ပီရူးနိုင်ငံက သူခိုးသုံးယောက်ဟာ နိုင်ငံတကာသတင်းရဲ့ ခေါင်းကြီးပိုင်းမှာ ပါတဲ့အထိ သူတို့ရဲ့အမှုက နာမည်ကြီးသွားခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ ဖိနပ်ဆိုင်တစ်ဆိုင်ထဲက အမျိုးအစားမတူတဲ့ဖိနပ်အရံ ၂၂၀ ကို ဝင်ခိုးခဲ့ပါတယ်။ ဒါပေမယ့် ခိုးခဲ့သမျှ ဖိနပ်တွေအားလုံးဟာ ညာဘက်ဖိနပ်တွေပဲ ဖြစ်နေခဲ့တာကြောင့်ပါ။

ဒီလိုရယ်စရာကောင်းတဲ့ပြစ်မှုကတော့ ပီရူးနိုင်ငံမှာ ဧပြီလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ သူတို့က အားကစားဖိနပ်ဆိုင်ထဲကို မနက် ၃ နာရီခွဲလောက်က ဝင်ခိုးကြပါတယ်။

တွေ့သမျှ ဖိနပ်ဘူးတွေအားလုံးကို ကောက်ထည့်ပြီး ခိုးလာကြပါတယ်။ ဒါပေမယ့် သူတို့ခိုးလာသမျှ ဖိနပ်တွေအားလုံးဟာ ညာဖက်ဖိနပ်တွေပဲ ဖြစ်တယ်ဆိုတာကို သူတို့သုံးယောက်လုံး သတိမထားမိကြပါဘူး။

ဆိုင်ရှင်ကလည်း အရမ်းပါးနပ်တာကြောင့် ဖိနပ်ဘူးတွေထဲမှာ ညာဘက်ဖိနပ်တွေပဲ ထည့်ထားခဲ့ပါတယ်။ သူခိုးတွေ သူတို့ခိုးသမျှ အရာမထင်နိုင်ဘူးဆိုတာကို အာဏာပိုင်တွက သိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘက်မစုံတဲ့ ဖိနပ်ကို မှောင်ခိုဈေးမှာ သွားရောင်းရင်တောင် ဘယ်သူမှ ဝယ်မှာမဟုတ်လို့ပါ။

ဒီဖိနပ်ဆိုင်က ဖွင့်တာမကြာသေးပါဘူး။ ဒါပေမယ့် မကြာသေးခင်ကလည်း ဆိုင်ကို ဖောက်ထွင်းခံရပြီးပါပြီ။ ဧပြီလလယ်မှာတော့ ဖိနပ်ခိုးသွားတဲ့ သူခိုးသုံးယောက်ထဲက တစ်ယောက်ကို ဖိနပ်အိတ် ၆ အိတ်နဲ့အတူ ဖမ်းမိသွားခဲ့ပါတယ်။

vdo

Zombie (lovemedia)

for zawgyi

ဖိနပ်အရံပေါင်း ၂၂၀ ကို ခိုးခဲ့ပေမယ့် ညာဘက်ဖိနပ်တွေကိုပဲ ခိုးခဲ့မိတဲ့ သူခိုး ၃ ယောက်





Zombie (lovemedia)