ကလေးတွေကို သင်ကြားပေးတဲ့ တန်ဖိုးရှိသင်ခန်းစာတွေ အများကြီးထဲကမှ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်အောင် သင်ကြားပေးတဲ့ သင်ခန်းစာကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်အောင် သင်ကြားပေးမယ်ဆိုရင် အနာဂတ်မှာ အများကြီးစိတ်ချရပြီး အကျိုးရှိစေမှာပါ။

၁။ အိမ်ပြန်တဲ့အခါ ကလေးတွေကို လမ်းပြဖို့အခွင့်အရေးပေးပါ။

အိမ်ပြန်တဲ့အခါ သို့မဟုတ် ကားဆီကို သွားတဲ့အခါ မိဘက ဦးဆောင်မခေါ်သွားဘဲ ကလေးကို လမ်းပြခိုင်းပါ။ အဲဒီအခါ ကလေးက လမ်းတွေကို မှတ်တတ်သွားပြီး မှတ်ဉာဏ်လည်း တိုးတက်လာစေပါတယ်။ ဈေးဝယ်သွားတဲ့အခါ၊ အလည်သွားတဲ့အခါ၊ လမ်းလျှောက်ထွက်တဲ့အခါတွေမှာလည်း ကလေးကို ဦးဆောင်ပြီး သွားဖို့ အခွင့်အရေးပေးပါ။

၂။ အိမ်လိပ်စာနဲ့ နာမည်အပြည့်အစုံကို ပြောပြထားပါ။

အချို့ကလေးတွေက သူတို့ရဲ့အိမ်နာမည်ကိုသာ သိပြီး နာမည်အရင်းကို မပြောပြတတ်ပါဘူး။ အဲဒါကြောင့် ကလေးရဲ့နာမည်အရင်း၊ မိဘနာမည်၊ အိမ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ကလေးသိစေဖို့အတွက် ပြောပြထားပေးသင့်ပါတယ်။

ဒီလိုမျိုးသိထားခြင်းက ကလေးအတွက် အများကြီးအထောက်အကူဖြစ်စေပြီး ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုလည်း တိုးပွားစေပါတယ်။

၃။ အိမ်မှုကိစ္စတွေကို တာဝန်ပေးပါ။

ကလေးအရွယ်က ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်အောင်၊ အခြားသူတွေကို ကူညီတတ်အောင် သင်ကြားပေးဖို့ အကောင်းဆုံးအရွယ်ပါပဲ။ ကလေးတွေ အိမ်မှုကိစ္စလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်အောင် သူတို့လက်လှမ်းမီတဲ့နေရာကနေ စတင်လေ့ကျင့်ပေးလို့ရပါတယ်။

ပန်းကန်ဆေးတဲ့နေရာမြင့်နေရင် နိမ့်တဲ့နေရာမှာ ပန်းကန်ဆေးလို့ရအောင် ဖန်တီးပေးတာ၊ အိမ်သန့်ရှင်းရေး အတူတူလုပ်တာ၊ အဝတ်တွေကို သိမ်းတာ စတဲ့အရာတွေကနေ စတင်သင်ကြားပေးနိုင်ပါတယ်။

၄။ အလုပ်တွေလုပ်ဖို့အတွက် ခဏခဏ သတိမပေးသင့်ပါဘူး။

ကလေးတွေကို အိမ်အလုပ်လုပ်ဖို့အတွက် ခဏခဏ သတိပေးနေရင် မိဘတွေပြောမှသာ လုပ်ဖြစ်ပါတော့တယ်။ "ပန်းကန်တွေ ဆေးဖို့ မမေ့နဲ့နော်" လို့ ခဏခဏပြောနေရင် ကလေးတွေက သတိပေးမှသာ လုပ်တဲ့အကျင့် ပါသွားပါတော့တယ်။ အဲဒါကြောင့် ခဏခဏသတိမပေးဘဲ အသိစိတ်နဲ့ကိုယ်တိုင်လုပ်အောင် လေ့ကျင့်ပေးတဲ့အခါ ကိုယ့်အားကိုယ်ကိုးတဲ့အကျင့် ရရှိသွားမှာပါ။

၅။ ရွေးချယ်ခွင့်ပေးပါ။

ကလေးတွေကို သူတို့ကြိုက်တဲ့မုန့်တွေ၊ ဝတ်မယ့်အဝတ်အစားတွေ၊ အရောင်တွေကို ရွေးတဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတတ်အောင် သင်ကြားပေးနိုင်ပါတယ်။ လူကြီးမိဘတွေက နေရာတကာမရွေးဘဲ သူတို့စိတ်ကြိုက်ရွေးချယ်ဆုံးဖြတ်တာက ကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ်အားကိုးမှုတွေ တိုးလာစေပါတယ်။

ဒါ့အပြင် သူတို့ရဲ့မုန့်ဖိုးတွေအကြောင်း၊ ငွေစုတဲ့အကြောင်းတွေ ရှင်းပြပေးတာက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ အထောက်အကူဖြစ်စေမှာပါ။

၆။ အခြားသူကို အားကိုးစရာမလိုတဲ့ကစားနည်းများ

ကလေးတွေကို ကိုယ့်အားကိုယ်နိုင်မယ့်ကစားနည်းတွေကို အသက် ၁နှစ်အရွယ်ကနေစပြီး ကစားခိုင်းလို့ရနေပါပြီ။ အသက် ၄ နှစ်အရွယ်ခန့်ရောက်တဲ့အခါ အစောကြီးနိုးနေရင် အခြားသူတွေ မထခင် တစ်ယောက်တည်းဆော့နေလို့ရမယ့် ကစားနည်းတွေကို သင်ပေးနိုင်ပါပြီ။

တစ်ယောက်တည်း ဆော့ရတဲ့ကစားနည်းတွေက ကလေးတွေကို စိတ်တည်ငြိမ်စေပြီး စိတ်ရှည်စေဖို့သင်ကြားပြီးသားလည်း ဖြစ်စေပါတယ်။

Zombie (lovemedia)

for zawgyi

ကေလးေတြ ကိုယ့္အားကိုယ္ကိုးတတ္ေအာင္ ေလ့က်င့္ေပးႏိုင္မယ့္အခ်က္ (၆) ခ်က္

ကေလးေတြကို သင္ၾကားေပးတဲ့ တန္ဖိုးရွိသင္ခန္းစာေတြ အမ်ားႀကီးထဲကမွ ကိုယ့္ကိုယ္ကိုယ္ အားကိုးတတ္ေအာင္ သင္ၾကားေပးတဲ့ သင္ခန္းစာကလည္း တစ္ခုအပါအဝင္ပဲျဖစ္ပါတယ္။

ကေလးေတြကို ငယ္စဥ္ကတည္းက ကိုယ့္ကိုယ္ကိုယ္ အားကိုးတတ္ေအာင္ သင္ၾကားေပးမယ္ဆိုရင္ အနာဂတ္မွာ အမ်ားႀကီးစိတ္ခ်ရၿပီး အက်ိဳးရွိေစမွာပါ။

၁။ အိမ္ျပန္တဲ့အခါ ကေလးေတြကို လမ္းျပဖို႔အခြင့္အေရးေပးပါ။

အိမ္ျပန္တဲ့အခါ သို႔မဟုတ္ ကားဆီကို သြားတဲ့အခါ မိဘက ဦးေဆာင္မေခၚသြားဘဲ ကေလးကို လမ္းျပခိုင္းပါ။ အဲဒီအခါ ကေလးက လမ္းေတြကို မွတ္တတ္သြားၿပီး မွတ္ဉာဏ္လည္း တိုးတက္လာေစပါတယ္။ ေဈးဝယ္သြားတဲ့အခါ၊ အလည္သြားတဲ့အခါ၊ လမ္းေလွ်ာက္ထြက္တဲ့အခါေတြမွာလည္း ကေလးကို ဦးေဆာင္ၿပီး သြားဖို႔ အခြင့္အေရးေပးပါ။

၂။ အိမ္လိပ္စာနဲ႔ နာမည္အျပည့္အစုံကို ေျပာျပထားပါ။

အခ်ိဳ႕ကေလးေတြက သူတို႔ရဲ႕အိမ္နာမည္ကိုသာ သိၿပီး နာမည္အရင္းကို မေျပာျပတတ္ပါဘူး။ အဲဒါေၾကာင့္ ကေလးရဲ႕နာမည္အရင္း၊ မိဘနာမည္၊ အိမ္လိပ္စာ၊ ဖုန္းနံပါတ္တို႔ကို ကေလးသိေစဖို႔အတြက္ ေျပာျပထားေပးသင့္ပါတယ္။

ဒီလိုမ်ိဳးသိထားျခင္းက ကေလးအတြက္ အမ်ားႀကီးအေထာက္အကူျဖစ္ေစၿပီး ကိုယ့္ကိုယ့္ကိုယ္ယုံၾကည္မႈလည္း တိုးပြားေစပါတယ္။

၃။ အိမ္မႈကိစၥေတြကို တာဝန္ေပးပါ။

ကေလးအ႐ြယ္က ကိုယ့္ကိုယ္ကိုယ္ တာဝန္ယူတတ္ေအာင္၊ အျခားသူေတြကို ကူညီတတ္ေအာင္ သင္ၾကားေပးဖို႔ အေကာင္းဆုံးအ႐ြယ္ပါပဲ။ ကေလးေတြ အိမ္မႈကိစၥလုပ္တဲ့အခါ ကိုယ့္ကိုယ္ကိုယ္အားကိုးတတ္ေအာင္ သူတို႔လက္လွမ္းမီတဲ့ေနရာကေန စတင္ေလ့က်င့္ေပးလို႔ရပါတယ္။

ပန္းကန္ေဆးတဲ့ေနရာျမင့္ေနရင္ နိမ့္တဲ့ေနရာမွာ ပန္းကန္ေဆးလို႔ရေအာင္ ဖန္တီးေပးတာ၊ အိမ္သန႔္ရွင္းေရး အတူတူလုပ္တာ၊ အဝတ္ေတြကို သိမ္းတာ စတဲ့အရာေတြကေန စတင္သင္ၾကားေပးႏိုင္ပါတယ္။

၄။ အလုပ္ေတြလုပ္ဖို႔အတြက္ ခဏခဏ သတိမေပးသင့္ပါဘူး။

ကေလးေတြကို အိမ္အလုပ္လုပ္ဖို႔အတြက္ ခဏခဏ သတိေပးေနရင္ မိဘေတြေျပာမွသာ လုပ္ျဖစ္ပါေတာ့တယ္။ "ပန္းကန္ေတြ ေဆးဖို႔ မေမ့နဲ႔ေနာ္" လို႔ ခဏခဏေျပာေနရင္ ကေလးေတြက သတိေပးမွသာ လုပ္တဲ့အက်င့္ ပါသြားပါေတာ့တယ္။ အဲဒါေၾကာင့္ ခဏခဏသတိမေပးဘဲ အသိစိတ္နဲ႔ကိုယ္တိုင္လုပ္ေအာင္ ေလ့က်င့္ေပးတဲ့အခါ ကိုယ့္အားကိုယ္ကိုးတဲ့အက်င့္ ရရွိသြားမွာပါ။

၅။ ေ႐ြးခ်ယ္ခြင့္ေပးပါ။

ကေလးေတြကို သူတို႔ႀကိဳက္တဲ့မုန႔္ေတြ၊ ဝတ္မယ့္အဝတ္အစားေတြ၊ အေရာင္ေတြကို ေ႐ြးတဲ့အခါ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်တတ္ေအာင္ သင္ၾကားေပးႏိုင္ပါတယ္။ လူႀကီးမိဘေတြက ေနရာတကာမေ႐ြးဘဲ သူတို႔စိတ္ႀကိဳက္ေ႐ြးခ်ယ္ဆုံးျဖတ္တာက ကေလးေတြအတြက္ ကိုယ့္ကိုယ္ကိုယ္အားကိုးမႈေတြ တိုးလာေစပါတယ္။

ဒါ့အျပင္ သူတို႔ရဲ႕မုန႔္ဖိုးေတြအေၾကာင္း၊ ေငြစုတဲ့အေၾကာင္းေတြ ရွင္းျပေပးတာက ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်ဖို႔ အေထာက္အကူျဖစ္ေစမွာပါ။

၆။ အျခားသူကို အားကိုးစရာမလိုတဲ့ကစားနည္းမ်ား

ကေလးေတြကို ကိုယ့္အားကိုယ္ႏိုင္မယ့္ကစားနည္းေတြကို အသက္ ၁ႏွစ္အ႐ြယ္ကေနစၿပီး ကစားခိုင္းလို႔ရေနပါၿပီ။ အသက္ ၄ ႏွစ္အ႐ြယ္ခန႔္ေရာက္တဲ့အခါ အေစာႀကီးႏိုးေနရင္ အျခားသူေတြ မထခင္ တစ္ေယာက္တည္းေဆာ့ေနလို႔ရမယ့္ ကစားနည္းေတြကို သင္ေပးႏိုင္ပါၿပီ။

တစ္ေယာက္တည္း ေဆာ့ရတဲ့ကစားနည္းေတြက ကေလးေတြကို စိတ္တည္ၿငိမ္ေစၿပီး စိတ္ရွည္ေစဖို႔သင္ၾကားၿပီးသားလည္း ျဖစ္ေစပါတယ္။

Zombie (lovemedia)