၁၅ နှစ်ကြာ နာမကျန်းခွင့်ယူပြီး လစာမရလို့ ကုမ္ပဏီကို တရားစွဲတဲ့အမျိုးသား

အင်္ဂလန်နိုင်ငံမှာ IT ဝန်ထမ်းတစ်ယောက်က ကုမ္ပဏီကနေ နာမကျန်းခွင့် ၁၅ နှစ်ယူခဲ့ပြီး ခွင့်ယူတဲ့ကာလမှာ သူ့ကို လစာမပေးလို့ ကုမ္ပဏီကို တရားစွဲခဲ့ပါတယ်။

Ian Clifford ဆိုတဲ့ IT ဝန်ထမ်းတစ်ယောက်ဟာ IBM ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းတာကြောင့် ကုမ္ပဏီကနေ နာမကျန်းခွင့်ယူခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာလည်း သွေးကင်ဆာအဆင့် ၄ကို ရောက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုံးမတက်ဘဲ ခွင့်ဆက်ယူနေဆဲပါပဲ။ Ian Clifford ဟာ ခွင့်ယူနေချိန်မှာ သူ့ကို လစာမပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲလိုက်တာပါ။

IBM ကုမ္ပဏီက Ian Clifford ကို အလုပ်မလုပ်နိုင်ရင်တောင် လစာရဲ့ ၇၅ ရာခိုင်နှုန်းကို ပေးမယ့်လို့ သဘောတူညီမှု လုပ်ထားခဲ့တာပါ။ Ian Clifford က ကုမ္ပဏီကနေ အလုပ်လည်း မထွက်၊ အလုပ်လည်း မလာဘဲ နှစ်ပေါင်းများစွာနေဖို့ စီစဉ်ခဲ့ပါတယ်။ အစီအစဉ်အရ သူ့ရဲ့အသက် ၆၅ နှစ်အထိ တစ်နှစ်ကို ဒေါ်လာ ၆၇၇၃၂ တောင် ရရှိနေမှာပါ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ Ian Clifford က IBM ကုမ္ပဏီကို တရားစွဲလိုက်ပါတယ်။ သူ့ကို ခွဲခြားဆက်ဆံပြီး လစာမပေးတာကြောင့်လည်း ဆိုထားပါသေးတယ်။

တရားသူကြီးကတော့ သူ့ရဲ့အမှုကို ပယ်ချလိုက်ပါတယ်။ Ian Clifford မှာ တက္ကသိုလ်တက်နေတဲ့သားတစ်ယောက်နဲ့ မိသားစုကို ကြည့်ရှုစောင့်ရှောက်ဖို့ လိုအပ်တာကြောင့် ဒီလိုတရားစွဲရတယ်လို့ ဖော်ပြထားပါတယ်။

Zombie (lovemedia)

for zawgyi

၁၅ ႏွစ္ၾကာ နာမက်န္းခြင့္ယူၿပီး လစာမရလို႔ ကုမၸဏီကို တရားစြဲတဲ့အမ်ိဳးသား

အဂၤလန္ႏိုင္ငံမွာ IT ဝန္ထမ္းတစ္ေယာက္က ကုမၸဏီကေန နာမက်န္းခြင့္ ၁၅ ႏွစ္ယူခဲ့ၿပီး ခြင့္ယူတဲ့ကာလမွာ သူ႔ကို လစာမေပးလို႔ ကုမၸဏီကို တရားစြဲခဲ့ပါတယ္။

Ian Clifford ဆိုတဲ့ IT ဝန္ထမ္းတစ္ေယာက္ဟာ IBM ကုမၸဏီမွာ အလုပ္လုပ္ခဲ့ပါတယ္။ ၂၀၀၈ ခုႏွစ္ စက္တင္ဘာလမွာ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးမေကာင္းတာေၾကာင့္ ကုမၸဏီကေန နာမက်န္းခြင့္ယူခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွာလည္း ေသြးကင္ဆာအဆင့္ ၄ကို ေရာက္ေနတယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ႐ုံးမတက္ဘဲ ခြင့္ဆက္ယူေနဆဲပါပဲ။ Ian Clifford ဟာ ခြင့္ယူေနခ်ိန္မွာ သူ႔ကို လစာမေပးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တရားစြဲလိုက္တာပါ။

IBM ကုမၸဏီက Ian Clifford ကို အလုပ္မလုပ္ႏိုင္ရင္ေတာင္ လစာရဲ႕ ၇၅ ရာခိုင္ႏႈန္းကို ေပးမယ့္လို႔ သေဘာတူညီမႈ လုပ္ထားခဲ့တာပါ။ Ian Clifford က ကုမၸဏီကေန အလုပ္လည္း မထြက္၊ အလုပ္လည္း မလာဘဲ ႏွစ္ေပါင္းမ်ားစြာေနဖို႔ စီစဥ္ခဲ့ပါတယ္။ အစီအစဥ္အရ သူ႔ရဲ႕အသက္ ၆၅ ႏွစ္အထိ တစ္ႏွစ္ကို ေဒၚလာ ၆၇၇၃၂ ေတာင္ ရရွိေနမွာပါ။

၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာေတာ့ Ian Clifford က IBM ကုမၸဏီကို တရားစြဲလိုက္ပါတယ္။ သူ႔ကို ခြဲျခားဆက္ဆံၿပီး လစာမေပးတာေၾကာင့္လည္း ဆိုထားပါေသးတယ္။

တရားသူႀကီးကေတာ့ သူ႔ရဲ႕အမႈကို ပယ္ခ်လိုက္ပါတယ္။ Ian Clifford မွာ တကၠသိုလ္တက္ေနတဲ့သားတစ္ေယာက္နဲ႔ မိသားစုကို ၾကည့္ရႈေစာင့္ေရွာက္ဖို႔ လိုအပ္တာေၾကာင့္ ဒီလိုတရားစြဲရတယ္လို႔ ေဖာ္ျပထားပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments