးေတာ့မွ ဆိုင္းဘုတ္ကို သူေရးထားတဲ့ဘက္နဲ႔ ျပန္ေထာင္ထားခဲ့ၿပီး ထြက္သြားတယ္။

မၾကာပါဘူး။ လမ္းသြားလမ္းလာေတြ ဝိုင္းထည့္ၾကတာ ေကာင္ေလးရဲ႕ ပိုက္ဆံခြက္ေလး ျပည့္သြားတယ္။ ေကာင္ေလးက ပိုက္ဆံေတြ ယူၿပီး ခြက္ျပန္ခ်တယ္။

လူေတြက ဆိုင္းဘုတ္ကို ၾကည့္လိုက္ ေကာင္ေလးကို ၾကည့္လိုက္ ၿပီးေတာ့ ပိုက္ဆံအိတ္ကို ႏႈိက္ၿပီးေတာ့ ပိုက္ဆံေတြ လႉၾကပါတယ္။ ပိုက္ဆံခြက္ကေလးလည္း ျပည့္သြားတာေပါ့။

ညေနေရာက္ေတာ့ မနက္ကလူ ျပန္ေရာက္လာတယ္။ ေကာင္ေလးကလည္း ထိုလူရဲ႕ အနံ႔ကို မွတ္မိတယ္။ အဲဒါနဲ႔ ေမးတယ္ "ခင္ဗ်ား ကြၽန္ေတာ့္ဆိုင္းဘုတ္မွာ ဘာေတြေရးခဲ့လို႔ ကြၽန္ေတာ္ ပိုရတာလဲ" လို႔ေပါ့။

ထိုလူကေတာ့ "ဒီေန႔သည္ သာယာေသာေန႔တေန႔ ျဖစ္မည္။ ငွက္ကေလးေတြ ပ်ံေနၾကသည္။ ပန္းပြင့္ေလးေတြလည္း ပြင့္ေနၾကၿပီး ေနမင္းကလည္း အလင္းေရာင္ ျဖန႔္က်က္ေနသည္။

ဒါေပမယ့္ ထိုအရာမ်ားကို ကြၽႏ္ုပ္မျမင္ရပါ။ ကြၽႏ္ုပ္မွာ လူႀကီးမင္းတို႔ ေပးမွကမ္းမွ စားရမည့္ မ်က္မျမင္တေယာက္ ျဖစ္ပါသည္" လို႔ ေရးထားတာလို႔ ျပန္ေျဖလိုက္သတဲ့။

ေျပာခ်င္တာကေတာ့ ဆိုလိုရင္းကေတာ့ တူညီေပမယ့္ ေျပာပုံဆိုပုံျခင္း ကြာတာကို ျပခ်င္တာပါ။ စကားအေျပာအဆို သတိမူႏိုင္ၾကပါေစ။ ေမတၱာဓါတ္မ်ား ပြားမ်ားႏိုင္ပါေစ။ ေမာင္စိုင္း

Post a Comment

0 Comments