ဝက်ခြံက ရုပ်ရည်သွင်ပြင်ကို သာမက စိတ်ကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဝက်ခြံနဲ့ ပတ်သက်လို့ မေ့မထား သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။
7. အစားအသောက် မှားယွင်းမှုကြောင့်လည်း ဝက်ခြံပေါက်ပါတယ်။
အရင်တုန်းက အစားအသောက်ကြောင့် ဝက်ခြံ မပေါက်ဘူးလို့ ပြောပါတယ်။ တကယ်တော့ အစားအသောက်ကြောင့်လည်း ဝက်ခြံ ဖြစ်ပါတယ်။ သကြားက အင်ဆူလင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ အင်ဆူလင်တွေ များလာရင် ဝက်ခြံ ဖြစ်လာစေ ပါတယ်။ ပေါင်မုန့်၊ ဆိုဒါ၊ ချောကလက်၊ ဘီယာတွေကို ရှောင်သင့်ပါတယ်။ နွားနို့ကြောင့်လည်း ဝက်ခြံ ဖြစ်ပါတယ်။
- သကြား ပါဝင်မှုနည်းတဲ့ ပေါင်မုန့်ကြမ်း၊ သီဟိုဠ်စေ့၊ ပန်းမုံလာ၊ သခွားသီးတွေက ဝက်ခြံပွားမှုကို နည်းသွားစေ ပါတယ်။
- ကြက်ဥမှာ ပါဝင်တဲ့ ဇင့်ဓာတ်၊ အသား၊ မှိုနဲ့ ပင်လယ်စာ တွေက အသားအရေကို လှပအောင် ထိန်းသိမ်းနိုင် ပါတယ်။
- Vitamin A က ဝက်ခြံကို ကာကွယ်ပေးနိုင် ပါတယ်။ မုန်လာဥနီ၊ ဂေါ်ဖီထုပ်တွေကို စားပေးသင့် ပါတယ်။
6. ဆေးလိပ် သောက်ခြင်းကြောင့် ဝက်ခြံ မဖြစ်စေ ပါဘူး။
လူအများစုက ဆေးလိပ်သောက်ရင် ဝက်ခြံ ပေါက်တယ်လို့ ထင်နေကြ ပါတယ်။ ဆေးရွက်ကြီးက မကောင်းပေမယ့် ဝက်ခြံ မဖြစ်စေ ပါဘူး။ ဆေးလိပ်သောက်ခြင်းက အသားအရေ အတွက်တော့ မကောင်းပါဘူး။ ဆေးလိပ်ဖြတ်ရင် ပိုပြီး ကြည့်ကောင်း လာတာကိုတော့ တွေ့ရမှာပါ။ ဆေးလိပ် ဖြတ်လိုက်ရင် အရေပြားဆီ အောက်ဆီဂျင် ပိုရောက်တဲ့ အတွက်ပါ။
5. အလှအပ ပစ္စည်းတွေကြောင့် ဝက်ခြံမဖြစ်စေပါဘူး။
အလှအပ ပစ္စည်းတွေကြောင့်လည်း ဝက်ခြံပေါက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် Alcohol နဲ့ အဆီပါဝင်တဲ့ အလှအပ ပစ္စည်းတွေကို မသုံးသင့် ပါဘူး။ Alcohol က အသားအရေကို ခြောက်သွေ့စေပြီး ဝက်ခြံကို ပွားစေ ပါတယ်။ အဆီတွေက မွေးညင်းပေါက်တွေကို ပိတ်စေ ပါတယ်။ ရှားစောင်းလက်ပတ်၊ ဗီတာမင် A၊ အမိုင်နိုအက်ဆစ် ပါဝင်တဲ့ အလှအပ ပစ္စည်းတွေက ဝက်ခြံ မဖြစ်စေတဲ့ အပြင် ကော်လဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးလို့ အသားအရေ အတွက် ကောင်းပါတယ် ။
4. နေပူဆာလှုံရင် ဝက်ခြံတွေ ပိုဖြစ်စေပါတယ်။
ခရမ်းလွန်ရောင်ခြည်တွေက အဆီဂလင်းတွေကို အလုပ် လုပ်စေပြီး ဝက်ခြံတွေကို ပိုအားပေး ပါတယ်။ အဲဒါကြောင့် ဝက်ခြံပေါက်နေရင် နေပူဆာ မလှုံသင့်ပါဘူး။ Suncream ကို လိမ်းပေးရင် နေပူဒဏ်ကို ကာကွယ် ပေးပြီး ဝက်ခြံလည်း ပေါက်ဖို့ နည်းသွားပါတယ်။
3. စိတ်ဖိစီးမှုကြောင့် ဝက်ခြံ မဖြစ်စေပါဘူး။
ဝက်ခြံတွေ ထွက်လာ တာက စိတ်ဖိအားများလို့ မဟုတ်ပါဘူး။ ဝက်ခြံ ရှိနေပြီးသား ဆိုရင်တော့ စိတ်ဖိစီးမှု များလာတဲ့ အခါ ဝက်ခြံပျောက်ဖို့ ခက်သွားမှာပါ
2. မျက်နှာ ခဏခဏ သစ်လို့ ဝက်ခြံ မပျောက်သွားပါဘူး။
အဆီတွေ၊ ဖုန်မှုန့်တွေက မွေးညှင်းပေါက်တွေကို ပိတ်နေတဲ့ အတွက် ဝက်ခြံဖြစ်စေပါတယ်။ ဒါပေမယ့် မျက်နှာ ခဏခဏ သစ်လို့လည်း ဝက်ခြံတွေ မနည်းသွားပါဘူး။ မျက်နှာသစ်တဲ့ ပစ္စည်းတွေက အသားအရေကို ပိုထိခိုက်စေ ပါတယ်။ ဝက်ခြံ ပေါက်နေရင် မျက်နှာကို ပဝါနဲ့ မသုတ်သင့် ပါဘူး။ ပဝါနဲ့ အုပ်ထားပေးရင် ရပါပြီ။ ဆာလဖိတ် (SMS, SLES) ပါဝင်တဲ့ ဆပ်ပြာတွေက အသားအရေကို ခြောက်သွေ့စေပါတယ်။
1. သွားတိုက်ဆေးက ဝက်ခြံကို မပျောက်စေ ပါဘူး။
သွားတိုက်ဆေးမှာ မုန့်ဖုတ်ဆော်ဒါ၊ ရနံ့ဆီ၊ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်၊ ပရုတ်အေး စတာတွေ ပါဝင်တာကြောင့် ဝက်ခြံကို ခြောက်စေ ပါတယ် ။ ဒါပေမယ့် သွားတိုက်ဆေးက မျက်နှာ အသားအရေကို ပွန်းစေပါတယ်။ Benzoyl peroxide ကို အခြေခံပြီး ထုတ်လုပ် ထားတဲ့ ဝက်ခြံပျောက်ဆေး ကိုသာ သုံးသင့်ပါတယ်။
ဝက်ခြံကို ညှစ်တာ မကောင်း ပါဘူး။ ဝက်ခြံထဲမှာ ပိုးတွေ အများကြီး ပါပါတယ်။ ဝက်ခြံကို ညှစ်တဲ့အခါ လက်မှာပါတဲ့ ဘက်တီးရီးယား တွေကြောင့် ပိုဆိုးသွားပြီး ရောင်လာနိုင် ပါတယ်။ ဝက်ခြံကို ဖယ်မယ်ဆိုရက် သွားနှုတ်ရာမှာ သုံးတဲ့ ပိုးမျှင်၊ ခြစ်တဲ့ ကိရိယာတွေကို သုံးနိုင်ပါတယ်။ ဝက်ခြံကို ဖယ်ပြီးတဲ့အခါ ဆေးထည့်သင့် ပါတယ်။
Zombie (Lovemedia)
for zawgyi
ဝက်ခြံနဲ့ ပတ်သက်ပီး သိထားတဲ့ အချက် (၇) ချက်
Zombie (Lovemedia)
0 Comments