Facebook ရဲ့ founder ကတော့ အရာရာမှာ ထူးချွန်ကြောင်းကို မကြာခင်က သက်သေသွားပြခဲ့ပါတယ်။ Facebook founder Mark Zuckerberg ဟာ ဂျူဂျစ်စုချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ပြီး ရွှေတံဆိပ်စုနဲ့ ငွေတံဆိပ်စုကိုပါ ရရှိခဲ့ပါတယ်။
ဒီအကြောင်းကိုတော့ Mark က follower ၁၁ သန်းကျော်ရှိတဲ့ သူ့ရဲ့ instagram မှာ တင်ထားခဲ့တာပါ။ ပုံတွေထဲမှာတော့ Mark က အားမာန်အပြည့်နဲ့ ယှဉ်ပြိုင်နေတာကို တွေ့နိုင်ပါတယ်။
ဂျူဂျစ်စုတံခွန်စိုက်ပြိုင်ပွဲကို ပထမဆုံးယှဉ်ပြိုင်ပြီး ဆုတွေရရှိသွားကြောင်းကိုလည်း ရေးထားပါသေးတယ်။ ဒါ့အပြင် သူ့ရဲ့ trainer တွေကို tag ထားပြီး ကျေးဇူးတင်စကားကိုလည်း ရေးသားထားပါတယ်။
Trainer တွေကလည်း Mark ကို လေ့ကျင့်ပေးဖို့ အခွင့်အရေးရတဲ့အတွက် ဂုဏ်ယူကြောင်း ပြန်လည်ရေးသားထားပါတယ်။
တကယ်တော့ ဒီပြိုင်ပွဲက လုံးဝကို မလွယ်ကူဘဲ အရမ်းကို လေ့ကျင့်ထားတာကြောင့်သာ ဆုတွေရရှိခဲ့တာပါ။
ဒီနှစ်ကတော့ Mark အတွက် အရမ်းကို ထူးခြားတဲ့နှစ်ပါပဲ။ ဒီနှစ်ထဲမှာပဲ ဇနီးဖြစ်သူ Priscillia က တတိယမြောက်သမီးလေးကို မွေးဖွားပေးခဲ့သလို အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် Mark တစ်ယောက် အရမ်းကို ပျော်ရွှင်နေပါတယ်။
Zombie (lovemedia)
for zawgyi
ဂျူဂျစ်စုချန်ပီယံဖြစ်သွားတဲ့ Mark Zuckerberg
Zombie (lovemedia)
0 Comments